ဧရာဝတီ | ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျီ ယက်ထော သတင်းသည် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ဖိအားပေးမှုများ တိုးမြှင့်စေရန် ရည်ရွယ်သည့် အတိုက်အခံ အင်အားစုများ၏ လုပ်ကြံမှု တစိတ်တပိုင်း ဖြစ်သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယနေ့ ပြောကြားလိုက်သည်။
အမေရိကန်၊ ဂျပန် နှင့် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒကို ပြန်လည်သုံး သပ်နေသည့် အချိန်တွင် ပြည်တွင်း ပြင်ပမှအတိုက်အခံအဖွဲ့အစည်းများက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဖိအားပေးမှုများ တိုးမြှင့်ပြုလုပ်စေရန်အတွက် အချိန်ကိုက် ဖန်တီးမှုတရပ်ဖြစ်နိုင်သည် ဟု ဦးဉာဏ်ဝင်း က ပြောသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖုမိနာကာဆိုနဲနှင့် တနင်္လာနေ့ က တယ်လီဖုန်း ဖြင့် အပြန်အလှန် စကားပြောဆိုရာတွင် ယခုလိုပြောဆိုခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ရေး သားထားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုသည့်အမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျှက်ရှိ ကြောင်း၊ ယင်းအမှုသည်၂၀၁၀ ရွေးကောက်ပွဲကိုလည်း ရိုက်ခတ်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ယခုအခါ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချနိုင်ရန်ဇာတ် လမ်းတမျိုးပြီးတမျိုးထွင်နေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက သုံးသပ်နေကြသည်။
နိုင်ငံခြားရေးဝန်ကြီး၏ စွပ်စွဲချက်မှာ ဗုဒ္ဓဟူးနေ့က အင်းစိန်အကျဉ်းထောင် အတွင်း စစ်ဆေးလျက်ရှိသော ဒေါ် အောင်ဆန်းစုကြည်၏ အမှုတွင် ရဲများကတင်ပြသော သက်သေခံပစ္စည်းများနှင့် ရဲများ၏ ထွက်ချက်နှင့် တိုက် ဆိုင်ဆက်စပ်နေကြောင်း ၎င်းတို့ ထောက်ပြပြောဆိုကြသည်။
ယင်း ကြားနာစစ်ဆေးမှုတွင် မွတ်ဆလင် အမျိုးသမီးများ ၀တ်လေ့ရှိသော ၀တ်ရုံနက် ၂ ထည်၊ စကပ် ၂ ထည်နှင့် နေကာမျက်မှန်များကို သက်သေခံပစ္စည်းအဖြစ်တင်ပြပြီး ယင်းတို့ကို ၀တ်ဆင်စေကာ“တကယ်လို့ လူတစ် ယောက်ဟာ ဒီ မွတ်စလင်ဝတ်စုံနဲ့ နေကာမျက်မှန်ကိုဝတ်လိုက်လို့ရှိရင် ဒီလူအဖြစ် မှတ်မိနိုင်ပါဦးမလား” ဟု အစိုးရရှေ့နေက မေးမြန်းရာ သက်သေအဖြစ် လိုက်ပါထွက်ဆိုသော ရဲအရာရှိက မမှတ်မိနိုင်ပါဟု ဖြေဆိုသည်။
ယင်းထွက်ဆိုချက်သည် နေအိမ်အကျယ်ချုပ်မှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားမှုတခုအဖြစ် လမ်းကြောင်းနေ မှုတစ်ခုဟု လေ့လာသုံးသပ်သူများက မြင်နေကြသည်။
ယင်းကြားနာစစ်ဆေးမှုတွင်ပင် အမေရိကန်နိုင်ငံသားက ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရယ် ကြုံရကိန်းမြင် သောကြောင့် လာရောက်ရခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက ယင်းထွက်ဆို ချက်ကို မေးခွန်းထုတ်ရန် လျှောက်ထားရာ တရားသူကြီးက ငြင်းဆိုခဲ့ကြောင်းသိရသည်။
မည်သို့ပင်ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည် အမှုတွင် စစ်အစိုးရအနေဖြင့်လုံးဝပတ်သက် ဆက်စပ်မှု ရှိကြောင်း လေ့လာ သုံးသပ်သူများက ယုံကြည်ကြသည်။
ယခင် မြန်မာ့ထောက်လှမ်းရေးဟောင်းတစ်ဦးဖြစ်သူဦးအောင်လင်းထွဋ်က လုံခြုံရေးအလွန်တင်းကြပ်စွာ ချထား သည့်ကြားက လူစိမ်းတဦး ဒေါ်အောင်ဆန်းစုကြည် အိမ်အတွင်းသို့ ၀င်ရောက်သွားနိုင်ခဲ့သည်မှာ စစ်အစိုးရ၏ ခွင့်ပြုချက် မရှိဘဲ မဖြစ်နိုင်ဟု ပြောသည်။
“အင်းလျားကန် တ်ဝိုက်မှာ လုံခြုံရေးတွေ အမြဲရှိနေတယ် ဒီလုံခြုံရေး အစောင့်တွေရဲ့အကူအညီမပါဘဲနဲ့ ရေကူး သွားတယ်ဆိုတာက မဖြစ်နိုင်ဘူး” ဟု ဆိုသည်။
source by : ဧရာဝတီ
ယက်ထောအမှု အတိုက်အခံများ လုပ်ကြံ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment