မိုးမခ | မြန်မာနှစ်သစ်ကူးတွင် မုန်တိုင်းကို ကာကွယ်နိုင်ရန် ဘာသာရေးBက် ဦးလှည့်နေကြသည်။ ရခိုင် ဆရာတော်တပါး၏ လမ်းညွှန်ချက်အတိုင်း ပြင်ဆင်ထားသော ကန်တော့ပွဲ တခုကို ယခုဓာတ်ပုံတွင် တွေ့ရမည် ဖြစ်သည်။
အရေးပေါ် ပြင်ဆင် နေကြသော ကန်တော့ပွဲကို အချိန်မီ မပြင်နိုင်သူများ အနေနှင့် ဖော်ပြပါ ဓာတ်ပုံကို မိတ္တူ ထုတ်ယူပြီး ဆုတောင်းနိုင်ကြသည်ဟု ရန်ကုန်မှ သတင်းပို့သူက မှတ်ချက် ပေးထားသည်။ မော်လမြိုင်မှ ဆရာတော် တပါးက ဆီမီး ၇ တိုင် ထည့်သွင်းရန်လည်း ဖြည့်စွက် အကြံပေးထားသည် ဟု ဆိုပါသည်။
“ဘုရားကို ဘယ်နေရာကပဲ ကပ်ကပ်၊ နှစ်ဆန်း ၁ ရက်နေ့၊ ညနေ ၆ နာရီ၊ သပြေ ၆ ညွန့်၊ ရေ ၆ ခွက်၊ တံခွန် ၆ ခု (၇ ရက် သားသမီးပါတဲ့ ဂြိုလ်တံခွန်တိုင်)၊ သစ်သီး ၆ လုံး (ဘာသစ်သီးပဲဖြစ်ဖြစ် ၆ ရက် ခံတဲ့ အသီး - ဥပမာ မာလကာ၊ ပန်းသီး) စတာတွေနဲ့ ကပ်ကြဖို့၊ ဆုတောင်းစာက ၇ ရက် သားသမီးများ အောင်မြင်ပါစေ၊ ကျန်းမာ ရွှင်လန်းကြပါစေ၊ အားလုံး အန္တရာယ်ခပ်သိမ်း ကင်းဝေးကြပါစေ … ဆိုပြီး ၆ ခေါက် ရွတ်ကြရမယ်လို့ ဆိုတယ်။ ပြီးတော့ ၆ ရက်တိတိ ထားပြီးမှ စွန့်ရမယ်လို့ ပြောပါတယ် ...”
မည်သို့ပင် ဖြစ်စေကာမူ ၁၃၇၁ မြန်မာ နှစ်သစ်ကူးကို အရေးပေါ် ဘာသာရေး အစီအမံများနှင့် တဆင့်စကား လက်ဆင့်ကမ်း သတင်းဖြန့်ပြီး ဖြတ်ကျော်ဖို့ ဆောင်ရွက်နေကြသည့် ထူးခြားသော အဖြစ်ကို သတင်းမှတ်တမ်းအဖြစ် တင်ဆက်လိုက်ပါသည်။
မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့ ဘာသာရေးအစီအရင် ပြင်ဆင်နေကြ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment