ဝမ်းပျက်ရောဂါကြောင့် လမ်းဘေးဈေးဆိုင်များ ပိတ်ရ

Tuesday, April 28, 2009 ·

အေးလဲ့ | ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဆက်လက် ဖြစ်ပွားနေရာ မြောက်ဥက္ကလာပမြို့နယ် ဆင်ခြေဖုံး ရပ်ကွက်များတွင် လမ်းဘေး ဈေးဆိုင်များ ဖွင့်ခွင့် ပိတ်ပင်ထားသည့် အတွက်ကြောင့် ဒေသခံများ ဝမ်းရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ကြားသိရသည်။

“ဝမ်းလျှောလို့ ဆိုပြီး လူကြီးတွေ ဆင်းကြည့်တဲ့ အချိန်မှာ လက်သုပ်ဆိုင် မုန့်ဟင်းခါး ဆိုင်တွေတင် မကဘူး လမ်းဘေးဈေးသည် အားလုံးကို ရှင်းခိုင်းထားတာ ၁၀ရက်လောက် ရှိပြီ။ ကွမ်းယာဆိုင် တွေကအစ ပိတ်ခိုင်း တာဆိုတော့ စီးပွားပျက်ကုန်တာပေါ့” ဟု ဒေသခံတဦးက ပြောသည်။

ထို့အတူ မြို့တော်စည်ပင်ကလည်း ရပ်ကွက်အတွင်း တနိုင်တပိုင်ရေရောင်းသူများကို တားမြစ်ထားမှု ကြောင့် စီးပွားရေးအခက်အခဲနှင့် ကြုံတွေ့ရသည် ဟုလည်းဆိုသည်။

ယနေ့တွင် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းကိုယ်တိုင် ဦးဆောင်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရာ မြောက်ဥက္ကလာ ၂ ရပ်ကွက်သို့ သွားရောက်ကြည့်ရှုသည်ဟု ဒေသခံများကပြောသည်။ ဧပြီလ ၂၃ရက်နေ့ ကလည်း မြောက်ဥက္ကလာသို့ ဝမ်းပျက် ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့် သွားရောက် စစ်ဆေးသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မယ်လမု ဘုရားအနီး ငမိုးရိပ်ချောင်း တလျှောက်ရှိ ဆင်ခြေဖုံးရပ်ကွက်အတွင်း ညစ်ညမ်းသည့် အများသုံး သောက်သုံးရေ အသုံးပြုမှုကြောင့် နေစဉ်နှင့်အမျှ လူ အယောက် ၁၀၀ ခန့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံတဦးက ပြောသည်။

ဧပြီ ၂၆ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် တိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်က မြောက်ဥက္ကလာပ မြို့နယ် (၂) ရက်ကွက်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေး၊ သောက်သုံး ရေကန်များ ပြုပြင် ဆောင်ရွက်ရေးနှင့် တခြားလိုအပ်ချက်များအတွက် ငွေနှင့် ဘိလပ်မြေများ ထောက်ပံ့ပေးခဲ့ သည်ဟု ဖော်ပြ ထားသည်။

ဗိုလ်မှူးချုပ်ဝင်းမြင့်က သောက်သုံးရေ သန့်ရှင်းရေးအတွက် ရေကန်တကန်လျှင် ဘိလပ်မြေ သုံးအိတ်နှုန်းချ ပေးထား သော်လည်း ရပ်ကွက်ဥက္ကဌက တကန်လျှင် တအိတ်နှုန်း သာအသုံးပြုပြီး ဆိုးရွားသည့် ကန်ကိုသာ ၂ အိတ်နှုန်းသုံးသည် ဟု ဒေသခံတဦးက ပြောဆိုသည်။

မြောက်ဥက္ကလာပ (၂) ရပ်ကွက်သည် လူနေထူထပ်ပြီး ဆင်းရဲနွမ်းပါးသည့် အခြေခံလူတန်းစား အများစု နေထိုင်သည့် ရပ်ကွက်ဖြစ်ကာ ယင်လုံအိမ်သာများမရှိဘဲ မြေစိုက် အိမ်သာများဖြစ်သာ ဖြစ်သလို အသုံးပြု ကြရသော ရပ်ကွက်ဖြစ်သည် ဟုလည်း ဒေသခံများကပြောသည်။

၎င်းဒေသခံက “ကျူးကျော်ရပ်ကွက် တွေမှာ အိမ်ပေါင်း ၇၀၀ လောက်ရှိတယ်။ ဒါပေမယ့် အစိုးရက ယင်လုံ အိမ်သာ ဆောက်ဖို့် အမိန့်ပေးထားတယ်။ မဆောက်တဲ့ အိမ်တွေကို ဒီနေ့နောက်ဆုံးထား ဖျက်မယ်လို့ပြောတယ်။ တချို့ကလည်း မဆောက်နိုင်ဘူး” ဟုပြောသည်။

ရပ်ကွက်အာဏာပိုင်များက ရပ်ကွက်တွင်း ယာယီယင်လုံအိမ်သာနှစ်လုံး ဆောက်လုပ်ပေးထားသည် ဟုလည်း သိရသည်။

ယင်းဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုကြောင့် တလအတွင်းသေဆုံးသူ အနည်းဆုံး ၆ ဦးရှိသည်ဟု ဧရာဝတီ က သတင်းရရှိသည်။ သို့သော်လည်း အစိုးရပိုင် သတင်းစာများနှင့် ပြည်တွင်းဂျာနယ်များတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း၊ ပြန့်ပွားမှုနှုန်း နှင့်သေဆုံးသူဦးရေစာရင်းကို ဖော်ပြခြင်းမရှိပေ။

နှစ်ကျိတ်ရှစ်ဆူ ဓမ္မာရုံကို ဝမ်းရောဂါ အရေးပေါ် ကယ်ဆယ်ရေး စခန်းအဖြစ် ၂၄နာရီ ဖွင့်လှစ်ထားကြောင်း ယင်း ကယ်ဆယ်ရေးတွင် ပါဝင်ကူညီနေသူ တဦးကပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */