လုံခြုံရေးရဲများ ထောင်ရှေ့မှ ပျောက်သွား အရပ်ဝတ်ဖြင့် လမ်းသွယ်များတွင် ချထား

Thursday, May 21, 2009 ·

NEJ | ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမ၊ အမေရိကန်နိုင်ငံသား Mr. Yettaw တို့အပေါ် စွဲဆိုထားသော အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ စတုတ္ထနေ့အဖြစ် ယနေ့ ဆက်လက် စစ်ဆေး ကြားနာရာတွင် အင်းစိန်အကျဉ်းထောင်ရှေ့၌ လုံခြုံရေးများ အလွန်နည်းပါးစွာတွေ့ရကြောင်း မျက်မြင် တဦးကပြောသည်။

“အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းမပေါ်ရှိ အင်းစိန်အကျဉ်းဦးစီးရှေ့မှာ ယူနီဖောင်းဝတ် လုံခြုံရေးတွေ ခါတိုင်း နေ့တွေ နဲ့စာရင် သိပ်နည်းနေတာတွေ့ရပြီး လုံခြုံရေးရဲကားတွေလည်း မတွေ့ရသလောက်ပဲ” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေရာ အင်းစိန်ထောင်ဘူးဝရှေ့ လမ်းမကြီးတွင် ချထားသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို အဆိုပါ လမ်းမကြီးပတ်ဝန်းကျင် လမ်းသွယ်များနှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတို့တွင် ဖြန့်ခွဲနေရာချထားကြောင်း အင်းစိန်မြို့ခံတဦးက ပြောသည်။

၎င်းက “မနေ့ကစပြီး ဘူးရှေ့က လမ်းမကြီးကို သတင်းထောက်တွေ၊ နိုင်ငံခြားသံတမန်တွေ လာမှာမို့လို့ လုံထိန်း ကားတွေနဲ့ ရဲတွေကို လမ်းသွယ်တွေထဲ ပြောင်းပြီး ချထားလိုက်တာ။ အင်အားလျှော့ချလိုက်တာ မဟုတ်ဘူး။ စကားပြောစက်တွေနဲ့ ဆက်သွယ်ပြီး တစုံတခု အရေးယူချင်တယ်ဆိုတာနဲ့ လမ်းမပေါ်ထွက်နိုင်အောင် ပြင်ဆင်ထား ကြတာ။ ဈေးကုန်း ပရိယတ္တိ စာသင်တိုက်လို ကျောင်းဝင်းထဲမှာလည်း စခန်းချနေကြတယ်။ လမ်းသွယ်တွေထဲမှာ နေရာချထားတဲ့ လုံထိန်းကား စုစုပေါင်း (၁ဝ) စီးကျော် ရှိမယ်။ ရဲသားအင်အား ရာကျော်ရှိမယ်” ဟု ပြောသည်။

အဆိုပါ လမ်းမကြီးတလျှောက် ဂိတ်များ ချထားမှုမှာ ယခင် နေ့များအတိုင်းဖြစ်ပြီး ကားများ ဖြတ်သန်းသွား လာခွင့်ကိုလည်း ပိတ်ပင်ထားဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူမျာကလည်း လာရောက် စုရုံးဆဲဖြစ်သည်။

အင်းစိန်ဈေးကြီး မြေညီထပ်နှင့်ပထမထပ်တို့တွင် အရပ်ဝတ်လုံခြုံရေးများ ချထားပြီး လျှို့ဝှက်စွာ ဓာတ်ပုံ၊
ဗီဒီယို ရိုက်ကူးခြင်းများ၊ လက်ကိုင်ဖုန်း ကိုယ်စီဖြင့် တဦးနှင့်တဦး ဆက်သွယ်မှုများ ပြုလုပ်နေကြောင်း ဈေးသည် များက ပြောသည်။

“အရပ်ဝတ်လုံခြုံရေး (၅၀) ကျော်လောက်က အင်းစိန်ဈေးကြီးအရှေ့ဘက်၊ ပုဂ္ဂလိက အပေါင်ဆိုင်နဲ့ tip top အင်တာနက်ဆိုင် ၀န်းကျင်မှာရှိတဲ့ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ပြည်သူတွေရဲ့ တဦးချင်း လှုပ်ရှားမှုတွေကို စောင့် အကဲခတ်နေကြတယ်” ဟု ဈေးသည်တဦးက ပြောသည်။

ယမန်နေ့ ညနေကလည်း အန်အယ်လ်ဒီ ရွှေဂုံတိုင်ရုံးချုပ်မှ ပြန်လာသော လူငယ်များ နောက်သို့ ထောက်လှမ်းရေးဟု ယူဆရသူ (၂) ဦးက ခရီးသည်တင်ကားပေါ်အထိ လိုက်လာကြောင်း အန်အယ်လ်ဒီ လူငယ်များက ပြောသည်။

ယနေ့နေ့လယ်ပိုင်းအထိ တရားခွင်သို့ မည်သည့်ယာဉ်အ၀င်အထွက်မှ မရှိဘဲ အခြေအနေသည် တည်ငြိမ် အေးချမ်း လျက်ရှိကြောင်း သိရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်သတင်းကို ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်ပြသခဲ့သကဲ့သို့ သတင်းစာများ ထဲတွင်လည်း ဖော်ပြခဲ့ခြင်းကြောင့် ယနေ့ထုတ် သတင်းစာများ အလွန်ရောင်းကောင်းခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */