လမ်းတံတား လေလံကြေး အလွန်မြင့် ကုန်ဈေးနှုန်း မကျနိုင်

Thursday, April 02, 2009 ·

NEJ | ပြီးခဲ့သည့် မတ်လ (၃ဝ) ရက်က ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးတွင် လမ်းတံတား အသုံးပြုခ ကောက်ခံရေးဂိတ်များအတွက် လေလံပွဲ ပြုလုပ်ခဲ့ရာ လေလံကြေးများ စံချိန် တင်မြင့် တက်ခဲ့ခြင်းကြောင့် လမ်းတံတား အသုံးပြုခများ ဆက်လက် မြင့်တက်ဦးမည်ဖြစ်ကြောင်း ကုန်စည် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

အကျိုးဆက်အနေဖြင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး စရိတ်များ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ပြီး ကုန်ဈေးနှုန်း ကျဆင်းရန်လည်း မဖြစ်နိုင်တော့ကြောင်း အဆိုပါ ပို့ဆောင်ရေးလုပ်ငန်း လုပ်နေသူများက သုံးသပ် ပြောဆိုနေကြသည်။

ရန်ကုန် ဘုရင့်နောင်ပွဲရုံ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက “ပြီးခဲ့တဲ့ရက်က လမ်းတံတား ကောက်ခံရေး ဂိတ် လေလံပွဲမှာ အင်းစိန်နဲ့ လှိုင်သာယာကို ဆက်သွယ်ထားတဲ့ အောင်ဇေယျ တံတားဟာ လေလံကြေး ကျပ် သိန်း (၁၁,၅ဝဝ) အထိ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကထက် ကျပ် သိန်း (၅ဝဝ) ပိုနေသေးတယ်။ ဒီတော့ လေလံ သမားတွေ တံတားဖြတ်သန်းခ ဆက်ပြီး တိုးမြှင့်ကောက်ခံနေဦးမှာပဲ။ ဒီတော့ ကုန်စည်ပို့ဆောင်ရေး နှုန်းတွေက ချလို့ မရတော့ဘူး။ အကျိုးဆက်က ကုန်ဈေးနှုန်းလည်း ဒီလိုပဲ ဆက်တက်နေဦးမှာပဲ” ဟု ရှင်းပြသည်။

အဆိုပါနေ့ လေလံပွဲတွင် ယခင်နှစ်က ကျပ်သိန်း (၃,၁ဝဝ) ရှိသည့် ရွှေပြည်သာတံတားကို ယခု ကျပ်သိန်း (၄,၅၆၇)၊ ယခင်နှစ်က ကျပ်သိန်း (၄,၅ဝဝ) ရှိသည့် ဘုရင့်နောင်တံတားကို ယခု ကျပ်သိန်း (၆,၆ဝဝ)၊ ယခင် နှစ်က ကျပ်သိန်း (၁,၁၄ဝ) ရှိသည့် အမှတ် (၄) လမ်းဂိတ် လေလံကြေးကို ယခုနှစ် ကျပ်သိန်း (၃,ဝဝ၆)၊ လေလံ ကြမ်းခင်း ဈေး ကျပ်သိန်း (၅ဝဝ) ရှိသည့် ဒဂုံတံတားကို ကျပ်သိန်း (၄,ဝဝ၅) ပေးပြီး လေလံအောင်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လေလံစနစ်သည် လေလံမစတင်ခင် အာဏာပိုင်အဖွဲ့က လေလံအောင်မည့်သူများအတွက် စည်းကမ်း သတ်မှတ်ချက် ချထားပြီး အဆိုပါစည်းကမ်းချက်မှာ တန်ချိန် မည်မျှရှိသည့်ကားကို တံတား သို့မဟုတ် လမ်း ဖြတ်သန်းခ မည်မျှ ကောက်ခံပါ့မည်ဆိုပြီး လက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတဝှမ်းက လမ်းတံတားကြေး လေလံအောင်ပြီး ငွေကောက်ခံသူများသည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများကို လာဘ်ထိုးပြီး လမ်းတံတား ဖြတ်သန်းခ ပိုမိုကောက်ခံလေ့ရှိကြသည်။

အဆိုပါကိစ္စကို သက်သေခံ အထောက်အထားများဖြင့်တင်ပြသော်လည်း အာဏာပိုင်အဖွဲ့ဝင်များက လာဘ်ယူထား ကြသည့် အတွက် အရေးယူမှု ပြုလုပ်သည်ကို မတွေ့ရကြောင်း၊ ထိုကြောင့် လမ်းတံတား ဖြတ်သန်းခ ကြေးများ အလွန်မြင့်မားနေသည့် အတွက် သယ်ယူပို့ဆောင်ခနှင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာခြင်းဖြစ်သည်။

ယခုလက်ရှိ ဒီဇယ်ဆီအပါအဝင် လောင်စာဆီဈေးနှုန်းများ ကျဆင်းနေ၍ သယ်ယူပို့ဆောင်ခနှင့် ကုန်ဈေးနှုန်းများ ကျဆင်း လာမည်ဟု ပြည်သူများက ယူဆထားသော်လည်း မြန်မာပြည်တွင် စစ်အစိုးရက ကားတင်သွင်းခွင့်ပါမစ်ကို ကိုယ်ကျိုးအတွက် အသုံးပြုပြီး အများပြည်သူကို ပိတ်ပင်ထား၍ ကားဈေးနှုန်းများ အဆမတန် ကြီးမြင့်နေသည့် အတွက် အဆိုပါကားများအတွက် ရင်းနှီးမြှုပ်နှံငွေ ပမာဏသည် ကုန်စည် သယ်ယူပို့ဆောင်ခကို အဓိက ဆုံးဖြတ်နေခြင်းဖြစ်သည်။

ဒုတိယအားဖြင့် အထက်ပါ လမ်းတံတား ကောက်ခံကြေးနှုန်းထားများဖြစ်ပြီး တတိယကျမှသာ လောင်စာဆီ ဈေးနှုန်းက ဆုံးဖြတ်ခြင်း ဖြစ်သည်။ ကားတင်သွင်းခွင့်များကို ကိုယ်ကျိုးရှာ ပိတ်ပင်ထားသေးသရွေ့၊ လမ်းတံတားကြေးများ မြင့်မားနေသေးသရွေ့ လောင်စာဆီဈေးနှုန်းများ အဆမတန် ကျဆင်းသည့်တိုင် သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် ကုန်ဈေးနှုန်း ကျဆင်းရန် မဖြစ်နိုင်သေးကြောင်း ကုန်သည် အသိုင်းအဝိုင်းက ဝေဖန်ပြောကြားနေကြသည်။

source by : http://www.khitpyaing.org/news/April_09/2-4-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */