မြန်မာကိုသွားမည့် မြောက်ကိုရီးယား သင်္ဘောကို အမေရိကန် ဖျက်သင်္ဘော နောက်ယောင်ခံ

Monday, June 22, 2009 ·

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ဦးတည် ခုတ်မောင်းနေသည် ဟုဆိုသော မြောက်ကိုရီးယား ကုန်တင် သင်္ဘော တစင်းကို အမေရိကန် ရေတပ် ဖျက်သင်္ဘောက နောက်ယောင်ခံ လိုက်လျှက်ရှိကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားသည်။

တန်ချိန် ၂၀၀၀ ရှိ ကန်နမ် အမည်ရ သင်္ဘောသည် မြောက်ကိုရီးယား မြို့တော် ပြုံယမ်း အနီး နန်ပို ဆိပ်ကမ်းမှ ဗုဒ္ဓဟူးနေ့က စတင် ထွက်ခွာခဲ့ကြောင်း အမေရိကန် အရာရှိများက ပြောကြား ထားသော်လည်း သင်္ဘောသည် မည်သည့် အရပ်သို့ ဦးတည် ခုတ်မောင်းနေပြီး မည်သည့် ကုန်ပစ္စည်းများ တင်ဆောင်သွားသည်ကို ပြောကြားရန်ကိုမူ ငြင်းဆန်ထားသည်ဟု နယူးယောက်တိုင်းမ် သတင်းစာ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ယခုဖြစ်ရပ်သည် မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ၏ လက်နက်ရောင်းချမှု ပိတ်ပင်ရေးအသစ် ပြုလုပ်ပြီးနောက် အမေရိကန်နှင့် မဟာမိတ်များအတွက် ဗွေဆော်ဦး စမ်းသပ်ချက်တခု ဖြစ်လာသည်။


Fox သတင်းဌာနက အမေရိကန် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်တခုကို ကိုးကား ဖော်ပြထားရာတွင် အမေရိကန် ဖျက်သင်္ဘော ဂျွန် အက်စ် မက်ကိန်းသည် ကြားဖြတ်ဟန့်တားရန် အမိန့်ရလျှင် အရေးယူ ဆောင်ရွက်နိုင်ရန် နေရာယူထားသည်ဟု ပါရှိသည်။

တောင်ကိုရီးယား၏ YTN သတင်းဌာန၏ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် သင်္ဘောသည် မြန်မာနိုင်ငံသို့ ဦးတည်နေသည် ဟုဆိုသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီးယား ထံမှ လက်နက်များ ဝယ်ယူ နေသော နိုင်ငံတခုဖြစ်သလို မြောက်ကိုရီးယား သင်္ဘောများ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ လုပ်ရာတွင် ခရီးတထောက်နားသည့် အရပ်လည်း ဖြစ်သည်။

သင်္ဘောပေါ်တွင် ဒုံးကျည်များ သို့မဟုတ် ဒုံးကျည် အပိုပစ္စည်းများ တင်ဆောင်ထားဖွယ် ရှိသည်ဟု အမေရိကန် အာဏာပိုင်များက သံသယရှိနေကြောင်း အမည်မဖော်ပြထားသော ထောက်လှမ်းရေး သတင်းရပ်ကွက် တခုကို ကိုးကား ဖော်ပြထားသည်။

မြောက်ကိုရီးယားက မြေအောက် နူကလီးယား စမ်းသပ်ဖောက်ခွဲမှုတခု မေ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူရေး ဆုံးဖြတ်ချက်တခုကို ဇွန် ၁၂ ရက်နေ့က ချမှတ်ခဲ့သည်။

ဆုံးဖြတ်ချက်တွင် မြောက်ကိုရီးယား၏ လက်နက်ရောင်းချမှုကို ပိတ်ပင်ရေး ပါဝင်ပြီး သံသယဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယား သင်္ဘောများကို စစ်ဆေးရေးတို့ ပြုလုပ်သွားမှာ ဖြစ်သည်။

မြောက်ကိုရီးယားကတော့ သူ၏သင်္ဘောများကို ကြားဖြတ် ဟန့်တားမှု ပြုလုပ်လျှင် စစ်ကြေညာသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုထားပြီး ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ဗီတို အာဏာပိုင်ရှင် နိုင်ငံတခုဖြစ်သော တရုတ်က မြောက်ကိုရီးယား သင်္ဘောများကို ကြားဖြတ်ဟန့်တားလျှင် အင်အား အသုံးပြုစေလိုခြင်း မရှိဟု ပြောဆိုထားသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */