ထိုင်းနိုင်ငံမှာ ၀က်တုပ်ကွေးအန္တရာယ် တပ်လှန့်ထား

Tuesday, April 28, 2009 ·

ဘန်ကောက်ပို့စ် | သေမင်းဗိုင်ရပ်စ်ပိုး ကမ္ဘာအနှံ့ဖြစ်ပွားနေတဲ့အချိန်၊ ထိုင်းနိုင်ငံရဲ့အဓိကလေဆိပ်တွေမှာ အပူချိန်တိုင်းတာစက်တွေ တပ်ဆင်နေ တာအပြင် ၀က်တုပ်ကွေးကြိုတင်တားဆီးကာကွယ်မှုတွေကို တင်းတင်း ကြပ်ကြပ် စတင်လုပ်ဆောင်နေပါတယ်။

တနေ့က သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အပူချိန်တိုင်းတာစက် ၃ လုံးတပ်ဆင်ပါတယ်။ ဖူးခက်နဲ့ ချင်းမိုင် လေဆိပ် မှာလည်း ဒီပစ္စည်းတွေ တပ်ဆင်ခဲ့ပါတယ်။ ဒီစက်က လူတွေရဲ့ခန္ဓာကိုယ် အပူချိန်ကို စစ်ဆေးပေးပါတယ်။ H1N1 သေမင်းတမန် ဗိုင်းရပ်စ်ပိုးကို မက္ကစီ ကို၊ အမေရိကန်ပြည်ထောင်စု၊ကနေဒါနဲ့စပိန်နိုင်ငံတို့မှာ ရှာဖွေတွေ့ရှိပြီး သြစတြေးလျနဲ့ နယူးဇီလန်တို့မှာလည်း တွေ့နေသလို ပါပဲ။

မက္ကစီကိုမှာ ဒီတုပ်ကွေးကြောင့် ၁၀၃ ယောက်သေသွားပါပြီ။ ၁၆၁၄ ယောက်ကတော့ ၀က်တုပ်ကွေး ဖြစ်နေတယ်လို့ သံသယ ရှိနေပါ တယ်။ အမေရိကန်မှာ အနည်းဆုံး ၂၀၊ ကနေဒါမှာ ၆ ယောက်နဲ့စပိန်မှာ ၁ယောက် ဖြစ်နေတယ်လို့ သံသယရှိနေပါတယ်။

ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက လေဆိပ်နဲ့ပူးပေါင်းပြီး တုပ်ကွေးနဲ့တူတဲ့လက္ခဏာတွေ့ရတဲ့ ခရီးသည် တွေကို အနီးကပ် စောင့်ကြည့် စစ်ဆေးပါတယ်။ “အဖျားရှိတဲ့သူတွေကို ကျန်းမာရေးအရာရှိက သူတို့ရဲ့ ဖျားနာမှု သမိုင်းကို မေးရ ပါမယ်” လို့ ကျန်းမာရေးဝန်ကြီး Witthaya Kaewparadai က ဆိုပါတယ်။ “သံသယရှိသူတွေကို ထိုင်းနိုင်ငံ နေစဉ် အတောအတွင်းမှာ ၃ရက်ကနေ ၅ရက်ထိ အနီး ကပ်စောင့်ကြပ်ကြည့်ရှုရပါမယ်” လို့ ၀န်ကြီးက ဆိုပါတယ်။

အပူချိန်တိုင်းစက်ရဲ့အဓိကပစ်မှတ်ကတော့ မက္ကဆီကိုလေကြောင်းလိုင်းနဲ့ဆက်စပ်နေတဲ့ ပြင်သစ်၊ တိုကျို၊ ဒူဘိုင်း၊ ဖရန့် ဖတ်၊ လန်ဒန်၊ ချီကာဂို၊ လော့စ်အိန်ဂျယ်လိစ်နဲ့တက္ကဆက် စတဲ့ လေကြောင်းလိုင်း ၈ခုကလာတဲ့ ခရီးသည်တွေ ဖြစ်တယ်လို့ သုဝဏ္ဏဘုမ္မိလေဆိပ် ညွှန်မှူး Prasutanond က ပြောပါတယ်။ ထိုင်းနဲ့မက္ကဆီကို အကြား တိုက်ရိုက် လေယာဉ်ပျံသန်းမှုမရှိပါဘူး။ ဒီလေကြောင်းလိုင်းတွေက နေ ထိုင်းနိုင်ငံကို နေ့စဉ် ခရီးသည် ၃၀၀၀ ရောက်ရှိပါတယ်။

ထိုင်းနိုင်ငံထဲကို ဒီတုပ်ကွေးရောက်ရှိပြန်နှံ့တာနဲ့ပတ်သက်ပြီး အစိုးရိမ်ရဆုံးကတော့ နိုင်ငံခြားကနေ လေကြောင်း လိုင်းနဲ့ လာတဲ့ခရီးသည် တွေပဲ လို့ ချူလာလောင်ကွန်းတက္ကသိုလ်၊ တိရစ္ဆာန် ဆေးကုသရေး သိပ္ပံ ဌာနကြီးက ၀က်တုပ်ကွေး ရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ၊ Roongroje Thanawongnuwech က ဆိုပါတယ်။ “အရေးကြီးဆုံး တိုင်းတာမှု လုပ်ဖို့လိုတာကတော့ ရောဂါဖြစ်တဲ့တိုင်းပြည်က လေယာဉ်နဲ့လာတဲ့ခရီးသည်တွေကို အနီးကပ်ကြပ်မတ်စောင့်ကြည့်ဖို့ ပဲ” လို့ သူက ရေဒီယို ကနေ ပြောပါတယ်။

လူတွေနဲ့ဝက်တွေကို သေမင်းတမန်ဗိုင်းရပ်စ်ပိုးကနေ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တာတွေ ဆောင်ရွက် ထားဖို့နဲ့ ဖြစ်လာရင် စောင့် ကြည့်ဖို့ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ကုသမှုဌာနတွေကို ဖွဲ့စည်းထားဖို့ စိုက်ပျိုးရေးနဲ့ သမ၀ါ ယမ၀န်ကြီး Theera Wongsamut က မွေးမြူရေးဖွံ့ဖြိုးမှုဌာနကို ညွှန်ကြားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မွေးမြူရေးဌာနအရာရှိတွေဟာ ကျန်းမာ ရေးအာဏာပိုင်တွေနဲ့ အတူ အသင်းဖွဲ့ လှုပ်ရှား ရမယ်။ လို့သူကပြောပါတယ်။

ဝက်မွေမြူရေးသမားတွေက တခြားတိရစ္ဆာန်တွေနဲ့ဝက်တွေကို ခွဲထားဖို့၊ အထူးသဖြင့် ငှက်တွေကို ဗိုင်းရပ်စ်ပိုး သန္ဓေပြောင်းမှု မဖြစ်အောင် တားဆီးကာကွယ်ဖို့ ၀န်ကြီးက အကြံပြုထားပါတယ်။ ၀က်တွေဟာ မျိုးဗီဇအရ လူတွေနဲ့နီးစပ်ပြီး လူတုပ်ကွေးနဲ့ ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး၂ခုစလုံးက ကူးစက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် ၀က်တွေက မျိုးဗီဇပစ္စည်း တွေရောစပ်ဖို့အတွက် ရောမွှေအိုးကြီး(mixing vessel) အဖြစ် လုပ်ပေးနိုင်ပါတယ်။ တုပ်ကွေးဖြစ်နေပုံရတဲ့ မွေးမြူရေးခြံ လုပ်သားတွေနဲ့လူတွေဟာ တိရစ္ဆာန်တွေနဲ့ ထိတွေ့တာ ကို ရှောင်ရပါမယ်။ တကယ်လို့ ၀က်တွေဖျား တယ်ဆိုရင် နှာခေါင်းတွေနီ လာတယ်၊ အစာမစား တော့ဘူး။ ဒီလိုဖြစ်လာရင် ၀က်မွေးမြူရေးသမားတွေက သက်ဆိုင်တဲ့အရာရှိတွေကို သတိပေးရပါမယ် လို့ ၀န်ကြီးက ပြောပါတယ်။ ၀က်အရှင်တွေနဲ့ဝက်သားတင်ပို့တာတွေနဲ့ အမေရိကန်နဲ့မက္ကစီကိုကလာတဲ့ ၀က်သားနဲ့ ပတ်သက်တဲ့ စားစရာတွေကို ကျန်းမာရေးဌာနက တားမြစ်ထားပါတယ်။

ဝက်တုပ်ကွေးရောဂါဟာ သာမန်ဝက်ရောဂါဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒီမှာ စစ်ဆေး တွေ့ရတဲ့ ဗိုင်းရပ်စ် ပိုးက မက္ကစီကိုမှာတွေ့တဲ့ အဆင့်မြင့်ဗိုင်းရပ်စ်ပိုးနဲ့မတူဘူးလို့ မွေးမြူရေးဖွံ့ဖြိုးမှုဌာန ဒုတိယ အကြီးအကဲ က ပြောပါတယ်။ ထိုင်းနိုင်ငံမှာတွေ့ရ တဲ့ဝက်တုပ်ကွေးဖြစ်တဲ့ဝက်တွေအများစုက ၀က်တုပ်ကွေး ဗိုင်းရပ်စ်ပိုး အပျော့စား ဖြစ်ပြီး တိရစ္ဆာန်တွေကနေ လူတွေကို မကူးစက်နိုင်ပါ ဘူး။ လို့ ဒေါက်တာ Trissadee က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အခုထိ မက္ကစီကို ၀က်တုပ်ကွေးကနေ ကင်းလွတ်နေတုန်းပါပဲလို့ အတည်ပြုပြောလိုက်ပြီး ရောဂါ ထိန်းချုပ်ရေး ဌာနက ပြောရေးဆိုခွင့်ရှိသူ Kamnuan Ungchusak က ဒီရောဂါနဲ့ပတ်သက်ပြီး ထိတ်လန့် နေကြတဲ့ ပြည်သူလူထုကို စိတ် အေးစေပါတယ်။

အမျိုးသားတုပ်ကွေးဌာနကလည်း အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်လို့ သူက ဆိုပါတယ်။ “၀က်တုပ်ကွေး တားဆီး ကာကွယ်တာတွေကို ထိထိရောက်ရောက်စောင့်ကြည့်နေတာတွေက တိုင်းပြည်ကို ဒီရောဂါမဖြစ် အောင် အကာအကွယ် ပေးပါမယ်” လို့ ဒေါက်တာ Kamnuan က ပြောပါတယ်။ နှိုင်းယှဉ် ကြည့်မယ် ဆိုရင် ငှက်တုပ် ကွေးရောဂါဖြစ်တဲ့သူတွေမှာ သေနှုန်း ၆၀% ရှိပြီး ၀က်တုပ် ကွေးရောဂါ ဖြစ်တဲ့ သူတွေရဲ့သေနှုန်းက ၆%ပဲရှိပါတယ်။

ငှက်တုပ်ကွေးရောဂါကုတဲ့ Oseltamivir ဆေးကလည်း ၀က်တုပ်ကွေးဖြစ်တဲ့သူတွေကုဖို့လည်း ထိရောက် ပါတယ်လို့ ဒေါက်တာ Kamnuan က ပြောပါတယ်။ လူနာ ၁၇,၀၀၀ အတွက်လုံလောက်တဲ့ Oseltamivir ဆေးပြားပေါင်း ၁၇၀,၀၀၀ ကို လှောင်ထား တာ ရှိတယ်၊ တကယ်လို့ ဖြစ်လာခဲ့ရင်လည်း ဆေးဝါးဗေဒဌာနက ၄ရက်အတွင်းမှာ ဒီဆေးပြား သန်းနဲ့ချီပြီး ထုတ်နိုင်တယ်လို့ အစိုးရ ဆေးဝါး ဗေဒအဖွဲ့က ပြောပါတယ်။

source by : နေ့သစ်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */