ပြည်ပမြန်မာအသံလွှင့်ဌာနများကို နားမထောင်ဖို့ တပ်တွင်း ညွှန်ကြားချက်ထုတ်

Thursday, April 23, 2009 ·

RFA | စစ်အစိုးရရဲ့ စီးပွားရေး နိုင်ငံရေးကိစ္စတွေကို ဝေဖန်နေတဲ့ ပြည်ပခြေစိုက် အသံလွှင့်ဌာနတွေကို နားမထောင် ကြဖို့ မြန်မာစစ်တပ်အတွင်း ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကစပြီး ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့ သိရှိရပါတယ်။


စစ်အစိုးရက ကျင်းပပြုလုပ်သော လူထုစည်းဝေးပွဲများတွင် ပြည်ပမှ မြန်မာ ဘာသာဖြင့် ထုတ်လွှင့်သော အသံလွှင့်ဌာနများကို ပုတ်ခတ်ရှုတ်ချသည့် စာတမ်းကြီးများ ချိတ်ဆွဲ ထားလေ့ရှိသည်ကို ဤကဲ့သို့ တွေ့မြင်ရပါသည်။ (Photo: AFP)
မြန်မာဘာသာနဲ့ ထုတ်လွှင့်နေတဲ့ ပြည်ပ အသံလွှင့် သတင်းဌာနတွေအနေနဲ့ တမ်မတော်အစိုးရအပေါ် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ကိစ္စရပ်တွေကို ဝေဖန်ပြောဆို ထုတ်လွှင့် နေကြောင်း၊ ဒါကြောင့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင်အားလုံးနဲ့ မိသားစုဝင်တွေအားလုံး ပြည်ပ အသံလွှင့် အစီအစဉ်တွေကို လုံးဝနားထောင်ခြင်း မပြုဖို့ ညွှန်ကြားထားပါတယ်။

အခုလိုစစ်အစိုးရက နိုင်ငံတကာမှာ အခြေစိုက်တဲ့ မြန်မာဘာသာနဲ့ ထုတ်လွှင့်တဲ့ အသံလွှင့်ချက်တွေ နားမထောင်ဖို့ ပိတ်ပင်တာနဲ့ ပတ်သက်ပြီး စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက အခုလို မှတ်ချက် ပေးပါတယ်။

ဦးအောင်ကျော်ဇော။ ။ “အကြောက်ဆုံးအရာက သူ့ရဲ့ တပ်ထု ပြိုမှာ ကြောက်တာပဲ။ အဲဒီတော့ ဒါကြောင့်မို့ သူ တပ်ကို အမျိုးမျိုး လှည့်ပတ်ပြီး တပ်လုပ်ငန်းကို လုပ်တာပဲ။ ဒါပေမဲ့ သူမနိုင်ဘူးလေ၊ ဒီလောက်များတဲ့ တပ်ကြီး လုပ်ထားတဲ့ အောက်မှာ တပ်ကလည်း လုံးဝကို မစားနိုင်ဘူး။ တပ် အောက်ခြေတော်တော်များများက ငတ်ကြတယ်။ အနည်းနဲ့အများ မကျေနပ်တဲ့လူကတော့ အနည်းနဲ့အများ ရှိနေကြတယ်။ အဲဒီအချိန်မှာ သူတို့ ဒီဟာတွေ ကြားတဲ့အခါလည်း ပိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ဒါကြောင့်မို့ တချို့ ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ အဓိကတော့ ဒီရဲ့ ဂယက်က ကြီးတယ်ဆိုတာ အမှန်ပဲ။”

မြန်မာစစ်အစိုးရတပ်အတွင်း ညွှန်ကြားထားချက်မှာ အခုလိုပိတ်ပင်တာကို အောက်ခြေ အဆင့်ဆင့် လိုက်နာအောင် တာဝန်ရှိသူတွေက ကြပ်မတ်လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး၊ ပြည်ပ အသံလွှင့်ဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေဟာ မမှန်ကန်တဲ့အကြောင်း တာဝန်ရှိ သူတွေက အမြဲမပြတ် ရှင်းလင်းနေဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

source by : http://www.rfa.org/burmese/news/armed_forces_banned_from_foreign_media-04222009135419.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */