မိုဘိုင်းဖုန်းများ အီးမေးလ် သုံးနိုင်တော့မည်

Wednesday, June 03, 2009 ·

ဧရာဝတီ | ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းက ထိန်းချုပ် ထားသော သတင်းနှင့် နည်းပညာဗဟိုဌာန (ITCS) က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းကာ သြဂုတ်လမှစတင်၍ မိုဘိုင်းဖုန်းများတွင် အီးမေးလ် အသုံးပြုနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မှလာသော သတင်းများအရ (ITCS) သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းကာ မိုဘိုင်း ဖုန်းများတွင် အီးမေးလ်များ လက်ခံခြင်းနှင့် ပေးပို့ခြင်းများကို အကောင်ထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရှိရသည်။

သို့သော် စာရွက်စာတမ်းများ၊ ဗွီဒီယိုဖိုင်များ၊ ဓာတ်ပုံများကိုမှု ပေးပို့လက်ခံရယူနိုင်ခြင်း မရှိသကဲ့သို့ အဆိုပါ အီးမေးလ် ကိုလည်း (GSM) (CDMA 450 MHZ) အမျိုးအစား မိုဘိုင်းဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ကွန်ပျူတာ နည်းပညာရှင်များက ပြောသည်။

မိုဘိုင်းဖုန်းတွင် အသုံးပြုနိုင်သော အီးမေးလ်များမှာ ဂျီမေးလ်၊ ရာဟူးမေးလ်နှင့် ဟော့ပ်မေးလ်များ ဖြစ်ကြောင်း သိရသည်။

ITCS မိုဘိုင်းဖုန်း အီးမေးလ် ကိုအသုံးပြုလိုသူများအနေဖြင့် ရောင်းချရန်ခွင့်ပြုထားသော ဖုန်းဆိုင်များတွင် ဦးစွာပထမ မှတ်ပုံတင်ရမည်ဖြစ်သည်။

မြန်မာပြည်တွင် အင်တာနက်နှင့် ပတ်သက်၍ အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာ တယ်လီပို့ (ပုဂံနက် (သို့) ပုဂံ ဆိုင်ဘာတက်) တို့က အဓိက ထိန်းချုပ်ထားသည်။

အင်တာနက်တွင် ၀က်ဆိုဒ်များ ၀င်ရောက် ကြည်ရှုခွင့်နှင့် ပတ်သက်၍ မြန်မာပြည်သည် အတင်းကျပ်ဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး နိုင်ငံရေးနှင့် သက်ဆိုင်သော ဘလော့ စာမျက်နှာများ၊ ပြည်ပ အခြေစိုက် မြန်မာ့သတင်း မီဒီယာ ၀က်ဆိုက်ဒ်များကို နည်းပညာ အကူအညီများ အသုံးပြု၍သာ ၀င်ရောက် ကြည့်ရှုနိုင်သည်။

ITCS သည် အစိုးရကဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းက ၂၀၀ရ ခုနှစ်တွင် တည်ထောင်ခဲ့ ခြင်းဖြစ်သည်။

ITCS ကိုနည်းပညာပိုင်းဆိုင်ရာနှင့်ပတ်သက်၍ု တရုတ် Alcatel Shanghai Bell ကုမ္ပဏီက အကူညီပေးခဲ့ပြီး စစ်ဘက် ဆိုင်ရာ အရာရှိများသာ တာဝန် ထမ်းဆောင် ခွင့်ပြုထားသည်။ ၎င်းကုမ္ပဏီ၏ မြန်မာပြည် ကိုယ်စားလှယ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူအများပြောဆိုနေကြသော ဦးတေဇ ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */