ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်အမှု မေတ္တာရပ်ခံချက်ထပ်တင်မည်

Thursday, April 02, 2009 ·

မင်းနိုင်သူ | နအဖဘက်က တစုံတရာ အကြောင်း ပြန်ကြားမှု မရှိသေးသော်လည်း ၀န်ကြီးချုပ်ထံ နှစ်ကူး နှုတ်ခွန်းဆက် စာနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချထားမှုကို ထပ်မံ မေတ္တာရပ်ခံ စာပေးပို့သွားမည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။

“သင်္ကြန်မတိုင်မီ နှစ်သစ်ကူးနှုတ်ခွန်းဆက်လွှာလည်း ဆက်ရင်းနဲ့ပေါ့။ ၀န်ကြီးအဖွဲ့ကိုထပ်ပြီး မေတ္တာရပ်ခံမယ်လို့ စဉ်းစား ထားတယ်။ ကျနော်တို့မှာ တာဝန်ကလည်း ရှိတာကိုး။ ဒီတိုင်းထိုင်နေလို့မရဘူးလေ။ ကျနော်တို့ တာဝန် ကျနော်တို့ ကျေအောင်ပေါ့ဗျာ။ စာတော့ ရေးလိုက်ဦးမယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

အဆိုပါစာကို ဧပြီ (၈) ရက်တွင် ၀န်ကြီးချုပ်ရုံးထံလိပ်မူ၍ စာတိုက်မှတဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံမှုကို မတ်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သော်လည်း နအဖအစိုးရထံမှ အကြောင်း ပြန်ကြားမှု တစုံတရာမရှိခဲ့ပေ။

“အရင်အတိုင်းပဲ ၀န်ကြီးချုပ်ဆီပို့ပြီး အများကြားနာပေးပါ။ ရုံးဖွဲ့ပေးပါ။ သို့မဟုတ်ရင်လည်း ပုဒ်မ ၉ (ဃ)/၁၆ အရ ပြန်လည်သုံးသပ်ပေးဖို့တင်ပြပါမယ်။ ရက်အားဖြင့် တွက်မယ်ဆိုရင်တောင် သိပ်မကျန်တော့ပါဘူးလေ။ ဒါလေးတွေကို ထောက်ပြပြီးတော့လည်း ကျနော်တို့ မေတ္တာရပ်ခံမယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်း အပြီး နေအိမ်အကျယ်ချုပ်ချထားခဲ့ရာ (၅) နှစ်ကျော်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားမှုကို အစိုးရအဖွဲ့က (၅) နှစ်ထက်ကျော်လွန်၍ တနှစ်ထပ် တိုးခွင့် ရှိသည်ဆိုကာ တနှစ်ထပ်တိုးလိုက်ပြီးနောက် ဥပဒေကြောင်းအရ ညီညွတ်မှုမရှိသဖြင့် ရှေ့နေကြီး ဦးကြည်ဝင်းက ၂၀၀၈ ခုနှစ် အောက်တိုဘာလ (၉) ရက်တွင် အယူခံလွှာတင်သွင်းခဲ့သည်။

သို့ရာတွင် နအဖစစ်အစိုးရဘက်မှ ယခုအချိန်အထိ တစုံတရာအကြောင်းပြန်ကြားမှုများ မပြုခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ယခုအချိန်ထိ နေအိမ်အကျယ်ချုပ်ဖြင့် နေရသည်မှာ စုစုပေါင်း (၁၃) နှစ် ရှိခဲ့ပြီဖြစ်သည်။

လာမည့်မေလ (၂၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားနိုင်ခွင့်ရှိသည်ဆိုသော နအဖစစ် အစိုးရ၏ သတ်မှတ်ချက် (၆) နှစ်ပြည့်မည်ဖြစ်သည်။

source by : http://www.khitpyaing.org/news/April_09/2-4-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */