ဘန်ကောက် မေဒေး ချီတက်ပွဲတွင် မြန်မာအလုပ်သမားများ ပါဝင်

Friday, May 01, 2009 ·

ဘစောတင် | ယနေ့ ကျရောက်သော (၁၁၉) ကြိမ်မြောက် ကမ္ဘာ့ အလုပ်သမားနေ့ (မေဒေးနေ့) နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ ဝန်ကြီးချုပ် ရုံးရှေ့တွင် အလုပ်သမား သုံးသောင်းကျော် ချီတက်ဆန္ဒပြကြရာ မြန်မာရွှေ့ပြောင်း အလုပ်သမား သုံးရာ ခန့် ပါဝင် ကြောင်း သိရသည်။

အဆိုပါ အလုပ်သမားများသည် ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ဘဝလုံခြုံရေးနှင့် လုပ်ခလစာ တိုးမြှင့်ရေးများ အပါအဝင် အလုပ်သမား အခွင့်အရေးများကို တောင်းဆို ဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် ထိုင်း အလုပ်သမား အဖွဲ့( Thai Domestic Workers’ Association) ခေါင်းဆောင် Mr. Bundit Pawwiset က ပြောသည်။

“ဒီနေ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေက ဝန်ကြီးချုပ်ရုံးကိုလာပြီး စုပေါင်း ချီတက် ဆန္ဒပြရတာက ထိုင်းအလုပ်သမား ဥပဒေမှာ ကျန်းမာရေးနဲ့ အသက်အာမခံကိစ္စတွေ ဘဝလုံခြုံရေး ကိစ္စတွေနဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ မှတ်ပုံတင်အသစ် ပြုလုပ် ပေးရေး၊ ထိုင်းအလုပ်သမား ကာကွယ် စောင့်ရှောက်ရေး ဥပဒေ စောင့်ရှောက်မှု အောက်မှာ လုံခြုံစွာ နေထိုင် နိုင်ရေး စတဲ့ အခွင့်အရေးတွေကို တောင်းဆိုကြတာပါ” ဟု ၎င်းက ပြောဆိုသည်။

ယင်းဆန္ဒပြ အလုပ်သမားများသည် သက်ဆိုင်ရာသမဂ္ဂ ကိုယ်စားပြု အရောင်များကို ဝတ်ဆင်ကာ ချီတက် ဆန္ဒပြကြခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

ဆန္ဒပြသူများထဲမှ မြန်မာရွှေ့ပြောင်းအလုပ်သမ မနွေးနွေးက“ ကျမတို့ အိမ်အလုပ်လုပ်သူတွေက ထိုင်း အလုပ်သမား ကာကွယ် စောင့်ရှောက်ရေး ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု မရှိဘူး။ ဒါကြောင့် အခက်အခဲတွေ ဖိနှိပ်မှုတွေများစွာနဲ့ ရင်ဆိုင်ရတယ်။ ဒီအလုပ်ကိုလည်း ထိုင်းအစိုးရက အတတ်ပညာနဲ့ ဆက်စပ်ပြီး လုပ်ရတဲ့ အလုပ်လို့ မမြင်ဘူး။ ဒီလိုပဲ အလုပ်ရှင် အများစုကလည်း ကျမတို့ကို အဆင့်အတန်းခွဲခြား ဆက်ဆံတယ်။ နှိမ်တယ်။ အဲဒီ အတွက် ကျမတို့ အနေနဲ့ ထိုင်းအလုပ်သမား ကာကွယ်ရေး ဥပဒေ အောက်မှာ အလုပ်လုပ်လိုတဲ့ အတွက် လာရောက် ဆန္ဒပြခြင်း ဖြစ်တယ်” ဟု ပြောဆိုသွားသည်။

National Christian Catholic Misson မှ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ခံ ကိုသန်းဖေ ကလည်း “ကျနော်တို့ အလုပ် သမားတွေ ထိုင်းအလုပ်သမား ကာကွယ်ရေးဥပဒေရဲ့အောက်မှာ အတူယှဉ်တွဲလုပ်ကိုင်ကြဖို့ ရွှေ့ပြောင်းအလုပ်သမား တွေ ကို လွတ်လပ်စွာ သွားလာ နေထိုင် ခွင့်ရဖို့ အတွက် လာရောက် ဆန္ဒပြခြင်း ဖြစ်တယ်” ဟု ပြောပြသည်။

အလားတူ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဦးဆောင်၍ မြန်မာအလုပ်သမား (၁၅ဝ)ခန့်က ထိုင်းနိုင်ငံ ဗဟိုအမျိုးသား သွေးလှူဘဏ်၌ မေဒေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့ကြသည်။

ယခု သွေးလှူဒါန်း ပွဲသည် ရောင်ခြည်ဦးအဖွဲ့ အနေဖြင့် ငါးကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအဖွဲ့မှ သွေးလှူရှင် မောင်မိုးနိုင်က“ကျနော်တို့တွေ မေဒေးနေ့နဲ့ ရွှေ့ပြောင်းအလုပ်သမားနေ့တိုင်း တနှစ်ကို နှစ်ကြိမ် ဒီနေရာ မှာလာပြီး သွေးလှူတယ်။ ရည်ရွယ်ချက်ကတော့ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့လို ဘဝတူ အလုပ်သမားတွေ အကြပ် အတည်းမှ လွတ်မြောက်စေဖို့၊ သွေးအခက်အခဲ ဖြစ်နေတဲ့ ဝေဒနာရှင်တွေလည်း ပျောက်ကင်း သက်သာပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်လှူဒါန်းခြင်း ဖြစ်ပါတယ်”ဟု ထုတ်ဖော် ပြောဆိုသည်။

ကမ္ဘာ့အလုပ်သမားနေ့“မေဒေး”နေ့အဖြစ် ၁၈၈၉ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသည့် အပြည်ပြည် ဆိုင်ရာ ဆိုရှယ်လစ်များ ဒုတိယ အကြိမ် ညီလာခံမှ မေလ ၁ ရက်နေ့ကို သတ်မှတ်ပေးလိုက်ခြင်းဖြစ်ပြီး ထိုနေ့တွင် ကမ္ဘာတဝန်းရှိ အလုပ်သမားများက အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်များကို တောင်းဆို ဆန္ဒပြ ပွဲများ ပြုလုပ်ကြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */