မင်းနိုင်သူ | ယနေ့ထုတ် နအဖသတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန် နိုင်ငံသားတဦး ရေကူး ၀င်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်ပတ်စ်ပို့( PP.No-4397677222/28.4.2008) ကိုင်ဆောင်ထားသည့် Mr. John Willian Yeattaw ဆိုသူသည် မေ (၂) ရက်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး မေ (၃) ရက် ညပိုင်း အင်းယားကန်မှ တဆင့်ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ၀င်ရောက် ခဲ့ကြောင်း နအဖသတင်းစာများက ဆိုသည်။
အဆိုပါသတင်းအရ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသည်ကို တွေ့ရသည်။
နေအိမ်အတွင်း ၀င်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များကို ဆက်လက် စစ်ဆေး ဖော်ထုတ်မည် ဖြစ်ကြောင်းသာ သတင်းစာ နောက်ဆုံးအပိုဒ်တွင် ဖော်ပြထားသည့်အတွက် အကြောင်းအရာ အပြည့်အစုံကို မသိရသေးသော်လည်း နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးအပြည့်အ၀ မပေးနိုင်ကြောင်း ပေါ်လွင်နေသည်။
ယခုကဲ့သို့ လုံခြုံရေးထိခိုက်ခံရမှုကို ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ဥပဒေကြောင်းအရ မည်ကဲ့သို့ တုံ့ပြန် ဆောင်ရွက်နိုင်ပါသလဲဟု ပြည်တွင်း ရှေ့နေကြီးတဦးကို မေးကြည့်သောအခါ “ကျနော်တို့လည်း ဒီကိစ္စကို အများကြီး စိုးရိမ်တယ်။ အများကြီးလည်း သံသယရှိတယ်။ တကယ်တော့ အဲဒါကို အစိုးရကပဲ အရေးယူ ရမှာပဲလေ။ သူတို့ထိန်းသိမ်းထားတဲ့ နယ်မြေထဲကို၊ ကန့်သတ် နယ်မြေထဲကို နိုင်ငံခြားသား ၀င်ရောက် လာတာကိုး။ ဒါသူတို့ပဲ အရေးယူဆောင်ရွက်ရမှာပေါ့။ ဒေါ်စုက လက်ခံတွေ့ဆုံတာ မဟုတ်နိုင် ဘူးလေ။ သတင်းစာကလည်း လက်ခံတွေ့ဆုံ တယ်လို့ မရေးနိုင်ဘူး။ ဆိုတော့ ဒေါ်စုက လက်ခံတာတော့ မဟုတ်နိုင် ဘူးလေ။ သူတို့ ပြောသလိုပေါ့လေ၊ နေအိမ်ထဲကို ၀င်ရောက် နေထိုင်ခဲ့တယ် ဆိုရင်လည်း သူတို့မှာပဲ တာဝန်ရှိ တာပဲလေ။ တကယ်လို့များ ဒေါ်စုကို လာရောက် လုပ်ကြံမယ့်လူ ၀င်သွားရင် ဘယ်လိုလုပ်မလဲ” ဟု သုံးသပ် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ၀င်သူသည် အမေရိကန်နိုင်ငံသားဖြစ်စေ၊ အခြားနိုင်ငံသားဖြစ်စေ၊ မည်သည့် ရည်ရွယ်ချက်နှင့်ပင် ၀င်ရောက်ခဲ့သည်ဖြစ်စေ နအဖ၏အကျယ်ချုပ်ကြောင့် ထိန်းသိမ်းခံနေရသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးမှာ နအဖအပေါ်တွင် လုံးလုံးလျားလျား တာဝန်ရှိသည်။
အခြားသော နိုင်ငံရေးသမားများ သွားလာလှုပ်ရှား ပြုမူဆောင်ရွက်သမျှကို စောင့်ကြည့်နေနိုင်သော နအဖသည် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း လူတယောက်လုံး ၀င်သွားသည်ကို ပြန်ထွက်လာမှပဲ သိသည်ဆိုသည်မှာ သမားရိုးကျ ဟုတ်ပါ ရဲ့လားလို့ ဒီမိုကရေစီအင်အားစုတွေအားလုံးက နအဖစစ်အစိုးရကို ၀ိုင်းဝန်း မေးခွန်းထုတ်ကြရပါလိမ့်မည်။
source by : ခေတ်ပြိုင်
ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးထိပါးခံနေရပြီ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment