ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့်သတင်း ဖော်ပြခွင့်မပြု

Monday, May 18, 2009 ·

အောင်သက်ဝိုင်း | မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား နေအိမ်မှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ပြီး တရားစွဲဆိုထားသည့် သတင်းကို ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်များတွင် ပုံနှိပ် ဖော်ပြရန် ခွင့်မပြုကြောင်း ရန်ကုန် အခြေစိုက် သတင်းဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်သို့ ပြောင်းရွှေ့တရားစွဲဆို ခံနေရသည့် သတင်းမှာ ကမ္ဘာ့ သတင်း မီဒီယာများတွင် ထိပ်တန်းသတင်းအဖြစ် နေရာယူထားရုံမက မြန်မာပြည်သူလူထု အကြားတွင်ပါ စိတ်အ၀င်စား ဆုံး သတင်းဖြစ်နေသော်လည်း ၎င်းတို့ဂျာနယ်များတွင် ဖော်ရန်ကြိုးစားသည်ကို စာပေစိစစ်ရေးက ခွင့်မပြု ကြောင်း သတင်းဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

“လူတွေကြားမှာ စိတ်အ၀င်စားဆုံးသတင်းမို့လို့ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေက ဖော်ပြဖို့ စာပေစိစစ် ရေးတင်ကြတယ်။ ဒါပေမယ့် စိစစ်ရေးက ဒီသတင်းကို လုံးဝပိတ်ပင်ထားတယ်” ဟု ၎င်းက ပြောဆိုသည်။

အင်းလျားကန်အနီးရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား Mr. John Willian Yeattaw ဆိုသူရေကူး ၀င်ရောက်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးအရေးယူထားသည် ဆိုသော သတင်းကိုသာ မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့ပြီး ၎င်း နောက်ဆက်တွဲ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်သို့ ရွှေ့ပြောင်းကာ တရားစွဲဆိုသည့် သတင်းကိုမူ ဖော်ပြခြင်း မရှိတော့ပေ။

မစ္စတာယက်တော ရေကူးဝင်သည့် သတင်းကို အပတ်စဉ်ထုတ် သတင်း ဂျာနယ်များက အစိုးရထုတ် သတင်းစာ များမှထပ်ဆင့် ကူးယူးဖော်ပြကြရာ အဆိုပါသတင်း ပါရှိသည့် ဂျာနယ်များ ရောင်းအား တက်ခဲ့သည်ဟု ရန်ကုန်ဂျာနယ် လက်လီလက်ကား ရောင်းဝယ်ရေးဈေးကွက်မှ သိရှိရသည်။

“သတင်းစာထဲမှာ ပါထားပြီးသားပေမယ့် လူတွေက ဒေါ်အောင်ဆန်းစုကြည် နာမည်ပါတော့ ဘာများထူးမလဲဆို ပြီး ၀ယ်ဖတ်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည် နာမည်ပါရင်ကိုရောင်းကောင်းတယ်” ဟု ကျောက်တံတား မြို့နယ်အတွင်း ဂျာနယ် လက်လီလက်ကား ဖြန့်ချိရေးလုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီးတဦးက ပြောသည်။

မကြာသေးခင်အချိန်က ရန်ကုန်ဂျာနယ်ဈေးကွက် အေးနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မစ္စတာယက်တော ဝင်ရောက်ခဲ့သည့် သတင်းပါရှိသော သတင်းဂျာနယ်များ အရောင်းအ၀ယ် ပြန်လည်ကောင်း လာသည်ဟု ကြားသိရသည်။

“ဒေါ်အောင်ဆန်းစုကြည်သတင်းကို ကြေးမုံနဲ့ မြန်မာ့အလင်းက ဦးဆုံးဖော်ပြတာဆိုပေမယ့် အစိုးရသတင်းစာ မဖတ်တဲ့ လူတွေက ဒီပုဂ္ဂလိက သတင်းဂျာနယ်တွေကို ၀ယ်ဖတ်တယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည် သတင်းပါလို့ဆိုပြီး ဂျာနယ်တွေကို အမှတ်တရသိမ်းဖို့ ၀ယ်ကြတယ်” ဟုလည်း ရန်ကုန် ဂျာနယ်ဖြန့်ချိရေးသမား တဦးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းပါ ဂျာနယ်များ ရောင်းအားတက်ခဲ့သော်လည်း ဂျာနယ်ဈေးနှုန်းများမှာ မြင့်တက်ခြင်းမရှိဘဲ ပုံမှန်ဈေးနှုန်းတွင်သာရှိခဲ့သည်ဟု သိရသည်။

လက်ရှိအနေအထားအရ ဒေါ်အောင်ဆန်း စုကြည်၏ နောက်ဆက်တွဲ အခြေအနေ သတင်းများကို အချိန်နှင့် တပြေးညီ ထုတ်လွှင့်နေသော နိုင်ငံတကာ ရုပ်သံလိုင်းများအား ရှစ်ပေစလောင်းဖြင့် ဖမ်းယူကြည့်ရှုသူများ တိုးတက်များပြား နေသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

“DVB၊ Channel news Asia၊ အယ်လ်ဂျာဇီးယား ရုပ်သံလိုင်းတွေက ဒေါ်စုပုံ၊ ဗီဒီယိုတွေနဲ့ သတင်းကြေညာတယ်။ လူတွေက ဒေါ်စုဓာတ်ပုံ၊ ဗီဒီယိုပါတဲ့ သတင်းလိုင်းတွေကို စိတ်ဝင်တစား ကြည့်တယ်။ စလောင်းမရှိတဲ့ သူတွေ ကလည်း စလောင်းရှိတဲ့ အိမ်တွေမှာ စုပေါင်းသွားကြည့်တယ်” ဟု လသာမြို့နယ်၊ ၁၅ လမ်းနေ ရှစ်ပေစလောင်း တပ်ဆင်ထားသူ တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သတင်း အထူးထုတ်လွှင့်သော ပြည်ပအခြေစိုက် မြန်မာရေဒီယို သတင်းများကိုလည်း ဖမ်းယူနားဆင်သူ များပြားလာပြီး ဈေးနှုန်းသက်သာသော တရုတ်လုပ် ရေဒီယိုများ ယခုရက်ပိုင်းအတွင်း အထူး အ၀ယ်လိုက်နေသည် ဟု သိရှိရသည်။

“အရင်က တနေ့နေလို့ ရေဒီယိုတလုံး ရောင်းချင်မှ ရောင်းရတယ်။ ဒီရက်ပိုင်းတော့ တနေ့ကို ရေဒီယို ၄ လုံး၊ ၅ လုံး ရောင်းရတယ်” ဟု လှည်းတန်း၊းပြည်မြန်မာကုန်တိုက်အနီးတွင် ဖွင့်လှစ်ထားသော စတိုးဆိုင်တခုမှ အရောင်း စာရေးတဦးက ပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */