ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် ထိုင်း အမျိုးသမီးအမတ်များ တောင်းဆို

Wednesday, June 03, 2009 ·

ဧရာဝတီ | ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်အတွင်း တရား ရင်ဆိုင် နေရသော ဒေါ်အောင်ဆန်း စုကြည်အား အမြန်ဆုံး လွှတ်ပေးရန် အတွက် ထိုင်းနိုင်ငံ အမျိုးသမီး လွှတ်တော် အမတ် ၂၂ ဦးက မြန်မာ စစ်အစိုးရထံ ယနေ့ စာရေး တောင်းဆို လိုက်ကြောင်း သိရသည်။

ယနေ့ရက်စွဲဖြင့် ထိုင်းအမျိုးသမီးလွှတ်တော်အမတ်များက ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်းသား များ အားလုံးကို လွှတ်ပေးရန် အတွက် မြန်မာစစ်အစိုးရထံ စာရေးတောင်းဆိုလိုက်ခြင်းဖြစ်သလို ကြေညာချက် လည်း ထုတ်ပြန်ခဲ့သည်။

“သူ့ရဲ့လုပ်ရပ်တွေကို ယုံကြည်ပါတယ်။ သူ့ကို ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် သနားညှာတာမှု မရှိတဲ့ လုပ်ရပ်တခု ဖြစ်သလို လူအချင်းချင်း ငဲ့ညှာထောက်ထားမှုမရှိတဲ့ လုပ်ရပ်ဖြစ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးတော့ တရားစွဲဆိုတာတွေ လုပ်ပိုင်ခွင့်မရှိပါဘူး” ဟု ထိုင်း အမျိုးသမီး လွှတ်တော် အမတ်များကပြောသည်။

ဆက်လက်၍ ထိုင်းအမျိုးသမီးအမတ်များက ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့ထိုင်း အမျိုးသမီး အမတ်များ အတွက်သာမက ကမ္ဘာတ၀န်းလုံးရှိ ဒီမိုကရေစီတိုက်ပွဲဝင်နေသူများ အားလုံးအတွက် အတုယူစရာကောင်းသည့် အမျိုးသမီးတဦးလည်းဖြစ်သည်ဟု ဆိုသည်။

ယင်းကြေညာချက်တွင် ထိုင်းအမျိုးသမီးလွှတ်တော်အမတ်များက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော် အမတ် ၁၀၀ နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်ကိုလွှတ်ပေး၍ မြန်မာပြည်တွင်တိုးတက်ပြောင်းလဲရေးအတွက် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ထားရာ နေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရားစွဲဆို ခဲ့သည်။

မကြာသေးခင် ရက်ပိုင်းအတွင်း၌ အာဆီယံ လွှတ်တော်အမတ်တချို့သည် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပါက အာဆီယံအတွင်းမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။

ယင်းလုပ်ရပ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ရောက်မယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာစစ်အစိုးရက လုပ်ကြံသည်ဟု မြန်မာ့အရေး လှုပ်ရှားသူများက ယုံကြည်နေကြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */