အဖွဲ့ဝင်များကို ဖမ်းဆီးသည့်အပေါ် FTUB က ရှုတ်ချ

Thursday, April 09, 2009 ·

ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ FTUB ဗဟိုကော်မတီဝင် တဦးနှင့် အဖွဲ့ဝင် ၄ ဦးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာအာဏာပိုင်များ ဖမ်းဆီးခဲ့သည့်အပေါ် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် - FTUB က ကန့်ကွက် ရှုတ်ချလိုက်သည်။

ယခုလ ၁ ရက်နေ့မှ စတင်၍ ၄၉ နှစ်အရွယ် ဦးဇော်မြင့်အောင် (ကျောင်းဆရာ၊ ရန်ကုန်တိုင်း တောင်ဥက္ကလာပ)၊ ၃၇ နှစ် - ဦးစိုးဦး (အထည်ချုပ်၊ ရွှေပြည်သာ)၊ ၂၂ နှစ် - ကိုထွန်းငြိမ်း (ရွှေနှင်းဆီ အထည်ချုပ်၊ လှိုင်သာယာ)၊ ၂၂ နှစ် - ခိုင်လင်းမြတ် (UMH အထည်ချုပ်)နှင့် FTUB အမျိုးသမီး ကော်မတီဝင် ၂၅ နှစ် - မရွှေရည်ညွန့် (ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်မှ အချိန်ပိုင်း သူနာပြုနှင့် ဥပဒေကျောင်းသူ) ကို ဖမ်းဆီးခံရသည့်အပေါ် FTUB က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သူတို့သည် မြန်မာနိုင်ငံတွင် အလုပ်သမားများ အခြေအနေ တိုးတက်ကောင်းမွန်ရေး၊ အလုပ်သမားများ အခွင့်အရေး ရရှိရေးအတွက် အလုပ်သမားသမဂ္ဂများ လုပ်ဆောင်သည့် လုပ်ငန်းဆောင်တာများကိုသာ ပြုလုပ်နေသူများ ဖြစ်သဖြင့် ယခုလို ဖမ်းဆီးမှုအပေါ် FTUB က ကန့်ကွက်ရှုတ်ချကြောင်း ယခုလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ကန့်ကွက် ရှုတ်ချကြောင်း ဆိုထားသည်။

FTUB အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်မောင်က “ကျနော်တို့က လက်မလျှော့ဘူး။ လွတ်အောင် ကြိုးစားဖို့က ကျနော်တို့ တာဝန်ပဲလေ။ တခုတော့ ရှိတယ်၊ ဖိအားပေးတဲ့ ကိစ္စမှာ အားလုံး ဖိအားပေးမှ ရမယ်။ အဓမ္မ လုပ်အားပေးခိုင်းမှုနဲ့ ဖြစ်တာကို ဗုံးခွဲမှုနဲ့ ချိတ်တယ်ဆိုတာမျိုး မဖြစ်အောင်၊ နယ်စပ်ဖြတ်ကျော်မှု ဆိုတာကို ဖောက်ခွဲမှုလို့ စွဲတာမျိုး မဖြစ်အောင် ရှေ့နေတွေနဲ့ တတ်နိုင်သလောက် ကျနော်တို့ ရဲဘော်တွေ လွတ်မြောက်ဖို့ ကြိုးစားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သူတို့အားလုံးသည် ပြီးခဲ့သည့်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပသည့် FTUB ပထမအကြိမ် ညီလာခံသို့ တက်ရောက်ခဲ့သူများ ဖြစ်သည်။

မြန်မာနိုင်ငံသည် ILO ၏ အဖွဲ့ဝင်ဖြစ်သဖြင့် ILO ၏ ပြဋ္ဌာန်းချက် အမှတ် ၈၇ ဖြစ်သော လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကို ၁၉၅၅ ခုနှစ်တွင် သဘောတူ လက်မှတ်ထိုးခဲ့သည့်အတွက် ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းခွင့်ကို လေးစားလိုက်နာရမည်ဟု FTUB ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သူတို့ကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အဖမ်းခံထားသူများ၏ မိသားစုဝင်များကို ဖမ်းဆီးထိန်းသိမ်း ခြိမ်းခြောက်ဖိအားပေးမှုများ လုပ်ခြင်းကို လုံးဝ ရပ်တန့်ရန်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်ကြီး - ITUC အဖွဲ့ဝင် နိုင်ငံများ၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဖြစ်သော လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်း ထူထောင်ပိုင်ခွင့်ကို အတိအကျ လေးစားလိုက်နာရန်နှင့် နိုင်ငံတကာ သဘောတူညီမှုများကို ချိုးဖောက်မှု တရပ်ဖြစ်သည့် ပိတ်ပင်ခြင်း၊ ဖွဲ့စည်းခွင့် မရှိရန် ကြိုးပမ်းခြင်း၊ ဖမ်းဆီးခြင်း စသည့် လုပ်ရပ်များကို အရေးယူရန် FTUB က တောင်းဆိုထားသေးသည်။

၁၉၉၆ ခုနှစ်မှ စတင်ကာ အဖမ်းခံခဲ့ရသူ FTUB အဖွဲ့ဝင် ၂၃ ဦး ရှိခဲ့ရာ၊ ယခုနှင့်ဆိုပါက ၂၈ ဦး ရှိပြီ ဖြစ်ကြောင်း နှင့် ဖမ်းဆီးခံရသူများအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ - ILO က ဝင်ရောက်ကူညီသဖြင့် ဦးစိန်မန်း၊ ဦးမြင့်အေး၊ မအေးမာ၊ ဦးမျိုးအောင်သန့်နှင့် ကိုခင်ကျော် ဆိုသူတို့ ပြန်လွတ်ခဲ့ရာ၊ အချို့မှာ သေဒဏ် ကျခံထားရသူများ ဖြစ်ကြောင်း သိရသည်။

“သေဒဏ်ချပြီး ပြန်လွတ်လာတာ။ နဝတ ကိုယ်တိုင်က သူတို့ ကြေငြာချက်ထဲမှာ ILO ကြောင့် လွှတ်ပေးပါတယ် ဆိုပြီး ထုတ်ထားဖူးတယ်” ဟု ဦးမောင်မောင်က ပြောသည်။

ထို့အပြင် “ကျနော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကနေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို ပိတ်ထားတာပဲ။ ဒါက လူတိုင်း အခြေခံ အခွင့်အရေးပဲ။ မြန်မာပြည်မှာ လုပ်ခွင့်မရလို့၊ ဖိနှိပ်ထားလို့ ကျနော်တို့အနေနဲ့ မြို့လယ်မှာ လုပ်လို့မရလို့ လုပ်တာဖြစ်တယ်။ ကျနော်တို့ ဆွေးနွေးသွားတာက အခြေခံ အလုပ်သမား အခွင့်အရေး၊ စားဝတ်နေရေး ပြေလည်အောင် ဘယ်လိုလုပ်မလဲဆိုတာပဲ ဆွေးနွေးတာ။ လွှတ်ပေးသင့်တယ်။ ပြည်သူတွေကို ပြောချင်တာက လွတ်လပ်စွာ ဖွဲ့စည်းခွင့်ဟာ ဘာသာရေး၊ လူမှုရေး၊ အလုပ်သမားသမဂ္ဂ၊ နိုင်ငံရေး အားလုံးမှာ ဒီလို ဖွဲ့စည်းခွင့် ရှိသင့်တယ်။ ဒါကို အားလုံး ဝိုင်းဝန်း တောင်းဆိုသင့်တယ်လို့ ပြောချင်ပါတယ်” ဟု FTUB အထွေထွေ အတွင်းရေးမှူးချုပ်က ပြောဆိုသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2742---ftub--.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */