မိုးမခ အထောက်တော် | ရန်ကုန်အချိန် ကြာသာပတေး နံနက်တွင် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် အကျယ်ချုပ်ကျခံနေရသူ အင်န်အယ်ဒီ ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တအိမ်တည်း အတူ နေထိုင်သူ အမျိုးသမီး ၂ ဦးကို အင်းစိန် ထောင်ရှိ တရားရုံးသို့ ခေါ်ထုတ် စစ်ဆေးမည်ဟု ပြင်ဆင်နေကြောင်း ရန်ကုန်ရှိ သတင်းရပ်ကွက်တခုက ဆိုလိုက်သည်။
မေလ ၆ ရက်နေ့က အမေရိကန်နိုင်ငံသားတဦး ဒေါ်အောင်ဆန်း စုကြည် နေအိမ်သို့ အင်းယားကန်ကို ဖြတ်ကူးပြီး ၀င်ရောက်ခဲ့သဖြင့် စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းသတင်းစာများတွင် ဖော်ပြခဲ့သည်။ ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး အင်းစိန်ထောင်တရားရုံးသို့ ဆင့်ခေါ်ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြောင်း ၎င်းတို့က ပြောကြားသည်။
မေလ ၆ ရက်နောက်ပိုင်းတွင် ဒေါ်စု၏ ကျန်းမာရေး စစ်ဆေးခွင့်၊ ဆေးကုသခွင့်များကို စစ်အစိုးရက တားဆီး ပိတ်ပင်ခဲ့သည့်အပြင် ၎င်းဆရာဝန် ဒေါက်တာ တင်မျိုးဝင်းကိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တရားရုံးထုတ်ရာတွင် အဆိုပါ ဆရာဝန်ကိုပါ ခေါ်ထုတ် စစ်ဆေး မည်ကို အတိအကျ မသိရသေးပေ။ ဒေါ်အောင်ဆန်း စုကြည်၏ နိုင်ငံရေးပါတီ အင်န်အယ်ဒီက ဗဟိုအလုပ်မှုဆောင်များက ဒေါ်စု အတွက် စိုးရိမ်ပူပန်ကြောင်း၊ လွတ်လပ်စွာ ဆေး ကုသခွင့် ပြုစေလိုကြောင်း ထုတ်ပြန် ကြေငြာခဲ့သည်။
အမေရိကန်အစိုးရနှင့် ဥရောပသမဂ္ဂတို့က ဒေါ်စုကို လွတ်လပ်စွာ ဆေးကုသခွင့်ပေးရန်၊ ၎င်း၏ ဆရာဝန်နှင့် ရှေ့နေတို့ဖြင့် တွေ့ဆုံခွင့် ပေးရန်တို့ကို အမြန်ဆုံး ဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ အကျယ်ချုပ်သက်တမ်း မေ ၂၇ တွင် ၆ နှစ် ပြည့်တော့မည့် အတိုက်အခံ ခေါင်းဆောင်ကို အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း ကြေငြာချက်များ အသီးသီး ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ပြည်ပရောက် မြန်မာအဖွဲ့အစည်းအသီးသီးကလည်း အလားတူ သဘောထားများ ထုတ်ပြန်ခဲ့ကြပြီး ပြည်ပ နိုင်ငံ အသီးသီးရှိ မြန်မာ သံရုံးများရှေ့တွင် ဆန္ဒပြကန့်ကွက်ကြရန် ပြင်ဆင်နေကြသည်ကိုလည်း တွေ့ရသည်။ လာမည့် သောကြာနေ့၊ နယူးယောက်မြို့က မြန်မာ ကောင်စစ် ၀န်ရုံးရှေ့တွင် နေ့ခင်း ၁၂ နာရီက စတင်ပြီး မြန်မာပြည် အရေးလှုပ်ရှားသူများ စုဝေးကြပြီး စစ်အစိုးရ၏ မတရားမှုများကို ဆန္ဒြုပကန့်ကွက်ကြရန် စည်းရုံးနေကြသည်ကို တွေ့ရသည်ဟု ဆိုသည်။
ပြည်ပရောက် သက်ကြီးစာပေ အနုပညာရှင် မောင်စွမ်းရည်က - စစ်အစိုးရအနေနှင့် ၎င်းတို့ကိုယ်တိုင် အကျယ်ချုပ်ချဖမ်းဆီးထားသူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် ကျန်းမာရေးကို ယခုကဲ့သို့ တာဝန်ယူ အာမခံနိုင်ခြင်း မရှိသဖြင့် ဆက်လက်ပြီး ဖမ်းဆီး ထိန်းသိမ်းထားခြင်းငှာ မထိုက်တော့ကြောင်း၊ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးသင့်ပြီ ဖြစ်ကြောင်း၊ ထို့အတူ ၎င်းတို့ကိုယ်တိုင်တာဝန်ယူပြီး ကျန်းမာရေး၊ လုံခြုံရေးနှင့် အထွေထွေအာမခံချက် မပေးနိုင်ဘဲ ဖမ်းဆီးထားသော မြန်မာပြည် အနှံ့အပြားရှိ ထောင်များ၊ ရဲဘက်စခန်းများသို့ ပို့ဆောင်ထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုလည်း လွှတ်ပေးရန် သင့်နေပြီ ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထို ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများ၏ အသက် အန္တရာယ်နှင့် ကျန်းမာရေး၊ လုံခြုံရေး ကိစ္စ အ၀၀တို့ ဆက်လက် ထိခိုက်ပျက်စီးခြင်းများ မဖြစ်ရအောင်၊ ကာကွယ် စောင့်ရှောက်ရန် စစ်အစိုးရအတွက် အချိန်ကောင်းပင် ဖြစ်ကြောင်း၊ ထိုသို့ မေတ္တာ ရပ်ခံလိုကြောင်း - ၎င်း၏ သဘောထားကို ထုတ်ဖော် ပြောကြားသည်။
source by : မိုးမခ
ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တရားရုံးသို့ ခေါ်ထုတ်ပြီး စစ်ဆေးမည်ဟု သတင်းထွက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment