ဒုက္ခသည်အသိမှတ်ပြုခွင့်ရရေး ပွဲစားများခြေရှုပ်

Friday, April 24, 2009 ·

NEJ | ဒုက္ခသည်စခန်းအချို့တွင် ယခင်လဆန်းပိုင်းက ဒုက္ခသည် လူသစ် များအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) မှ အသိအမှတ်ပြု ဓာတ်ပုံရိုက်ယူနေမှုသည် ဒုက္ခသည် အဖြစ် အသိအမှတ်ပြုသည့် အစီအစဉ် မဟုတ်ဟု ဒုက္ခသည် စခန်းအကြီးအကဲ တဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် ၂၀၀၅ ခုနှစ်နောက်ပိုင်း ၀င်ရောက်လာသည့် ဒုက္ခသည်များကို ယခင်လ (၅) ရက်မှ စတင်ကာ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုနိုင်ရန် ဓာတ်ပုံနှင့် ကိုယ်ရေး အချက်အလက် များကို ယူအန်အိပ်ခ်ျစီအာ၊ အမ်အိုအိုင်နှင့် ထိုင်းအာဏာပိုင် များက မှတ်တမ်းတင်ခဲ့သည်။

ယင်းမှတ်တမ်းတင်မှုသည် ဒုက္ခသည်များအဖြစ် တိုက်ရိုက်အသိအမှတ်ပြုခြင်း မဟုတ်ဘဲ ကြိုတင် ဆန်းစစ်မှုသာ ဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းမှ ဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောသည်။

ယခုလမှစတင်ကာ လူသစ်များကို ဒုက္ခသည်များအဖြစ် ယူအန်အိပ်ခ်ျစီအာက အသိအမှတ်ပြုပေးမည့် သတင်းများ ထွက်ပေါ် နေသောကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းရှိ အကြီးဆုံးဒုက္ခသည်စခန်းနှစ်ခုဖြစ်သည့် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများသို့ မြန်မာနိုင်ငံ အရပ်ရပ်မှ ထောင်နှင့်ချီသည့် လူများသည် ဒုက္ခသည် အသိအမှတ် ပြုခွင့်ရရှိရေးအတွက် နည်းမျိုးစုံဖြစ်ဝင်ရောက်ရန် ကြိုးပမ်းကြသဖြင့် စခန်းအခြေအနေ ရှုပ်ထွေးမှု များနှင့် နစ်နာဆုံးရှုံးမှုကိစ္စရပ်များ ပေါ်ပေါက်လာသည့်အတွက် အခြေအနေအမှန်ကို သိရှိရန် အသိပေး ပြောကြားရခြင်းဖြစ် သည်ဟု ၎င်းက ပြောသည်။

“အခုရိုက်တာက ဒုတိယအဆင့်လို့ပြောလို့ရတယ်။ ဓာတ်ပုံရိုက်ပြီးတဲ့လူတွေကို ထိုင်းအာဏာပိုင်တွေရဲ့ PAB ဘုတ်အဖွဲ့က တခါပြန်ပြီး စစ်ဆေးရဦးမယ်။ အဲဒီထဲကမှ ဒုက္ခသည် ဖြစ်သင့် မသင့် ပြန်ရွေးချယ်မှာဖြစ်တယ်။ အသိအမှတ်ပြုခံရသူတွေက ဒုက္ခသည်စခန်းမှာ နေခွင့်ရမှာဖြစ်ပြီး အသိအမှတ်ပြုမခံရတဲ့လူတွေ အတွက်တော့ အခြေအနေတမျိုး ဖြစ်သွားမယ်။ ဘယ်လိုဖြစ်မလဲဆိုတာ အတိအကျတော့ မသိရသေးဘူး” ဟု စောထွန်းထွန်း က ပြောသည်။

မြန်မာပြည်မှလာ၍ မယ်လဒုက္ခသည်စခန်းတွင် ကျပ်ငွေသိန်း ရာချီ၍ အကုန်အကျခံသည့် မိသားစုများနှင့် ငွေကြေး တတ်နိုင် သူများကြောင့် စခန်းများအတွင်း အကျင့်ပျက်ခြစားမှုများ တိုးပွားလာသည်ဟု စခန်းဒု- ဥက္ကဋ္ဌ က ပြောသည်။

“တချို့ဆိုရင် အောက်ခြေ၀န်ထမ်းတွေနဲ့ပေါင်းပြီး ပွဲစားက လူတယောက်ကို ဘတ်ငွေငါးသောင်းအထိ တောင်းယူတာ တွေရှိတယ်။ တချို့ပွဲစားတွေကလည်း နိုင်ငံခြားမြန်မြန်သွားချင်ရင် စခန်းလူကြီးတွေကို နောက်ဆုံးပေါ် ဆိုင်ကယ်ဝယ်ပေးရမယ်လို့ပြောပြီး လုပ်စားတာတွေအများကြီးရှိပါတယ်။ ဒီလိုအခြေအမြစ် မရှိတဲ့ကိစ္စတွေကို မသိနားမလည်တဲ့လူတွေ နစ်နာမှုမရှိရအောင် သတိပေး ရတာပါ”ဟု ၎င်းက ပြောသည်။

မိုးကုတ်မြို့မှလာ၍ မဲဆောက်တွင် သောင်တင်နေသူ မြန်မာအမျိုးသမီးတဦးက “မြန်မာငွေ (၃၅) သိန်း ပေးရင် (၃) လအတွင်း အမေရိကားသွားရမယ်ဆိုလို့ ပွဲစားကိုပေးလိုက်တာ အခုစခန်းထဲလည်းမသွားရဘူး၊ ငွေလည်းပြန်မရ ဘူး။ မဲဆောက်မှာပဲ ငွေပြန်ရနိုးနဲ့ စောင့်နေတာ (၅) လကျော်ပြီ” ဟု ပြောသည်။

ဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံတခုခုသို့ ထွက်ခွာခွင့်ရရေးအတွက် စခန်းအတွင်းရှိပွဲစားများသည် မြန်မာပြည်တွင်းနှင့် နိုင်ငံတကာသို့ ဒုက္ခသည်စခန်းအတွင်းရှိ ခေတ်မီဆက်သွယ်ရေးဆိုင်များမှတဆင့် အီးလ်မေးလ်၊ တယ်လီဖုန်းများနှင့် အဆက်အသွယ် လုပ်ကာ မဲဆောက်မြို့မှ တဆင့် စခန်းများ အတွင်းသို့ ခေါ်ယူကြခြင်း ဖြစ်သည်။

ပြည်တွင်းမှ လူများမှာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံတခုခုသို့ ထွက်ခွာခွင့် ရရှိရေး အတွက် အိုးအိမ် ခြံမြေများနှင့် လက်ငုတ်လက်ရင်းများရောင်းချကာ မိသားစုအလိုက် ဒုက္ခသည် စခန်းများသို့ မျှော်လင့်ချက်ကြီးမားစွာဖြင့် လာရောက် ကြသော်လည်း ကြားပွဲစားများ၏ လိမ်လည်မှုများ ခံကြရပြီး ဟိုမရောက် ဒီမရောက်နှင့် ဘ၀ပျက်သွားသူများ အများအပြား ရှိသောကြောင့် စဉ်းစားချင့်ချိန်ကြရန်နှင့် လက်ရှိ အခြေအနေ မှာ ပွဲစားများပြောသကဲ့သို့ မလွယ်ကူကြောင်းကို သိစေချင်သည်ဟု မယ်လစခန်းဒု-ဥက္ကဋ္ဌက ဖြည့်စွက် ပြောကြားသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ကရင်ဒုက္ခသည်စခန်း (၇) ခုရှိရာ အုန်းဖျန်၊ နို့ဖိုး၊ ထမ့်ဟင်၊ ဘန့်တုံယမ်း၊ မယ်လ၊ မယ်လာမိုနှင့် မယ်လာအူးစခန်းများဖြစ်ပြီး လက်ရှိတရားဝင်နေထိုင်သည့် ဒုက္ခသည်အရေအတွက်မှာ ကရင်ဒုက္ခသည်ကော်မတီ၏ မှတ်တမ်းများအရ (၁၂၅.၀၀၀)ခန့် ရှိသည်ဟု သိရသည်။

source by : http://www.khitpyaing.org/news/April_09/23-4-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */