၂၀၁၀ ထောက်ခံမဲရရေး ဗိုလ်သိန်းစိန် လိုင်းဖုန်းနှင့်မျှားခေါ်နေ

Friday, May 01, 2009 ·

သျှမ်းသံတော်ဆင့် | ယခုလနှောင်းပိုင်း၌ နအဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် ကျိုင်းတုံ - မိုင်းယန်းသို့ခရီးထွက်စဉ် “လူထု အတွက်လိုင်းဖုန်း ရာချီချ ပေးမယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာနိုင်ငံတော်အကျိုးပြုတဲ့ ပါတီကိုသာ ထောက်ခံမဲ ပေးရမယ်” ဟုဌာနပေါင်း စုံဝန်ထမ်း နှင့် လူထုကိုစည်းရုံးရန် သက်ဆိုင်ရာအာဏာပိုင်များကို မိန့်မှာခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

ဧပြီ ၂၅ ရက်က သျှမ်းပြည် နှင့် ကယားပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အတူ ကျိုင်းတုံမှ မိုင်းယန်းသို့ ဟတ်စကီးဖြင့် ထွက်လာရာ မိုင်းယန်းရှိ ဌာနပေါင်းစုံဝန်ထမ်းများ၊ ရပ်ကွက်ကျေး ရွာအကြီးအကဲများကို အစည်းအဝေးတရပ် ဆင့်ခေါ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြောဆိုတိုက်တွန်း မှုများရှိခဲ့ကြောင်း အမည်မဖေါ်လိုသူ ၀န်ထမ်းတဦးက သျှမ်းသံတော်ဆင့် သို့ ပြောပြပါသည်။

“မိုင်းယန်း လူထုအတွက် တယ်လီဖုန်း(လိုင်းဖုန်း) အလုံး ၂၀၀ ချပေးမယ်လို့ပြောတယ်။ မိုင်းယန်းမြို့နယ် လူထုအားလုံး နိုင်ငံတော်အတွက် အကျိုးပြုတဲ့ ပါတီကိုသာ ထောက်ခံမဲပေးဖို့ဒေသခံ ပြည်သူထဲ စည်းရုံးရေး ဆင်းရမယ်လို့ လဲပြော သွားတယ်” ဟု ဟုဆို၏။

မိုင်းယန်းမြို့ဒေသခံများမှာ ဈေးသက်သာပြီး အဆင်ပြေစွာ ခေါ်ဆိုဆက်သွယ်နိုင်သည့် တရုပ်လက်ကိုင် ဖုန်းများ ကိုင်တွယ် အသုံးပြုနေပြီဖြစ်နေကြောင်း၊ ခေါ်ဆိုဆက်သွယ်ရခက်ခဲသည့် စစ်အစိုးရ၏ လက်ကိုင်ဖုန်း/ လိုင်းဖုန်း များကို စိတ်မ၀င်စားကြ ကြောင်းပြောသည်ဟုဆို၏။

လိုင်းဖုန်းတလုံး ကာလပေါက်ဈေး ကျပ် ၂၃ သိန်း၊ GSM လက်ကိုင်ဖုန်း ၁၉ သိန်းရှိကြောင်း၊ စစ်အစိုးရ ချပေးသည့် ဖုန်းခကျပ် ၁၀ သိန်းကုန်ကျမည်ဟု ဆိုသော်လည်း တပ်ဆင်ပြီးစီးသည့်အထိ ပြင်ပဈေးနှင့် မခြားနားကြောင်း၊ တာချီလိတ် ဒေသခံတဦးက “အစိုးရချပေးရင် ၀န်ထမ်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေဘဲ၊ ဖုန်းရတဲ့ဝန်ထမ်းတွေက ပြင်ပပေါက်ဈေးနဲ့သူများကို ပြန်ရောင်းပေးတယ်” ဟုဆိုသည်။

“အခု ၀န်ကြီးချုပ်ပြောသွားတဲ့စကားအရဆိုရင် စစ်အစိုးရအလိုမကျတဲ့ပါတီကို ထောက်ခံမဲမပေးဖို့၊ မဆလ ကနေဆင်း သက်လာတဲ့ တစညပါတီ ဒါမှမဟုတ် ကြံ့ဖွတ်ကနေအသွင်ပြောင်းလာတဲ့ပါတီ တို့ကိုသာ ထောက်ခံမဲ ပေးကြပါ ဆိုတဲ့ သဘောဘဲ” ဟု အမည်မဖေါ်လိုသည့် ကျိုင်းတုံမြို့ခံ ၀န်ထမ်းတဦးကလဲဆိုသည်။

ရန်ကုန်ရောက်ကျိုင်းတုံအမျိုးသားတဦးကလည်း လတ်တလော၌ စစ်အစိုးရ၏ ရှေ့နေများ ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ အချက်အလက်များ ဖုတ်ပူမီးတိုက် ရေးဆွဲ နေကြကြောင်း၊ နိုင်ငံရေး ပါတီဖြစ်လာမည့် ကြံ့ဖွတ် လူမှုရေးအသင်း၏ လမ်း၊ တံတား စီမံကိန်းများတွင်အသုံးခဲ့သည့် ငွေရေးကြေးရေးအကြောင်းပြချက်ဖြင့် ပါတီ ထူထောင်ရေး၊ မဲဆွယ် စည်းရုံးရေးတို့ တွင် ငွေကြေး ဖေါဖါသီသီ သုံးဖြုန်းနိုင်ရန်လမ်းဖွင့် ပေးထားကြောင်း၊ စစ်အစိုးရ အသုံးစရိတ်ကို တောက်လျှောက် သုံးစွဲလာသည့် ကြံ့ဖွတ် အသင်း နိုင်ငံရေး ပါတီ အသွင်ပြောင်းလျှင် အမည် သုံးခုဖြင့် ခွဲပြီး ပါတီ ထောင်နိုင်ဖွယ် ရှိကြောင်း ပြောဆိုပါသည်။

source by : သျှမ်းသံတော်ဆင့်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */