ခဲဆိပ်ပါဝင်သည့် ဆေးနှင့် ပစ္စည်းများ ဒုက္ခသည်စခန်းတွင် တားမြစ်

Wednesday, April 22, 2009 ·

သန်းထိုက်ဦး | ထိုင်း - မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်သည့် ခဲဆိပ် ပါဝင်သော လူသုံးကုန် နှင့် တိုင်းရင်းဆေး တချို့ကို စခန်းအာဏာပိုင်းများက ယခုလ ၂၀ ရက်နေ့တွင် မသုံးစွဲရန် တားမြစ်ပိတ် ပင်ထား ကြောင်း သိရသည်။


မယ်လ စခန်းတွင်းရှိ ကုန်စုံဆိုင်တဆိုင် (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)
လူဦးရေ ၄ သောင်းကျော် နေထိုင်သည့် ယင်းဒုက္ခသည် စခန်းတွင် ခဲဆိပ် ပါဝင်သော ဒေါ်ကျင် သူငယ်နာ လေပုပ် ထုတ်ဆေး ၊ ဂေါမုတ္တ ၀မ်းနုတ်ဆေး ၊ ပတ္တမြား သွေးဆေးနှင့် နနွင်းမှုန့် ၊ အစိမ်းမှုန့် ၊ ဒန်သတ္တုဖြင့် ပြုလုပ်ထား သော အိုးခွက် ပန်းကန်များ စသဖြင့် အမျိုးအစား ( ၉ ) မျိုးကို ထုတ်ပြန်ထားခြင်းဖြစ်သည်။

မယ်လ ဒုက္ခသည်စခန်း ဒု ဥက္ကဌ ကိုထွန်းထွန်းက ဘန်ကောက်မြို့ အခြေစိုက် အမေရိကန် ပြည်ထောင်စု၏ ဗဟိုရောဂါ ထိန်းချုပ်ရေးစင်တာ (Center of Disease Control - CDC)အဖွဲ့၏ အကူအညီနှင့် လွန်ခဲ့သည့် လဆန်းပိုင်းက အမေရိကန်နိုင်ငံကို ပေးပို့ခဲ့သော နမှုနာ ပစ္စည်းများတွင် ခဲဆိပ်များပါကြောင်း စခန်းကို ပြန်လည် အကြောင်းကြားခဲ့သည့်အတွက် အစည်းအဝေးတွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အန္တရာယ်ရှိသည့်အတွက် ရောင်းချခြင်းမပြုရန်နှင့် သုံးစွဲခြင်း များ ကိုလည်း ပိတ်ပင်ထားပြီး အဆိုပါ ထုတ်ပြန်တားမြစ်ချက်ကို လိုက်နာမှု မရှိပါက ထိရောက်စွာ အရေး ယူမည်ဟု ဆိုသည်။

အဆိုပါ မယ်လ ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသော မြန်မာဒုက္ခသည်များ၏ ကလေး တချို့ တွင် တိုင်းရင်းဆေး ၂ မျိုး ကြောင့် ခဲဆိပ်သင့်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ကျန်းမာရေးဌာနက စတင် တွေ့ရှိခဲ့ပြီးနောက် စခန်းတာဝန် ရှိသူများ က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ယခုလ ၄ ရက်နေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိ သော ဒေါ်ထွေး အမှတ်တံဆိပ် ဂေါမုတ္တဆေး နှင့် ဒေါ်ကျင်၏ ကလေးသူငယ်နာ လေပုပ်ထုတ်ဆေးများတွင် အဆိပ် အတောက်ဖြစ်စေ နိုင်သည့် သတ္တုမာ ( Heavy Metal ) များပါဝင်ဖော်စပ်ထားကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာမှ သတိပေးထားသည်။

ထို့အပြင် ယခုကဲ့သို့ တိုင်းရင်းဆေးကြေညာချက်မထွက်ပေါ်ခင် လက်ဖက်နှင့် အကြော်စုံ အမျိုးအစားပေါင်း ၁၀၀ ခန့်တွင် အန္တရာယ်ရှိသော အ၀ါရောင် ဆိုးဆေးသုံးစွဲထားသည့်အတွက် စားသုံးရန်မသင့်ကြောင်း ကြေညာချက် ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သေးသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=979:2009-04-22-13-15-24&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */