၃ လစာ ကြိုတင်ငွေပေးနေရ ဖုန်း ပြောခ

Wednesday, May 06, 2009 ·

မျိုးကြီး | ရွှေလီ (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဗန်းမော်မြို့ရှိ တယ်လီဖုန်း သုံးစွဲသူများသည် ယခုလမှစတင်၍ တယ်လီဖုန်း လိုင်းကြေးအတွက် ကြိုတင်ငွေအဖြစ် ၃ လစာ ပေးသွင်းရပြီ ဖြစ်သည်။

ယခင်က မြန်မာ့ ဆက်သွယ်ရေးဌာနမှ တပ်ဆင်ထားပေးသည့် လိုင်းဖုန်း GSM (mobile) များ၏ ဖုန်းပြောခ ကုန်ကျငွေများကို တလလျှင် တကြိမ်သာ ပေးသွင်းခဲ့ရသော်လည်း၊ ပြီးခဲ့သည့် လကုန်ပိုင်းက မြို့နယ် ဆက်သွယ်ရေး ဦးစီးဌာနများ၏ အကြောင်းကြားစာအရ ယခုလမှ စတင်၍ ၃ လစာ ကြိုတင်ပေးသွင်းကြရခြင်း ဖြစ်သည်။

''အရင်က တလတခါ လစဉ်သွင်းရတာပေါ့။ အခု စာပို့ထားတယ်၊ ကြိုတင်ငွေသွင်းဖို့ အကြောင်းကြားတာပါပဲ။ ဖုန်းပြောခ တလ ကျပ် ၃ သောင်းအထက်ကနေ ၄ သောင်းအထက်ရှိရင် ၃ လစာအတွက် တသိန်းခွဲပေါ့။ ကျပ် ၅ သောင်းအထက်ကနေ ၁ သိန်းအထိက ၃ သိန်းပေါ့။ ကျပ် ၅ ထောင်ကျရင် ၂ သောင်း သွင်းရတယ်'' ဟု ဗန်းမော်မြို့မင်းကုန်းရပ်မှ ကိုထွန်းက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ခံ လူငယ်တဦးကလည်း ''ညွန်ကြားစာကို ဖုန်းရှိတဲ့ အိမ်တွေကို လွန်ခဲ့တဲ့လက ပို့ထားတယ်။ အခုနောက်ဆုံး ဖုန်းခ ဘယ်လောက် ကျသလဲဆိုတာကို ကြည့်ပြီးမှ အဲဒီနှုန်းအတိုင်း ၃ လအတွက် တခါထဲ ပေးလိုက်ရတာပေါ့။ ၅ သောင်း ပတ်ဝန်းကျင် ကျတဲ့နှုန်းက ၁ သိန်းခွဲ ထည့်ရတယ်။ ၃ သောင်း ပတ်ဝန်းကျင် ကျတဲ့ဟာက ၁ သိန်း ပေးရတယ်'' ဟု ပြောသည်။

လက်ရှိ ဖုန်းဆက်သွယ်ပြောဆိုခကို ကြိုတင် ၃ လစာ သတ်မှတ်ပေးရသည်မှာ ယခုလ ၁ ရက်နေ့မှ ဇူလိုင်လကုန် အထိ ဖြစ်သည်။

တကြိမ်ထဲနှင့် ၃ လစာ ပေးသွင်းခိုင်းလိုက်သဖြင့် လူအများကို အခက်အခဲဖြစ်စေကြောင်း မြို့ခံလူငယ်က ဆိုသည်။

''ဖုန်းဆက်သွယ်တာကို ထိန်းချုပ်ချင်တာပေါ့။ ကြိုတင်ငွေ ထည့်ထားတော့ ငွေမရှိရင် မထည့်နိုင်တာရယ်၊ ဖုန်းပြောတဲ့အခါ ငွေချွေတာ ရတာရယ်။ အဲလိုအခက်အခဲတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်တော့ ငွေကို တလုံးထဲ ပေးရတဲ့အတွက် ကျပ်တည်းနေတဲ့ အခါ ငွေကို လိုက်ရှာနေရတာ။ ဒါမျိုးတွေ ကြုံတွေ့နေတာပေါ့” ဟု သူက ပြောသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */