ရွေးကောက်ပွဲ ၀င်ရေး NLD မဆုံးဖြတ်နိုင်သေး

Tuesday, April 28, 2009 ·

ကိုစိုး | ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ်မည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အထူးအစည်း အဝေးတွင် ဥက္ကဌ ဦးအောင်ရွှေက ပြောကြား လိုက်သည်။


ဥက္ကဌ ဦးအောင်ရွှေ ယနေ့ အစည်းအဝေး အဖွင့် မိန့်ခွန်းပြောကြားနေစဉ်
(ဓာတ်ပုံ - AP)
“ဒီင်္မိုကရေစီ စည်းမျဉ်း စည်းကမ်း တွေပေါ် အခြေခံမခံကို ကျနော်တို့ စောင့်ကြည့် ရပါမယ်”ဟုလည်း ဦးအောင်ရွှေ က အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

NLD ပါတီ ရုံးချုပ်တွင် ကျင်းပသည့် အထူး အစည်းအဝေး၌ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၉၀ ကျော် အပါအ၀င် တိုင်းနှင့် ပြည်နယ် စည်းရုံးရေး တာဝန်ခံ အဆင့် ၆၀ ကျော် တက်ရောက်ကြသည်။

“ဒီနေ့ အစည်းအဝေးမှာ လူ ၁၅၀ လောက် အနည်းဆုံး တက်ရောက်ပြီး အဖွင့် အမှာစကားကို ဗဟိုအလုပ် အမှု ဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပါတယ်”ဟု အစည်းအဝေး တက်ရောက် နေသည့် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း က ပြောပြသည်။

၂ ရက်ကြာပြုလုပ်မည့် ၎င်းအထူး အစည်းအဝေးတွင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြန်လည် သုံးသပ်ရေး အပါအ၀င် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုနှင့် ပတ်သက်ပြီး ပါတီ၏ ရပ်တည်ချက် စသည့် အဓိက အကြောင်းအရာများကို ဆွေးနွေး ညှိနှိုင်းမည် ဖြစ်ကြောင်း NLD ပြောရေး ဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။

အစည်းအဝေးနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ ယခုအချိန်တွင် မပြောကြားနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။

“မကြာခင်မှာ ကျနော်တို့ ကြေညာချက် ထုတ်ဖို့ ရှိပါတယ်၊ လူတွေ စိတ်ဝင်တစား ပြောဆို ဆွေးနွေး နေကြတဲ့ ကိစ္စ တွေပဲ ဖြစ်ပါ လိမ့်မယ်”ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

NLD သည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ယခင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ တခုသည် မဲဆန္ဒ နယ်မြေ အနည်းဆုံး ၃ နေရာဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုပါက ယင်းပါတီသည် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်ကြောင်း ပြဌာန်းထားသည်။

“တကယ်လို့ ရွေးကောက်ပွဲ မဝင်ဘူး၊ မှတ်ပုံမတင်ဘူး ဆိုရင် NLD ဘာဆက်လုပ်မလဲ၊ ဒါဟာ NLD အတွက် စိန်ခေါ်မှုပဲ”ဟု NLD လွတ်မြောက်နယ်မြေ မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးညိုအုန်းမြင့်က ပြောသည်။ NLD ပါတီသည် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၉၂ ဦး ထဲမှ အများအပြားကို စစ်အစိုးရက ဖိအားပေး နှုတ်ထွက်စေခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် တချို့မှာ လွတ်မြောက် နယ်မြေသို့ ထွက်သွား ခဲ့ကြသည်။

၁၉၉၇ ခုနှစ်က ယခုကဲ့သို့ NLD ပါတီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အထူး အစည်းအဝေး ကျင်းပရန် စီစဉ်ခဲ့ သော်လည်း ရာနှင့် ချီသည့် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် ပါတီဝင်များ ကို စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */