ဖြိုးကြီး | ဘိုကလေးမြို့ပေါ်တွင် ကွက်ကဲရေးရုံးအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ရုံးအစာင့်ဝန်ထမ်းတဦး သေဆုံးခဲ့ရပြီး မြို့နယ် တရားရေး ဝန်ထမ်းက သာမန်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ထွက်ဆိုခိုင်း နေလျှက်ရှိသည်။
ဘိုကလေးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး အစောင့်ဖြစ်သူ ဦးမိုက်ကယ် (ခ) ဦးသာလံတူအား ယခုလ (၇) ရက်နေ့ ညတွင် ဒေသကွက်ကဲရေးရုံး အာဏာပိုင်များက အဆိုပါရုံးအတွင်းရိုက်နှက်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်စဉ် (၈) ရက်နေ့တွင် သေဆုံးခဲ့သည်။
“(၈) ရက်နေ့မနက်မှာ ဘိုကလေးဆေးရုံကို သွားပြတော့ ဆရာဝန်က လက်မခံဘဲ ရန်ကုန်ဆေးရုံကို လွှဲလိုက်တာ၊ လမ်းမှာတင် ဆုံးတာ၊ အဲဒါကို တရားရေးဝန်ထမ်း ဥပဒေအရာရှိ ဦးဝင်းလှိုင်က (၇) ရပ်ကွက်ဥက္ကဌ ဦးသိန်းထွန်းကို ရိုးရိုး ရာသီဥတုပူတဲ့ဒဏ်ကြောင့် သေဆုံးတာဖြစ်တယ်လို့ သက်သေထွက်ဆိုခိုင်းထားတယ်” ဟု သေဆုံးသူနှင့် နီးစပ်သူတဦးက ပြောသည်။
ဦးမိုက်ကယ် (ခ) ဦးသာလံတူသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးစောင့်အဖြစ် လုပ်ကိုင်ခဲ့သည်မှာ (၁၅) နှစ်ခန့်ရှိပြီး မသေဆုံးခင်က အလုပ်မှနားခွင့်ပြုရန် မြို့နယ်(မယက)အတွင်းရေးမှူး ဦးမျိုးညွန့်အား ပြောဆို ထားသော်လည်း ဥက္ကဌ မရှိသေးသည့် အတွက် စောင့်ဆိုင်းရန်ပြောဆိုသဖြင့် ဆက်လက် တာဝန် ထမ်းဆောင် နေစဉ် ယခုကဲ့သို့ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
“ဘိုကလေးမြို့ပေါ်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးကို နာဂစ်ဖြစ်ပြီးတော့ ယာယီ ကွက်ကဲရေးရုံး လုပ်ထားတာ၊ ရဲ၊ စစ်တပ်နဲ့ (ရယက)တွေက အဲဒီမှာ ၂၄ နာရီ နေတာ၊ အကူအညီပေး ပစ္စည်းတွေကိုလည်း အဲဒီမှာထားတယ်၊ အဲဒီပစ္စည်းတွေ ထုတ်ရောင်းတာတွေ၊ ညဘက်ဆို အာဏာပိုင်တွေ သောက်စားပြီး ညစ်ညမ်း အခွေတွေ ကြည့်တာက အစ သူကသိတယ်” ဟု ၎င်းက ဆက်ပြောသည်။
သေဆုံးသူ ဦးမိုက်ကယ်ကို ယခုလ (၁၀) ရက်နေ့က ဘိုကလေးသုဿန်တွင် မြေမြှုပ်ခဲ့ပြီး တရားဝင် ဆရာဝန် ဆေးစစ်ချက် အရ မည်ကဲ့သို့ သေဆုံးခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ရဲစခန်းမှ အမှုဖွင့်အရေးယူမှုများကို မသိရ သေးကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောသည်။
source by : http://www.yoma3.org/index.php?option=com_content&view=article&id=223:2009-04-17-09-14-44&catid=41:2008-09-21-07-44-45&Itemid=124
ဒေသကွက်ကဲရေးအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ရုံးစောင့်တဦးသေဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment