သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား
စစ်အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဧပြီလ ၂၁ ရက်နေ့က ဆောင်းပါးရှင် စောဖိုးစီမှ
`` ရန်ပြိုခြင်းရဲ့အဓိပ္ပါယ်ငြိမ်းချမ်းတဲ့အခါသိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော်ရေးသားထားသည်။ ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ်သမားများမှ ၄င်းဆောင်းပါးပါအချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ အတွင်းရေးကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNU မှ ပြုလုပ်ခဲ့သည့်ပစ်ခတ်မှုများ၊ KNUအတွင်းမပျော်တော့သည့်အလယ်အလတ်ပိုင်း တပ်ဖွဲ့ဝင်များ၏ နောက်ဆုံးအခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊
နေစိုးမြကိစ္စကို မီဒီယာဖြင့်ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အားအသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန်သုံးသပ်လျက်ရှိ သည်။ KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံရောက်သွားခြင်းသည် ၄င်းတို့အတွက်လုံးဝမထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေးအတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူဖြစ်ကြောင်း ငြင်းချက်ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့အကြားထိုင်းအစိုးရမှကြားဝင်စေ့စပ်မှုများရှိကြောင်းသတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရအနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော်ပြောကြားခဲ့သည်။
သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြော
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment