ဗမာ မိသားစု ၁၅၀ စံပြကျေးရွာများတွင် နေထိုင်ရန် အတွက် မောင်တောသို့ ရောက်ရှိ

Friday, April 10, 2009 ·

မောင်အေး (နိရဉ္စရာ) | ဗမာ အမျိုးသား မိသားစု ၁၅၀ သည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျောက်တွင် တည်ဆောက် နေသော စံပြကျေးရွာများ၌ နေထိုင်ရန်အတွက် ယမန်နေ့က မောင်တောသို့ ရောက်ရှိလာသည်။

ခယက စာရေး တဦးမှ “စုစုပေါင်း မိသားစု ၁၅၀ ၊ လူပေါင်းက စုစုပေါင်း ၄၀၀ ကျော် လောက်ပါမယ် ထင်ပါတယ်။ မနေ့က မောင်တောကို ဘူးသီးတောင်က တဆင့် ကားတွေနဲ့ ရောက်လာ ပါတယ်။ သူတို့ကို မောင်တောခရိုင် တာဝန်ရှိ သူတွေက ကြိုဆို နေရာချထားလိုက်ပြီ ဖြစ်ပါတယ် ” ဟု ပြောသည်။

ရောက်ရှိလာသူ မိသား ၁၅၀ ထဲမှ မိသားစု ၉၀ ကို ခရေမြိုင် စံပြကျေးရွာတွင် ၎င်း၊ မိသားစု ၂၀ စီကို ရွှေရင်အေး၊ တောင်ပြို (၀ဲ)နှင့် လောင်ဒုံ စံပြကျေးရွာများတွင် အသီးသီး နေရာ ချထား လိုက်သည်ဟု သိရသည်။

ယခုရောက်ရှိလာသည့် စံပြကျေးရွာသားများအား ကူညီရန်အတွက် မောင်တောမြို့ နယ်ရှိ ကျေးရွာများမှ ရယက ဥက္ကဌ တဦးလျင် ကျပ်ငွေ ၂ သိန်းမှ ၃ သိန်း အထိ ပေးသွင်းရန် မောင်တော ခရိုင်မှ ညွှန်ကြားထားပြီး အခုအခါ ကျေးရွာအလိုက် ငွေကောက်ခံ နေသည်ဟု အဆိုပါ စာရေးမှ ပြောသည်။

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျောက်တွင် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက် ကတည်းက ဗမာပြည်မ မှ ထောင်ထွက်မျာ၊ စစ်သားအငြိမ်းစားများ၊ ဆေးစွဲသူများနှင့် အိမ်မဲ့ယာမဲ့များကို ခေါ်ဆောင်ပြီး စံပြကျေးရွာများ တည်ထားပေးထားသည်။

ယခုအခါ ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တရိုးတွင် စံပြကျေးရွာပေါင်း ၄၀ နီးပါး ရှိသည်။

source by : http://www.narinjara.com/detailsbur.asp?id=1787

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */