ကော့သောင်းတွင် မြေပြို၊ အနည်းဆုံး ၄ ဦး သေ

Thursday, June 04, 2009 ·

ဧရာဝတီ | တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အနည်းဆုံးလူ ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း အများအပြားရှိကြောင်း ကော့သောင်းမြိုခံတဦးက ပြောသည်။

အဆိုပါမြို့ခံက “ကလေးသုံးယောက်နဲ့ သူတို့ရဲ့ အမေတော့ သေသွားတယ်၊ လူ ၇ ယောက်လောက် ကတော့ အခုဆေးရုံမှာ ရောက်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းမြေပြိုမှုသည် ယမန်နေ့ညက ပြင်းထန်သောလေနှင့် သည်းထန်စွာ ရွာသွန်းသောမိုးကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ အဆောက်အအုံများ ပြိုကျခဲ့ပြီး တချို့သောအိမ်များမှာ ရေမြုပ်သွားကာ သစ်ပင်များမှာလည်း ကျိုးကျကုန်ကြောင်း ယင်းမြို့ ခံက ဆက်ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့သည် မြန်မာပြည် တောင်ဘက်အကျဆုံး နေရာတွင်တည်ရှိကာ မြန်မာပြည်၏ အဓိကကျသော ပင်လယ် ဆိပ်ကမ်းမြို့တမြို့ ဖြစ်ပြီး ယင်းမြို့မှတဆင့် မွန်နှင့် မြန်မာလူမျိုးများသည် ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */