တံခါးပိတ် တရားခွင် ပြန်ဖြစ်
ကာသပတေးနေ့၊ မေလ 21 2009 11:25 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ တရားခွင်ကိုတော့ တံခါးပိတ် တရားခွင်အဖြစ် ပြန်လည် ပြုလုပ်မှာ ဖြစ်သည်။
နိုင်ငံခြား သံတမန်များလည်း ဖိတ်ကြားခြင်း မခံရသလို ပြည်တွင်း ပြည်ပ သတင်းစာဆရာများလည်း ထပ်မံ ဖိတ်ကြားမှု မရှိတော့ပါ။
-------------------------------
မြန်မာ့အရေးအတွက် တရုတ်၊ အိန္ဒိယတို့နှင့် အမေရိကန် ဆွေးနွေးမည်
ကြာသပတေးနေ့၊ မေလ 21 2009 11:00 - မြန်မာစံတော်ချိန်
အမေရိကန်အနေဖြင့် လက်ရှိ ဖြစ်ထွန်းနေသော မြန်မာ့အရေးနှင့် ပတ်သက်၍ တရုတ်၊ အိန္ဒိယတို့နှင့် ဆွေးနွေး သွားရန် စီစဉ်ထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောဆို လိုက်သည်ဟု ပီတီအိုင် သတင်းတရပ်အရ သိရသည်။
၂ဝ၁ဝ ခုနှစ်အတွက် အမေရိကန်၏ ဦးစားပေး နိုင်ငံခြားရေး ပေါ်လစီအကြောင်း ကလင်တန်က ဆီးနိတ် လွှတ်တော်တွင် ယမန်နေ့က ထွက်ဆိုသွားရာတွင် မြန်မာ့အိမ်နီးချင်း နိုင်ငံကြီးနှစ်ခုဖြစ်သော တရုတ်နှင့် အိန္ဒိယတို့သည် အရေးပါသော နိုင်ငံများအဖြစ် ရှုမြင်ကြောင်း ပါရှိသည်ဟု ပီတီအိုင် သတင်းတွင် ပါရှိသည်။
-------------------------------
ဒေါ်အောင်ဆန်းစုကြည်အမှု ယမန်နေ့ တရားခွင်
ကြာသပတေးနေ့၊ မေလ 21 2009 10:16 - မြန်မာစံတော်ချိန်
အင်းစိန်ထောင်အတွင်း အထူးတရားရုံးတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကို တက်ရောက် နားထောင်ခွင့်ရသူများကို မေးမြန်း၍ မူကေးက သရုပ်ဖော်ပုံကြမ်း ရေးဆွဲထားသည်။
source by : မဇ္ဈိမ
ဒီနေ့ ကြားဖြတ်သတင်းများ ၂၁ မေ ၂၀၀၉
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment