စောဌေးမောင်၏ စွပ်စွဲချက်ကို ပြန်လည်ရှင်းလင်း

Friday, April 24, 2009 ·

NEJ | ယမန်နေ့ ညက ထုတ်လွှင့်သည့် မြ၀တီရုပ်မြင်သံကြားအစီအစဉ်တွင် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ စောဌေးမောင်က ကေအန်ယူအပေါ် စွပ်စွဲပြောဆိုချက်များ အခြေအမြစ် မရှိကြောင်း ပြန်လည် ၀င်ရောက် လာသူများက ရှင်းလင်းပွဲတရပ်ပြုလုပ်သည်။

ကေအန်ယူနှင့် ပြန်လည်ပေါင်းစည်းသည့် ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်များကို ကေအန်ယူက သွေးအေးအေးဖြင့် သတ်ဖြတ် လျက်ရှိသည် ဟူသော စွပ်စွဲပြောဆိုချက်အား ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲကို ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့များမှ ကေအန်ယူ အဖွဲ့သို့ ပြန်လည် ၀င်ရောက် လာကြသူ (၂၇) ဦးက ရှင်းလင်းခဲ့ကြသည်။

စောဌေးမောင်က ကေအန်ယူထံ ပြန်သွားကြသည့် ကရင်ခွဲထွက်အဖွဲ့များမှ လူများကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ ဦးဆောင်ကာ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြသည်ဟု ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။

ပြန်လည်ဝင်ရောက်လာသူများမှ စောအေးဖေက “ကျနော်က ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့ကို၂၀၀၀ ခုမှာ ရောက်ပြီး ၂၀၀၆ ခုမှာ ကေအန်ယူဘက်ကို ပြန်လာတာဖြစ်တယ်။ ဟိုမှာက ပဒိုအောင်ဆန်းနဲ့ ခေါင်းဆောင်ပိုင်း တွေပဲ ကြီးပွားချမ်းသာကြတယ်။ အောက်ခြေရဲဘော်တွေအနေနဲ့ အိမ်တဆောင် မီးတပြောင်မနေနိုင်တဲ့ဘ၀ပါ။ ဒီကြားက ကရင်အချင်းချင်း ဖိနှိပ်မှုမျိုးစုံရှိတော့ မိခင် ကေအန်ယူဆီကို ပြန်လာတာဖြစ်တယ်။ ဘာမှ သတ်တာ ဖြတ်တာ မရှိဘူး။ အားလုံးကိုယ့်ဆန္ဒအတိုင်းပဲ။ တချို့မိသားစုတွေ တတိယနိုင်ငံရောက်သွားတာလည်း အများကြီး ရှိတယ်။ ငြိမ်းချမ်းရေးကောင်စီကတော့ နအဖ လက်ကိုင်တုတ်ဖြစ်သွားတော့ နအဖခိုင်းသလို လုပ်ရတဲ့ သဘောရှိတယ်” ဟု ပြောသည်။

ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ ဆေးတပ်သား စောအဲ့ထူးက “၂၀၀၇ မှာ ကေအန်ယူနဲ့ လာရောက် ပူးပေါင်းတာဖြစ်တယ်။ ဒီကေဘီအေမှာ (၃) နှစ်ကြာတယ်။ ဦးတည်ချက်နဲ့ လုပ်ဆောင်ချက်က ကရင်တွေ အတွက် အကျိုးမရှိတာ သိရလို့ ကေအန်ယူနဲ့လာပြီး ပူးပေါင်းတာဖြစ်တယ်။ ငြိမ်းချမ်းရေးကောင်စီ ပြောသလို ပြန်လာတဲ့ လူတွေကို သတ်တယ်ဆိုရင် ကုန်ပြီပေါ့။ အခု ဒီမှာတွေ့တဲ့အတိုင်းပဲ” ဟု ပြောသည်။

ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဒု-ဗိုလ်မှူးကြီး စောလှကျော်ကလည်း “ကျနော်ပြန်လာတာ (၁) နှစ်ပြည့်တော့မယ်။ ပြန်လာတဲ့လူတွေကို ဘယ်သူမှ မသတ်ဘူး။ အားလုံးရှိကြတာပဲ။ အခု စောဌေးမောင်ပြောတဲ့ ကိစ္စက နအဖ ပြောခိုင်းလို့ ပြောရတာဖြစ်တယ်။ သူက အသက်လည်းကြီးပြီး အမှတ်သညာလည်း မကောင်းတော့ဘူး” ဟု ပြောသည်။

ကရင်ခွဲထွက်အဖွဲ့အစည်းအသီးသီးမှ ပြန်လာကြသည့် အဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိ စာရင်းအရ (၇၀) ခန့်ရှိပြီး ၎င်းတို့ဆန္ဒအတိုင်း ကောင်းရောင်းကောင်းဝယ် အသက် မွေးဝမ်းကြောင်း ပြုလျက်ရှိသည်ဟု ပြန်ဝင်ရောက်လာသူတဦးက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ပြန်လာတဲ့လူတွေအားလုံးကို ကျနော်တို့ ကောင်းကောင်းမွန်မွန် လက်ခံစောက်ရှောက်ထား မထားသိချင်ရင် ကိုယ်တိုင်သွားမေးမြန်းလို့ ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်ပိုင်းမှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV-4 စသည့် ရုပ်သံလိုင်းများမှ ညစဉ် ကေအန်ယူအဖွဲ့အား ထိုးနှက်ပုတ်ခတ်သည့် အစီအစဉ်များကို တင်ဆက်လျက်ရှိသည်။

အဓိက ထိုးနှက်ပုတ်ခတ်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များမှာ ကေအန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏သား စောနေစိုးမြ၊ စောဌေးမောင်နှင့် သမီးဖြစ်သူ နော်ကပေါ်ထူးတို့ ဖြစ်သည်။

source by : http://www.khitpyaing.org/news/April_09/24-4-09e.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */