NEJ | ဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူး ခွင့်ပြုချက်လက်မှတ်ဖြင့် မဲဆောက်သို့လာသည့် မြန်မာဒုက္ခသည် (၉) ဦးအား ထိုင်းရဲက တရားမ၀င် လာရောက်သူများအဖြစ် ဖမ်းဆီးတရားစွဲဆိုလိုက်သည်။
အဖမ်းခံရသူများထဲမှ ကိုရဲနိုင်ဦးက “ကျနော်တို့နို့ဖိုးဒုက္ခသည်စခန်းက လူ (၉) ယောက် မဲဆောက်မြို့ကို သွားဖို့အတွက် နို့ဖိုးဒုက္ခသည်စခန်း အုပ်ချုပ်ရေးမှူး နိုင်စင်ခမ်းအူးဝမ့် ထုတ်ပေးတဲ့ လက်မှတ်နဲ့ ဗုဒ္ဓဟူးနေ့က ထွက်လာတယ်။ အုန်းဖန်မြို့ စစ်ဆေးရေးဂိတ်အရောက်မှာ ကျနော်တို့လက်မှတ်တွေ သိမ်းပြီး အုန်းဖန် ရဲစခန်းထဲ ပို့လိုက်တယ်။ (၂) ရက်နေပြီး ဒီနေ့မှာ ကျနော်တို့ကို မဲဆောက်တရားရုံးအချုပ်ကို တဆင့်ပို့၊ ပြီး ကျနော်တို့ကို တရားမ၀င် ၀င်ရောက်မှုနဲ့ ရဲက အမှုစွဲထားတယ်” ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များအနေဖြင့် လူမှုရေး ကိစ္စတစုံတရာရှိပါက စခန်းအုပ်ချုပ်ရေးမှူးက ရက်အကန့်အသတ်ဖြင့် အပြင်ထွက်ခွင့်လက်မှတ်များ ပုံမှန်ထုတ်ပေးလျက်ရှိသော်လည်း ယခုကဲ့သို့ ခရီးသွားလက်မှတ်ကို သိမ်းယူ၍ ဖမ်းဆီးတရားစွဲဆိုခြင်းသည် ဒေသတွင်းပထမဆုံးအကြိမ် ဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးသူ မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုကြီးက “ဒါက မတရားသက်သက် ရဲကလုပ်တာ။ ဒီလက်မှတ်တွေက တရားဝင်ထုတ်ပေးထားတဲ့ လက်မှတ်တွေ ဖြစ်တယ်။ ဒီလူတွေထဲမှာ မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ မြန်မာ့အရေး လှုပ်ရှားသူတွေ ပါတယ်။ သူတို့ဒီလိုလုပ်တဲ့ အတွက် အခန့်မသင့်ရင် ဒီလူတွေရဲ့ဘ၀တွေ အနာဂတ်တွေ ပျောက်သွားနိုင်တယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးကို လူသားချင်းစာနာတဲ့အနေနဲ့ မလုပ်သင့်ဘူး” ဟု ပြောသည်။
မဲဆောက်တရားရုံးအချုပ်တွင် ထိုင်းရဲ၏တရားစွဲဆိုခြင်းခံရသူ (၉) ဦးမှာ ဒုက္ခသည် အသိအမှတ်ပြု လက်မှတ် ရှိသူများဖြစ်သည့် ကိုမြင့်ထွန်း၊ ဟန်မျိုးဦး၊ ကိုကို၊ ဇင်ကိုထက်ဘိုဘို၊ အောင်ကျော်ထက်၊ ဟိုမန်၊ အက်ကို၊ ကိုရဲနိုင်ဦးနှင့် ကိုကြည်တိုးတို့ဖြစ်သည်။
နို့ဖိုးဒုက္ခသည်စခန်းမှ ကိုတင်စိုးကလည်း “ဒီလူ (၉) ယောက်အတွက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်း တွေနဲ့ ယူအန်အပါအ၀င် အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ အကူအညီကိုယူပြီး အခုလို မတရားမှုတွေ ဆက်မဖြစ်ရအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုတယ်”ဟု ပြောသည်။
ယနေ့ မဲဆောက်တရားရုံးအချုပ်တွင် ထိုင်းရဲမှလာပြီး ၎င်းတို့ (၉) ဦးအား တရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲ စာပေးပြီး ရှေ့လ (၂) ရက်သို့ ရုံးချိန်းသတ်မှတ်လိုက်သည်။ ယနေ့ညမှစတင်ကာ ၎င်းတို့ကို မဲဆောက်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်မည်ဟု ရဲက ပြောသည်။
အဆိုပါကိစ္စကို ယူအန်ဥပဒေဌာနမှ လက်ထောက်တာဝန်ခံနှင့် စခန်းအုပ်ချုပ်ရေးမှူးတို့က လိုက်လံ ဆောင်ရွက် ပေးနေကြောင်း နို့ဖိုးစခန်း အုပ်ချုပ်ရေးမှူးရုံးမှ အကူဝန်ထမ်းတဦးက ပြောသည်။
source by : ခေတ်ပြိုင်
ခွင့်ပြုလက်မှတ်ရှိ ဒုက္ခသည်များ ဖမ်းဆီးခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment