ဧရာဝတီ | ယနေ့ နံနက် ၁၀ နာရီခန့်က ရန်ကုန်မြို့ အမေရိကန် သံရုံးရှေ့တွင် မတရား ဖမ်းဆီးခံနေရသည့် ၎င်းတို့ ၏ မိသားစုဝင် ဖခင်ဖြစ်သူအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို ဆန္ဒပြကြသော လူ ၅ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
အဆိုပါ ဆန္ဒပြသူများမှာ မိခင်ဖြစ်သူအမျိုးသမီး နှင့် သားသမီး ၃ ဦး အပါအဝင် စုစုပေါင်း မိသားစုဝင် ၄ ဦးနှင့် တခြားသော အမျိုးသမီး တဦးတို့ ဖြစ်သည်ဟု မျက်မြင်သက်သေ တဦးက ပြောဆိုသည်။
ဆန္ဒပြသူများထဲမှ တဦးက “အဖေ့ကို အမြန်ဆုံး ပြန်လွှတ်ပေးပါ”ဟုရေးထားသည့် စာတန်းပါသော ဆိုင်းဘုတ်ကို ကိုင်ဆောင် ထားသည်ဟုလည်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကလည်း အင်းစိန်ထောင်ရှေ့တွင် လတ်တလော တရားစွဲဆိုခံနေရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆိုင်းဘုတ်ကိုင်တောင်းဆို၍ တကိုယ် တော် ဆန္ဒပြသူ ဦးဇော်ညွန့် ဆိုသူကို လုံခြုံရေး တပ်ဖွဲဝင်များက ဖမ်းဆီးခဲ့သေးသည်။
ယင်း တကိုယ်တော် ဆန္ဒပြသူသည် နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ကြောင်း သိရသည်။
source by : ဧရာဝတီ
အမေရိကန် သံရုံးရှေ့ ဆန္ဒပြသူများ အဖမ်းခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment