ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ)။ ။ နိုင်ငံရေး ဆန္ဒပြပွဲများ ဖြစ်လေ့ရှိသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် တောင်ကုတ်တွင် အာဏာပိုင်များက လုံခြုံရေးများ တင်းကျပ်စွာ ချထားလိုက်သည်။
ယခုလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်၌ ပြောင်းရွှေ့ပြီး နောက်နှစ်ရက်မှ စတင်၍ စစ်တွေရှိ လူစည်ကားရာ မြို့တော်ခန်းမ၊ တက္ကသိုလ်ဝန်းကျင်၊ အတုလမာရဇိန်နှင့် ရဲကျော်သူ ဘုရားကြီး၊ ဝေသာလီ အားကစားကွင်း၊ ဦးဥတ္တမပန်းခြံနှင့် လောကနန္ဒာစေတီ နေရာများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူခဲ့ကြသည်။
“လုံခြုံရေးယူထားတဲ့ ရဲတွေက အများကြီးပဲ၊ ၃ဝဝ ကျော်မယ်ထင်တယ်။ စောင့်နေကြတယ်” ဟု နာဇီရပ်ကွက်မှ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် တောင်ဘက်ခြမ်းရှိ တောင်ကုတ်တွင်လည်း ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ရဲတပ်ဖွဲ့ဝင် များသည် မြို့တွင်း၌ အချိန်ပြည့် ကင်းလှည့်လာခဲ့သည်။
“ရဲကား ၃ စီးလောက်နဲ့ ရဲ ၁ဝဝ လောက်က မြို့ထဲမှာ ဟိုပတ်ဒီပတ်နဲ့ လှည့်နေတယ်။ ကျနော်တို့ ထင်တာတော့ ဒေါ်စုကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ (အာဏာပိုင်များ) က မျက်ခြေမပြတ် စောင့်ကြည့်နေတဲ့ သဘောရှိတယ်” ဟု တောင်ကုတ်မြို့ခံက ဆိုသည်။
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ခြင်း၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခြင်းနှင့် ထောင်တွင်း အထူးတရားရုံး၌ စစ်ဆေးနေခြင်းကို ပြည်နယ် ဒေသခံများအနေဖြင့် မကျေနပ်ကြကြောင်း တောင်ကုတ်မှ အန်အယ်ဒီ လူငယ်တဦးက ပြောသည်။
“ကျနော်တို့လည်း မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ လိုအပ်ရင် လှုပ်ရှားမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်” ဟု သူက ပြောသည်။
စစ်တွေနှင့် တောင်ကုတ်သည် နိုင်ငံရေး လှုပ်ရှားမှု ဖြစ်လေ့ရှိပြီး၊ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ သံဃလှုပ်ရှားမှု ကာလ၌လည်း ဆန္ဒပြပွဲများ ဖော်ထုတ်ခဲ့သည့် မြို့နယ်များ ဖြစ်သည်။
source by : မဇ္ဈိမ
ရခိုင်ပြည်နယ် မြို့တချို့တွင် လုံခြုံရေး တင်းကျပ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment