အနားတောင်းစနစ်မဲ့ လက်ဝှေ့ပွဲတွင် ဂျပန်က သရေနှင့် အရှုံးရရှိ

Monday, May 04, 2009 ·

NEJ | မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့က ရန်ကုန် သုဝဏ္ဏအားကစားပြိုင်ကွင်းတွင် အနားတောင်း စနစ် မပါသော မြန်မာ-ဂျပန် ရိုးရာ လက်ဝှေ့ပွဲကို ကျင်းပခဲ့သည်။

လက်ဝှေ့ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်က ကြီးမှူးကာ H&S Group ဦးစိုင်းဇော်ဇော် (ဇော်ပစ်တိုင်းထောင် ဗီဒီယို) က စီစဉ်ခြင်းဖြစ်သည်။

လက်ဝှေ့ပွဲ အတွက် တာဝန်ယူရသော အားကစားဝန်ကြီးဌာနက ၎င်းပွဲကျင်းပရန်အတွက် ရန်ပုံငွေ သိန်း (၈၀) ကျော်သွင်းရပြီး ပွဲကြည့်သူများမှာ (၂,၀၀၀) ကျော်သာ ရှိကြောင်း အဆိုပါဌာနမှ အရာရှိတဦးက ပြောသည်။

၎င်းတို့လက်ဝှေ့ပွဲတွင် အနားတောင်းစနစ် ထည့်သွင်းမထားကြောင်း၊ ယင်းမှာ မြန်မာနှင့် ဂျပန် သဘောတူ ထားသော စည်းကမ်း ဖြစ်ကြောင်း လက်ဝှေ့နည်းပြ ဦးဝင်းဇော်ဦးက ပြောသည်။

မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ပထမနေ့ ပွဲစဉ်တွင် တွေ့မရှောင်ကို အရှုံးပေးခဲ့ရသူ Crazy Hill (ခရေဇီဟေး) က စစ်မြေပြင်တွင် စစ်တိုက်သကဲ့သို့ မြန်မာ့လက်ဝှေ့ကျော် တွေ့မရှောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ နောင်တွင် လက်ဝှေ့ထိုးရန် အခွင့်ကြုံပါက ၎င်းတို့၏ နည်းစနစ်ကို သင်ခန်းစာယူမည်ဖြစ်ကြောင်း ပြောသည်။

အနားတောင်းစနစ်မပါရှိသည်ကို ရန်ကုန်ရောက်မှသာ သိရသည်ဟု ကြယ်လင်းအောင်နှင့် သရေထိုးခဲ့သူ Kurenai Toshiya (ကူရီနိုင်း တိုရှီယာ) က ပြောသည်။ “စည်းကမ်းသတ်မှတ်မှုတခုဆိုရင်တော့ လက်ခံပါတယ်။ နောင်လည်း မြန်မာ့လက်ဝှေ့ကို လာပြီး ထိုးချင်ပါ သေးတယ်” ဟု ၎င်းက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */