ဒေါ်အောင်ဆန်းစုကြည်၏ (၆၄)နှစ်မွေးနေ့အတွက် ရည်စူး၍ ဂျပန်ရောက် မြန်မာများ ဆန်နှင့် အစားအသောက်များ လှူဒါန်း

Wednesday, June 17, 2009 ·

ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်း စုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ မင်္ဂလာ အထိမ်းအမှတ်ကို ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသူ/သားများမှ ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် ထိုင်းနိုင်ငံ၊ တပ်ခရိုင် မဲဆောက်မြို့ ဧရိယာအတွင်း၌ မှီတင်း နေထိုင် နေကြသော မြန်မာနိုင်ငံသူ/သားများကို အလှူအတန်းများ ပြုလုပ် နေလျက်ရှိသည်။

ဇွန်လ ၁၃ ရက်နေ့တွင် မဲဆောက်မြို့ သောင်ရင်း ရပ်ကွပ်ရှိ ရပ်ကွပ်ဏ္ဍပ်၌ လူဦးရေ (၃၀၀)စာ အတွက် အစားအသောက်များ ဖြစ်သည့် ဆန်(၄) ကီလို၊ ငါးသေတ္တာတစ်ဗူး၊ ခေါက်ဆွဲခြောက်(၂) ဆီ ပေးဝေ လှူဒါန်း ကုသိုလ်ပြုခဲ့သည်။


ဇွန်လ ၁၄ ရက်နေ့တွင် မဲဆောက်ရှိ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၊ ပန်းကံ့ကော်အလုပ်သမားအဖွဲ့၊ မြန်မာနိုင်ငံရေး အကျဉ်းသား သမဂ္ဂ (BPPU) ၊ ချစ်ထွန်း အထည်ချုပ် အလုပ်သမားများ၊ ပန်းရံ အလုပ်သမားများကိုပေးဝေလှူဒါန်း ကုသိုလ် ပြုခဲ့သည်။

လူတစ်ဦးလျှင် ဂျပန်ယန်း(၃ဝဝ) ထိုင်းဘတ်ငွေ(၁ဝဝ)နှင့်ညီမျှသော အစားအသောက်များ ဖြစ်သည့် ဆန်(၄)ကီလို၊ ငါးသေတ္တာတစ်ဗူး၊ ခေါက်ဆွဲခြောက်(၂)ဆီပေးဝေခဲ့ပြီး ယနေ့အချိန်(ဇွန်လ ၁၇ ရက်)အထိ လူ(၇ဝဝ)ကျော်အထိ ပေးဝေလှူဒါန်းခဲ့ပြီး ဖြစ်သည်။

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အတွက် ရည်စူး၍ ဂျပန် နိုင်ငံရောက် မြန်မာ နိုင်ငံသူ/သားများ၏ ကောင်းမှု ကုသိုလ် အလှူဒါနကို ထိုင်းနိုင်ငံ အခြေစိုက် လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်(Human Resource Development Program) တာဝန်ခံများမှ တာဝန်ယူ၍ ပြုလုပ် ပေးနေလျှက် ရှိပြီး မဲဆောက်မြို့ ဧရိယာ အတွင်းရှိ မြန်မာနိုင်ငံသူ/သား အလုပ်သမား များပါ အပါအဝင် လူသုံးထောင်(၃,ဝဝဝ)ကျော် အတွက် ဂျပန် နိုင်ငံရောက် မြန်မာနိုင်ငံသူ/သားများမှ အလှူဒါန ပြုလုပ် သွားမည် ဖြစ်ပြီး ယခုအချိန်အထိ ဂျပန်ယန်း သောင်းတစ်ရာ(မြန်မာငွေ သိန်းတစ်ရာကျော်) ပေးပို့ လှူဒါန်း ထားကြောင်းလည်း သိရှိရသည်။

source by : မိုးသောက်ကြယ်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */