မြန်မာ ၈၈ ဦး မဲဆောက်တွင် အလုပ်ထုတ်ခံရ

Wednesday, June 17, 2009 ·

ဘစောတင် | ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့ မယ်ပ အရပ်ရှိ ဟုန်ထ စက်ရုံမှ မြန်မာ အလုပ်သမား ၈၈ ဦးကို ယနေ့တွင် လုပ်ခ ပေး၍ အလုပ်ထုတ် လိုက်ကြောင်း မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့က ပြောသည်။


မဲဆောက် ဟုန်ထ စက်ရုံရှေ့တွင် ဇွန် ၁၄ ရက်နေ့က ဆန္ဒပြနေကြသည့် အလုပ်သမားများ (ဓာတ်ပုံ - ဘစောတင်)
၎င်း အလုပ်သမားများမှာ လုပ်အားခ ပုံမှန်ရရှိရေးနှင့် ပုံမှန်အားလပ်ရက် ရရှိရေးအတွက် ဇွန် ၁၄ ရက်နေ့က စတင်ကာ စက်ရုံရှေ့၌ ဆန္ဒပြ တောင်းဆို ခဲ့သူများ ဖြစ်သည်ဟု သိရသည်။

အလုပ်သမားများ ဆန္ဒပြ တောင်းဆို ရခြင်းနှင့် ပတ်သက်၍ အလုပ်သမ တဦးက ၎င်းတို့ ဟုန်ထ စက်ရုံ အလုပ်သမားများ အားလပ်ရက် မရသည်မှာ တလကျော် နေပြီ ဖြစ်ကြောင်း၊ ၁၄ ရက်နေ့က တနင်္ဂနွေ ဖြစ်သောကြောင့် အားလပ်ရက် ပေးရန် တောင်းဆိုရာ အလုပ်ရှင် တာဝန်ခံက နားခွင့်မပေးဘဲ ခွင့်တရက်ယူ၍ ညနေပိုင်း အလုပ်ပြန်ဆင်း ကြရန် ပြောကြောင်း၊ ထို့ကြောင့် ၎င်းတို့ အလုပ်သမားများမှာ ခွင့်တရက် ယူပြီး အပြင် ထွက်ကြ ကြောင်း၊ ညနေ ပြန်လာချိန်တွင် အလုပ်သမားများကို စက်ရုံထဲ ပေးမဝင်တော့ကြောင်း ပြောပြသည်။

“ပိုဆိုးတာက ဘာအကြောင်းပြချက်မှ အသေအချာ မရှိဘဲနဲ့ အလုပ်သမ ၃ ယောက်ကို အဲဒီနေ့ကပဲ အလုပ်ထုတ်လိုက်တယ်၊ အဲဒီကစပြီး ဆန္ဒပြတဲ့အထိ ဖြစ်လာရတာ” ဟု သူက ဆိုသည်။


အလုပ်မှ ထုတ်ပစ်ခံရသူ မိန်းကလေးသုံးဦးကို အလုပ်ပြန်ပေး ရေး၊ အလုပ်အားလပ်ရက် ပုံမှန် သတ်မှတ် ပေးရေး၊ အလုပ်ချိန်ကို တိတိကျကျသတ်မှတ်ပေးရေးနှင့် လုပ်အားခကို တပြေးညီ ပေးရေးအတွက် အလုပ် သမားများသည် စက်ရုံရှေ့တွင် ထိုင်၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ အလုပ်သမားများ၏ မေလအတွက် လစာကို ဇွန် ၁၃ ရက်နေ့မှ ရကြကြောင်း သိရသည်။

“လစာပေးတာ မညီဘူး တချို့က ဘတ် ၁ ထောင်ပဲ ရတယ်၊ အများဆုံးက ၁၉၀၀ ပဲ” ဟု ရောင်ခြည်ဦးမှ တာဝန်ရှိသူ တဦးက ပြောပြသည်။

ရာနှင့်ချီကာ ဆန္ဒပြနေသည့် အလုပ်သမားများကို ထိုင်းပြည်သူ့ စစ်က စောင့်ကြည့်နေခဲ့ကြပြီး ယခုလက်ရှိတွင်လည်း မဲဆောက်အခြေစိုက် ရဲများ၊ ပြည်သူ့စစ်များက စက်ရုံနှင့် အနီးတဝိုက်တွင် နေရာယူထားသောကြောင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှာ ရောင်ခြည်ဦး အလုပ်သမား အဖွဲ့တည်ရှိရာ နေရာသို့ မသွားနိုင်ဘဲ ပုန်းအောင်းနေရသည်ဟု ၎င်းက ဆက်ပြောသည်။

မဲဆောက် အခြေစိုက် ရခိုင်အလုပ်သမား သမဂ္ဂဥက္ကဌ ကိုခိုင်လမင်းကလည်း “လုပ်ငန်းရှင်တွေက အခုလို ခေါင်းပုံဖြတ်တာတွေ၊ အလုပ်သမားတွေကို ကျေးကျွန်တွေလို သဘောထားတာတွေ မဲဆောက်မှာ အများကြီးပါ။ အလုပ်သမား တချို့က ဘာပဲဖြစ်ဖြစ် သည်းညည်းခံပြီး လုပ်နေကြရတယ်၊ အခု ဒီ စက်ရုံက လူတွေ ကိုယ့်အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တာ တကယ်လုပ်ရမယ့် အလုပ်ကိုလုပ်တာပါပဲ” ဟု ပြောဆိုသည်။

ဟုန်တ စက်ရုံကို မဲဆောက်ရှိ မြန်မာအလုပ်သမားများက ရန်ကုန်စက်ရုံဟုလည်း ခေါ်ကြသည်၊ ပိုင်ရှင်မှာ တရုတ်လူမျိုးဖြစ်ကြောင်း သိရသည်။ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က မတရား အလုပ်ထုတ်ခံရသော အလုပ်သမားများအတွက် စက်ရုံပိုင်ရှင်ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */