‘ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်းစားဟာ ယက်ထော’

Friday, May 22, 2009 ·

ဧရာဝတီ | ရိုဟင်ဂျာများကို ဘီလူးသဘက်များ ကဲ့သို့ အရုပ်ဆိုးသည်ဟု ပြောခဲ့ဖူးသည့် ဟောင်ကောင် အခြေစိုက် မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင် က မစ္စတာ ဂျွန် ဝီလျံ ယက်ထောနှင့် ဒေါ်အောင်ဆန်းစုကြည် တို့မှာ သမီး ရည်းစားများ ဖြစ်နိုင်သည်ဟု ပြောဆို လိုက်သည်။


မြန်မာကောင်စစ်ဝန် ဦးရဲမြင့်အောင် (ဓာတ်ပုံ - South China Morning Post)
ထိုကဲ့သို့သော မဆင်မချင် ပြောဆိုမှုကို ဦးရဲမြင့်အောင် က ဟောင်ကောင် အခြေစိုက် မြန်မာ ကောင်စစ်ဝန်ရုံး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားခြင်း ဖြစ်ကြောင်း South China Morning Post က ရေးသား ထားသည်။

ဦးရဲမြင့်အောင်က “စာဖတ်သူများ ခင်ဗျား ... ၊ တချို့သော ကျနော်တို့ရဲ့ မိတ်ဆွေတွေက ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်းကို အင်းလျားကန် ကနေ တဆင့် လျှို့ဝှက် ဝင်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားရဲ့ သတင်းနဲ့ ပတ်သက်လို့ သိချင်နေကြ ပါတယ်။ သူတို့ရဲ့ မေးခွန်းကတော့ ဘာကြောင့် ရေကူးပြီး ဝင်တာလဲ ဆိုတာနဲ့ အဲဒီမှာ သူနေတဲ့ အချိန်အတွင်း သူတို့ ဘာတွေများ ဆွေးနွေးကြလဲ ဆိုတာပါပဲ” ဟု ၎င်း စာမျက်နှာတွင် ဖော်ပြထားသည်။

“မိတ်ဆွေများခင်ဗျား ... ၊ မစ္စတာ ယက်ထောဟာ လျှို့ဝှက် ကိုယ်စားလှယ်လား၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရည်းစားလား ဆိုတာကို စဉ်းစားရ ခက်နေတယ်။ ဘာဆိုတာ သေချာစုံစမ်းပြီး သိရရင် ပြောပြပါမယ်” ဟု ထိုအင်တာနက် စာမျက်နှာတွင် ဦးရဲမြင့်အောင်က ရေးသားထားကြောင်း တောင်တရုတ် သတင်း စာမျက်နှာက ကိုးကား ဖော်ပြသည်။

“လျှို့ဝှက် ကိုယ်စားလှယ်လား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်းစားလား” ဆိုသည်ကို ထင်ရှားစွာ၊ စာလုံးမည်းဖြင့် ရေးသားထားပြီး စာ၏ အောက်ဆုံးတွင် ဦးရဲမြင့်အောင်၏ လက်မှတ်ထိုးကာ မြန်မာ ကောင်စစ်ဝန်ဟု ရေးသားထားသည်။

လက်ရှိ စစ်ဆေးလျှက်ရှိသော အင်းစိန်ထောင် တရားခွင်တွင် မစ္စတာယက်ထောက နေအိမ်အကျယ်ချုပ် ၆ နှစ်နီးပါး ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် အန္တရာယ်ကျရောက်တော့မည်ကို ကြိုတင် သိမြင် သောကြောင့် သတိပေးရန် သွားခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ကြားသိရသည်။

မစ္စတာယက်ထောကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းက “မူမှန်စိတ် မရှိသော ရူးနေသူ တဦး” အဖြစ် သတ်မှတ်သည်ဟု ဆိုသည်။

ယခုအတိုင်းဆိုလျှင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်၌လည်း ရူးနေသည့် သူများ အလုပ်လုပ် နေကြသည်ကို ထင်ထင်ရှားရှား တွေ့နိုင်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */