VOA | အာဆီယံထိပ်သီးညီလာခံကျင်းပရာ ထိုင်းနိုင်ငံ ပတ္တယား ကမ်းခြေကို အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေ ဒီကနေ့ ချီတက်ခဲ့ကြပြီး ၀န်ကြီးချုပ် အဘီဆစ် နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။ အာဆီယံ ထိပ်သီး ညီလာခံကျင်းပမယ့် နေရာရဲ့ အ၀င်ပေါက်မှာ အင်္ကျီနီဝတ် ဆန္ဒပြသူ တွေက အဓိကရုဏ်းထိန်းရဲတွေကို ၀င်ရောက်ပြီး ကျော်ဖြတ်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ နုတ်ထွက်ပေးရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြသူ တွေက သူတို့တွေ ငြိမ်းငြိမ်း ချမ်းချမ်းပဲ ဆန္ဒပြမှာဖြစ်ကြောင်း၊ မစ္စတာ အဘီဆစ်အစိုးရဟာ ထိုင်း လူထုရဲ့ ထောက်ခံမှုကို မရတဲ့ အစိုးရဖြစ်တယ် ဆိုတာကို အာဆီယံထိပ်သီးခေါင်းဆောင်တွေနဲ့ ကျန် အာရှ ခေါင်းဆောင်တွေကို ပြသလိုတဲ့ ဆန္ဒကို ထုတ်ဖော်လိုကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလောလောဆယ်မှာတော့ ဆန္ဒပြတာတွေကို ယာယီ ရပ်နားထားဖို့ သဘောတူခဲ့ကြပါတယ်။ သက်တမ်း လေးလပဲ ရှိသေးတဲ့ ၀န်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ အစိုးရကို ဖြုတ်ချရေးအတွက် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တက်ဆင် ချီန၀ဒ် ကို ထောက်ခံသူတွေက ဆန္ဒပြတောင်းဆိုနေကြတာ ဖြစ်ပါတယ်။
အသံဖိုင် နားဆင်ရန်
source by : http://www.voanews.com/burmese/2009-04-10-voa3.cfm
ထိုင်းဆန္ဒပြသမားတွေ အာဆီယံထိပ်သီးစည်းဝေးပွဲ လုံခြုံရေးလိုင်း ကျော်လွန်ဝင် ရောက်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment