အာအက်ဖ်အေ | နာဂစ်မုန်တိုင်း တိုက်ခိုက်ခံခဲ့ရတဲ့ တနှစ်ပြည့်ကာလမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်၊၊ ဒီကြေညာချက်ထဲမှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက မြို့နယ်တချို့မှာ မုန်တိုင်းဒဏ်ကြောင့် ပြည်သူ တသိန်းခွဲကျော် သေဆုံးပြီး နှစ်သန်းခွဲကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် ကျွဲနွားတိရိစ္ဆာန်နဲ့ လယ်ယာတွေ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီရေးအတွက် ပြည်တွင်းပြည်ပက အကူအညီ အထောက်အပံ့ ပေးခဲ့ပေမယ့် ပြင်းထန်လှတဲ့ မုန်တိုင်း ဒဏ်ကြောင့် ဒီနေ့အထိ ပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းနဲ့ ဒီတနှစ်ပြည့် ဝမ်းနည်း ကြေကွဲဖွယ်ရာနေ့မှာ သဘာဝဘေးဆိုးကြောင့် သေဆုံးခဲ့ရသူတွေအတွက် အထူးကြေကွဲရပါကြောင်း ဖော်ပြထားပါတယ်၊၊
နာဂစ်စ် လေမုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော ဘိုကလေးမြို့တွင် ပုဂ္ဂလိက အလှူရှင်များကို စောင့်မျှော်နေကြသော လေဘေးဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP) |
နားဆင်ရန် ဆက်သွယ်မေးမြန်းချက်။
0 comments:
Post a Comment