နယ်စပ် တိုက်ပွဲကြောင့် ဒုက္ခသည်များ ထွက်ပြေး

Tuesday, April 28, 2009 ·

သန်းထိုက်ဦး | မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်း တပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်စခန်းတခုကို တိုက်ခိုက်မှုကြောင့် ထိုင်း-မြန်မာနယ် စပ်မှ ဒေသခံ ရွာသား ၂၀၀ ခန့်ထွက်ပြေး တိမ်းရှောင် ကြရကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါလေးခီးဒေသရှိ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော်(KNLA) တပ်ရင်း၂၀၁ စခန်းကို နအဖ နှင့် ပူးပေါင်းတပ်များက ဧပြီလဆန်းပိုင်းမှ စတင် တိုက် ခိုက်နေ ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် နယ်စပ်မှ ဒေသခံလူဦးရေ၂၀၀ ခန့် ကို နီးစပ်ရာ ဘုန်းကြီးကျောင်း တကျောင်းတွင် ရွှေ့ပြောင်း ပေးထား ရကြောင်း ယမန်နေ့က ထုတ်လွှင့်ခဲ့သည့် ထိုင်းသတင်းများအရ သိရသည်။

အဆိုပါတိုက်ပွဲမှ ထိုင်းနိုင်ငံ မဲဆောက်မြို့ တောင်ဘက် ဖုဖရ( Phop Phra) ကျေးရွာအနီးသို့ လက်နက်ကြီး ကျည် များ ကျရောက် မှုကြောင့် ထိုင်းတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထိုင်းသတင်းများတွင် ဖော်ပြထား သည်။

ထို့အပြင် ယခုတိုက်ပွဲ၌ နအဖ နှင့်ပူးပေါင်းထားသော ဒီကေဘီအေတပ်ရင်း ၉၉၉ ၊ ၉၀၇ တပ် အပါအ၀င် အင်အား ၂၀၀ခန့် ရှိကြောင်း သိရှိရသည်။

KNU တွဲဖက်အတွင်းရေးမှူး (၁) ဗဒို စောလှငွေကမှု ယမန်နေ့က နအဖတပ်များနှင့် (KNLA ) တပ်ဖွဲ့များကြား တိုက်ပွဲ မဖြစ်ပွားခဲ့ကြောင်း ပြောသည်။

“ကျနော်တို့ဘက်က လူတွေကို မေးကြည့်တော့ နအဖက လက်နက်ကြီးနဲ့ပစ်တာရှိတယ်၊ ကျနော်တို့နဲ့ထိပ်တိုက် ရင်ဆိုင်ဖြစ်တာတော့ မရှိဘူး”ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က KNU အဖွဲ့အား ငြိမ်းချမ်းရေးအတွက် နားချပေးရန် ပြောဆိုခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

ယခုလ၂၆ ရက်နေ့တွင် KNU က စစ်အစိုးရ ပြုလုပ်ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော ကြေညာချက်တွင် ယင်းရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည် ဆိုသော်မှ ရွေးကောက်ပွဲကြောင့် မြန်မာပြည် ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး ခိုင်မြဲစေမည့် အခြေခံဥပဒေ ပြဌာန်းထားသည့် အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် ကရင်သတင်းစဉ် ( KIC )၏ ယနေ့ထုတ်ပြန်ချက်အရ ဝေါ်လေခီး တပ်စခန်းကို ယနေ့ နံနက်ပိုင်းတွင် နအဖနှင့် ပူးပေါင်းတပ်များကသိမ်းပိုက်လိုက်ကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */