ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး Facebook မှာတောင်းဆို

Monday, May 18, 2009 ·

ဇာနည်ဝင်း | အင်းစိန်ထောင်ရောက် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ရည်ရွယ်သည့် ကွန်ယက် တခုကို Facebook အင်တာနက် စာမျက်နှာတွင် ယမန်နေ့က အစပြုလိုက်ရာ တရက် အတွင်း ထောက်ခံသူ အရေ အတွက် လေးသောင်း ကျော်သွားသည်။

နိုင်ငံတကာမှ အင်တာနက် အသုံးပြုသူများက ဒေါ်အောင်ဆန်းစုကြည် Facebook ကွန်ယက်တွင် မှတ်ချက်များ ထောင်နှင့်ချီပြီး ရေးသားကြသည်ကို တွေ့ရသည်။

အဆိုပါ ကွန်ယက်ကို ကမကထ ပြုသူမှာ ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK ဟု အမည်ရသည့် မြန်မာ့ အရေး ဆောင်ရွက် နေသော အဖွဲ့ အစည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများကို နိုင်ငံတကာ မြို့တော်ကြီးများတွင် ပြုလုပ်နေကြရာ ဤစာမျက်နှာက အဆိုပါ လှုပ်ရှားမှုများကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာပြည် အခြေ အနေတွေ လူအများ သိနိုင်ဖို့အတွက် Facebook ကို သုံးတဲ့နည်းလမ်းက အင်မတန် ထိရောက်ပါတယ်” ဟု Burma Campaign UK အဖွဲ့က ပြောသည်။

http://www.facebook.com/pages/Aung-San-Suu-Kyi/9953503420?ref=pdb သည် ဒေါ်အောင်ဆန်းစုကြည် Facebook ကွန်ယက်၏ လိပ်စာ ဖြစ်သည်။

Facebook အသုံးပြုသူများထဲတွင် ပြည်ပရောက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများလည်း ပါဝင်သည်။

“နိုင်ငံတကာမှာ ရှိတဲ့ မြန်မာ သံရုံးတွေရှေ့က လှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ Facebook ကတဆင့် ဖိတ်ခေါ်တာတွေကို ပူးပေါင်း ဆောင်ရွက်လို့ရတယ်” ဟု ပြည်ပရောက် ဒီမိုကရေစီ အရေး လှုပ်ရှားသူ တဦး ဖြစ်သော ကိုစိုးအောင်က ပြောသည်။

ကမ္ဘာ့ ထိပ်တန်းရောက် လူမှုဆက်သွယ်ရေး အင်တာနက်ကွန်ယက်ဖြစ်သော Facebook မှ တဆင့် မြန်မာ့အရေး ဆောင်ရွက်နေသူတို့၏ လှုပ်ရှားမှုများ၊ အချက်အလက်များကို သိရှိရန် စစ်အစိုးရက စောင့်ကြည့်နေကြောင်း မြန်မာ့အရေး လေ့လာ အကဲခတ်သူများက သတိပေးကြသည်။

Facebook တွင် ရေးသား ဖော်ပြသည့်အခါ လုံခြုံရေးကို သတိထားရသည်ဟု မြန်မာ့အရေး လှုပ်ရှားသူ တဦး ဖြစ်သည့် ကိုအောင်မျိုးသိန်းက ပြောသည်။

“Facebook မှာ အတွင်းရေးကိုတော့ သိပ်မပြောကြဘူး၊ ကိုယ်က သူတို့ကို သိစေချင်တဲ့ အကြောင်းကိုပဲ ရေးကြတယ်” ဟု
ကိုအောင်မျိုးသိန်းက ရှင်းပြသည်။

အင်တာနက် စာမျက်နှာများသည် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု စစ်မြေပြင် ဖြစ်လာပြီး Facebook သည်လည်း စည်းရုံး လှုံ့ဆော်သူများ အတွက် တော်လှန်ရေး လက်နက်တခု ဖြစ်လာသည်။

Facebook သည် သက်တမ်း ၅ နှစ် ရှိပြီ ဖြစ်ပြီး ဝန်ဆောင်မှု ကောင်းသောကြောင့် လည်းကောင်း၊ သုံးစွဲရန် လွယ်ကူခြင်းကြောင့် လည်းကောင်း နိုင်ငံတကာမှ အင်တာနက် အသုံးပြုသူများကြားတွင် ထင်ရှားလျက်ရှိသည်။

နိုင်ငံတကာနှင့် ချီသည့် လှုပ်ရှားမှု တခုကို အစပြုနိုင်ခြင်းမှာ Facebook ၏ ဝန်ဆောင်မှု တခု ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */