သံဃာတော်များအား ပြည်ပထွက်ခွင့်ပိတ်

Friday, June 12, 2009 ·

မင်းနိုင်သူ | ပြည်ပထွက်ခွာမည့် သံဃာတော်များအား သာသနာရေး ၀န်ကြီးဌာနက ထောက်ခံချက် ထုတ်မပေး၍ သံဃာတော် များအနေဖြင့် ပြည်ပ ခရီးစဉ်များ ဖျက်သိမ်း နေကြရကြောင်း ရန်ကုန် သံဃာတော် တပါးက ခေတ်ပြိုင်သို့ မိန့်သည်။


“ဘယ်နေ့ကစပြီးတော့ ထောက်ခံချက် မပေးတာလဲဆိုတာ မပြောဘူး။ ဘာကြောင့်လဲလို့မေးတော့ အထက်အမိန့် အရပါလို့ပဲ ပြည်ပသာသနာရေး ဒု-ညွှန်မှူး ဦးအောင်သိန်းညွန့်က ပြောတယ်” ဟု သံဃာတော်က မိန့်ဆိုသည်။


သံဃာတော်များအနေဖြင့် နအဖစစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပသာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူရသည်။

သွားရောက်မည့်နိုင်ငံ၏ သံရုံးများက ယင်းထောက်ခံချက်ပါမှသာ သံဃာတော်များအား ဗီဇာထုတ်ပေးလေ့ရှိရာ ယခုရက်ပိုင်းအတွင်း ထောက်ခံချက် ထုတ်မပေးတော့သဖြင့် သံဃာတော်များ သံရုံးတွင် ဗီဇာရယူနိုင်ခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ ထောက်ခံချက် ထုတ်မပေးရသည့်အကြောင်းကို ကမ္ဘာအေးရှိ ပြည်ပသာသနာရေးဌာနသို့ ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ “ဆရာဦးအောင်သိန်းညွန့် မရှိပါဘူး။ ထောက်ခံချက်ထုတ်မပေးတာ ဟုတ်ပါတယ်။ ဘယ်နေ့ အထိ ဆိုင်းငံ့ထားမယ်ဆိုတာ မသိပါဘူး။ ဘာ့ကြောင့်ဆိုတာလည်း မသိပါဘူး။ အထက်က ညွှန်ကြားချက်အရပါ” ဟု ၀န်ထမ်းတဦးက ဖြေသည်။

ပြည်ပသာသနာရေးဦးစီးဌာနမှ ထောက်ခံချက်ရရန် သံဃာတော်များအနေဖြင့် ကျပ်ငွေ (၅,၀၀၀) နှင့် ကျပ် (၁၀,၀၀၀) အထိ ပေးကမ်းနေကြရသည်ဟုလည်း အထက်ပါသံဃာတော်က မိန့်ဆိုသည်။

ယခင်ရက်ပိုင်းများက ထောက်ခံချက်ရရှိထားကာ သံရုံးများမှ ဗီဇာကျထားပြီး ပြည်ပထွက်ခွာမည့် သံဃာတော် အချို့ကိုလည်း ရန်ကုန်လေဆိပ်ရှိ သတင်းတပ်ဖွဲ့၊ လ၀က၊ စရဖ စသည့် ပူးပေါင်းအဖွဲ့များက ထွက်ခွာခြင်းမပြုရန် တားမြစ်ခဲ့သဖြင့် ယမန်နေ့က သံဃာတော်အချို့ လေယာဉ်လက်မှတ်အဆုံးခံ၍ ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */