ဒေါ်အောင်ဆန်းစုကြည် အတွက် အကောင်းဆုံး မွေးနေ့ လက်ဆောင် အမေရိကန် အထက် လွတ်တော် အမတ် ပြောကြား

Sunday, June 21, 2009 ·

RFA | ၆၄ နှစ်မြောက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် အတွက် အကောင်းဆုံး လက်ဆောင်ဟာ သူအပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံနေရတဲ့ မြန်မာ နိုင်ငံက အကျဉ်းသား တွေကို ပြန်လွှတ်ရေး ပါပဲလို့ အမေရိကန် Republican ပါတီ အထက်လွှတ်တော်အမတ် Mitch McConnell က မနေ့က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် အထက် လွတ်တော် အမတ် Mitch McConnell (Photo: AFP)
Mitch McConnell။ ။“ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ အသက် ၆၄ နှစ် ပြည့်မြောက်ပါပြီ။ ကံမကောင်း အကြောင်းမလှစွာဘဲ သူဟာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ မွေးနေ့ပွဲ မဆင်နွှဲရဘဲ အင်းစိန် ထောင်မှာ ရောက်ရှိ နေပါတယ်။ သူ့ ကျန်းမာရေး ဒေါင်ဒေါင် မြည်နေပုံ မရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အိမ်ကို ဝင်ရောက် လာတဲ့ ဦးတည်ရာမဲ့ အမေရိကန် တဦးကို ခိုနားခွင့် ပေးတယ် ဆိုတဲ့ သံသယ ပွားစရာ စွဲချက်နဲ့ တရားရင်ဆိုင် နေရပါတယ်”


ကုန်လွန်ခဲ့တဲ့ မွေးနေ့ ၁၉ ခု အနက် မွေးနေ့ ၁၃ ခုကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ လွန်မြောက်ခဲ့ရပြီး မြန်မာစစ်အစိုးရက အမှုဆင် စွဲဆိုချက်အရ ပြစ်မှုထင်ရှားရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နာမည်ဆိုးလှတဲ့ အင်းစိန်ထောင်မှာ နောက် မွေးနေ့ ၅ ခုကို ကုန်လွန်ရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရရှိနိုင်တဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်ဟာ စစ်အစိုးရက စိတ်ကောင်း စေတနာကောင်း တချို့ ပြသပြီး ယုံကြည်ချက် အရ ဖမ်းဆီး ထားသူတွေကို ပြန်လွှတ်ပေးရေးပါပဲ။ ကျနော်နဲ့တကွ အပေါင်းအဖော်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ ပြည်သူတွေနဲ့ အတူ ရပ်တည် နေပါတယ်လို့ Mitch McConnell က ပြောသွားပါတယ်။

source by : RFA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */