အဖမ်းခံထားရသူ အမေရိကန်နိုင်ငံသား သံရုံးနှင့် တွေ့ပြီ

Thursday, May 14, 2009 ·

မိုးမခ AP | မြန်မာအာဏာပိုင်တို့က အမေရိကန် သံတမန်တဦးကို ပြီးခဲ့သည့်အပတ်က အင်းလျားကန်တွင် အဖမ်းခံရသူ အမေရိကန် နိုင်ငံသားထံ သွားရောက် တွေ့ဆုံခွင့် ပြုလိုက်ကြောင်း ယနေ့ညနေ ရုပ်မြင်သံကြား သတင်းတွင် ကြေညာသည်။ အဖမ်းခံထားရသူသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက် ခဲ့သူဖြစ်သည်ဟု ဆိုသည်။

နိုင်ငံပိုင် ရုပ်သံသတင်းတွင် John William Yettaw နှင့် ကောင်စစ်ဝန် Colin Furst တို့ တွေ့ဆုံစဉ် ရိုက်ကူး ထားသော ဓာတ်ပုံကို ပြသသွားသည်။

အမေရိကန် သံတမန်တဦးက ထိုသို့ တွေ့ဆုံခဲ့ကြောင်း အတည်ပြုသည်။ နာရီဝက်ကြာ တွေ့ခဲ့သည်ဟု ဆိုသည်။ အဖမ်းခံထားရသူသည် ကျန်းမာရေး ကောင်းမွန် ဟန်ရှိသည်။ ကောင်းမွန်စွာ ဆက်ဆံခံရကြောင်း ပြောပြသည်ဟု ဆိုသည်။

သံတမန်၏ ပြောပြချက်အရ ဖမ်းဆီးထားသူမှာ မည်သည့် ပုဒ်မနှင့်မျှ စွဲဆိုခံထားရခြင်း မရှိဟု သိရသည်။ အသေးစိတ် ပြောပြခြင်း မရှိသော်လည်း ဤကိစ္စမှာ အမှားအယွင်းမခံနိုင်သည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။

မေလ ၆ ရက်နေ့က အဆိုပါ ပုဂ္ဂိုလ် ဖမ်းဆီးခံရပြီးနောက် ပထမဆုံးအကြိမ် သံရုံးအရာရှိတဦး သွားရောက် တွေ့ခွင့်ရခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ဒေါ်စု၏ အိမ်အတွင်း ၂ ၇က်ကြာ လျှို့ဝှက် နေထိုင်ခဲ့သည်ဟု ဆိုသည်။

သံရုံးက သွားရောက် တွေ့ဆုံသည့် နေရာမှာ ရန်ကုန်မြို့ အောင်သပြေ ရဲစခန်းတွင် ဖြစ်သည်ဟု ရုပ်သံ သတင်းက ဆိုသည်။ ဤစခန်းသည် ယခင်က နိုင်ငံရေးသမားများကို ထိန်းသိမ်း၊ စစ်ကြောသည့် စခန်း ဖြစ်သည်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */