ဒေါ်စု လွတ်မြောက်ရေး ဓာတ်ပုံဖြန့်ဝေ လှုပ်ရှားမှု စတင်

Wednesday, June 03, 2009 ·

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ မကွေးတိုင်း ရေနံချောင်းမြို့နှင့် မြင်းခြံမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖြန့်ဝေရေး လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများနှင့် အန်အယ်ဒီ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

ရေနံချောင်းမြို့တွင် တက်ကြွလှုပ်ရှားသူ လူငယ်များနှင့် အန်အယ်ဒီမြို့နယ်စည်း အဖွဲ့ဝင်များ ပူးပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ ဓာတ်ပုံပေါင်း ၅၀၀ အား ယမန်နေ့ကတည်းကစ၍ နေရာအနှံ့ ဖြန့်ခဲ့ခြင်းဖြစ်ပြီး ဘာသာစုံ၊ လူစုံက လက်ခံယူကြကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“အန်တီတို့ မြို့နယ်စည်းတွေ သူတို့ အသီးသီး ယူသွားပြီး တချို့က လက်ဖက်ရည်ဆိုင်တွေမှာ ဖြန့်တယ်။ ဆေးလိပ်ခုံတွေက လာတောင်းကြတယ်။ ရပ်ကွက်တွေက လာတောင်းကြတယ်။ အထူးသဖြင့် အဓိက က ဈေးပေါ့။ စိတ်ပါတဲ့လူမှပဲ ပေးတာပါ။ ကျေးလက်တွေက ဈေးဝယ်လာကြတဲ့ ကားတွေရှိမယ်။ မော်တော်တွေ ရှိမယ်။ မြစ်အနောက်ဘက်ကလည်း လာတယ်လေ။ ကိုရင်လေးတွေ ဦးဇင်းလေးတွေလည်း သူတို့ ရွာတွေ ယူသွားကြတာပေါ့။ အောင်မြင်ပါတယ်” ဟု ရေနံချောင်းမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

တိုးတက်သည့် နိုင်ငံများတွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ သတင်း မီဒီယာ မဏ္ဍိုင်၊ ပညာရေး မဏ္ဍိုင် စသည့် မဏ္ဍိုင်ကြီး ၅ ခုနှင့် တည်ဆောက်နေသည်မှာ အောင်မြင်လျက် ရှိသော်လည်း မြန်မာနိုင်ငံ၌မူ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး ဆင်းရဲနေဆဲဖြစ်ကြောင်းနှင့် ပြည်တွင်းစစ် ရပ်ဆိုင်းရန်အတွက် စစ်အစိုးရအနေဖြင့် တိုင်းရင်းသားများ၏ ယုံကြည်မှုကို ရထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲ သင့်ကြောင်း သူက ဆက်ပြောသည်။

ရေနံချောင်းမြို့၏ ဓာတ်ပုံဖြန့်ဝေရေး လှုပ်ရှားမှုအား အာဏာပိုင်များက နှောင့်ယှက်ခြင်း မရှိသော်လည်း မြင်းခြံမြို့၌ ပြုလုပ်သည့် လှုပ်ရှားမှုများကိုမူ ရဲများ၏ စောင့်ကြည့် မေးမြန်းမှုများ ရှိနေကြောင်း ဓာတ်ပုံများ ဖြန့်ဝေခဲ့သူ မြင်းခြံမြို့ခံ လူငယ်တဦးက ယခုလို ပြောသည်။

“မနေ့ကတော့ ရပ်ကွက်တွေထဲ ဝေတာပေါ့။ ဒီနေ့ကတော့ မြင်းခြံ စည်ပင်သာယာဈေးရယ်၊ အေးမြသီတာ ဈေးမှာ လိုက်ဝေကြ တာပေါ့ဗျာ။ ပုံ ၃၀၀၀ လောက်ပေါ့ဗျာ။ ခဏနေတော့ ရဲတွေ သတင်းရသွားတယ်နဲ့ တူတယ်ဗျ။ လာပြီး စောင့်ကြတယ်ဗျ။ ဆိုင်တွေကို လိုက်မေးတယ်။ ဘယ်သူတွေ ဝေလည်းပေါ့။ ဈေးပတ်ပတ်လည်မှာရော မြို့ထဲလမ်းဆုံတွေမှာရော ရဲတွေ အစောင့် ချထားတယ်။ လူတွေကတော့ တော်တော် သဘောကျကြပါတယ်။ သဘောအကျဆုံးက ဗိုလ်ချုပ်ပုံနဲ့ ဒေါ်စုပုံ တွဲထားတဲ့ ပုံလေးကိုပေါ့” ဟု သူက ပြောသည်။

မိထ္ထီလာမြို့တွင်လည်း ယနေ့ စတင်ဖြန့်ဝေခဲ့ပြီး ညောင်ရွှေနှင့် မန္တလေးဘက်များကလည်း လက်ခံ ယူသူ များသောကြောင့် ဓာတ်ပုံများ ကုန်သွားသဖြင့် ထပ်မံ တောင်းနေကြကြောင်း မိထ္ထီလာမြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

ယခု ဓာတ်ပုံဖြန့်ဝေရေး လှုပ်ရှားမှုကို မရပ်မနား လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း လှုပ်ရှားမှုအတွင်း ပါဝင်သူများက ပြောကြသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */