ခိုင်ရီ | ရန်ကုန်မှ နေပြည်တော်သို့ ပြေးဆွဲသည့် ခရီးသည်တင် ယာဉ်တစီး ယနေ့ နံနက်က တိမ်းမှောက်ခဲ့ရာ ခရီးသည် အနည်းဆုံး ၃ ဦး သေဆုံး သွားကြောင်း ဖြူးမြို့နယ် ဆေးရုံ တာဝန်ရှိသူများ ထံမှ သိရသည်။
အဆိုပါ မော်တော်ယာဉ်သည် ပဲခူးတိုင်း ဖြူးမြို့နယ် အတွင်း လမ်းချော်ပြီး တိမ်းမှောက်သွားခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့၊ ရွှေမန်းသူ ကားဂိတ်မှ တာဝန်ကျ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောပြသည်။
“ဒဏ်ရာရတဲ့သူ အနည်း အကျဉ်းတော့ ရှိပါတယ်။ လူနာတွေကို ဖြူးဆေးရုံ နဲ့ တောင်ငူ ဆေးရုံမှာ တင်ထား ပါတယ် ခင်ဗျ” ဟု အဆိုပါ ၀န်ထမ်းက ပြောသည်။
တိမ်းမှောက်သွား မော်တော်ယာဉ် (နံပါတ် ၂ဂ/၁၉၈၄) တွင် ခရီးသည် ၅၀ ခန့် လိုက်ပါသွားသည်ဟု သိရသည်။
ရွှေမန်းသူ မော်တော်ယာဉ်လိုင်းသည် တပ်မတော်က ပိုင်ဆိုင်သည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်၏ လုပ်ငန်းတခု ဖြစ်သည်။
ယခုလ ၂ ရက်နေ့ကလည်း ရန်ကုန်မှ ထွက်ခွာသွားသော ကားတစီး ရခိုင်ပြည်နယ် အမ်းမြို့နယ်အနီး လမ်းဘေး ချောက်ထဲသို့ ကျသွားရာ ဘုရားဖူး ခရီးသည် အနည်းဆုံး အယောက် ၂၀ သေဆုံးပြီး၊ ၂၅ ယောက် ဒဏ်ရာ ရခဲ့သည်။
အဆိုပါ သတင်းကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဖော်ပြထားသည်။ သို့သော်လည်း လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော လူအများအပြား သေဆုံးခဲ့သည့် အဆိုပါ ယာဉ်မတော်တဆဖြစ်မှုကို အပတ်စဉ်ထုတ် ဂျာနယ်များတွင် ယခုအထိ ထည့်သွင်း ဖော်ပြခြင်း မတွေ့ရသေးပေ။
အဆိုပါယာဉ်မှာ ရွှေညီကို ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းမှ ဖြစ်ပြီး အမ်းမြို့နယ် နှင့် စစ်တွေမြို့ အကြားတွင် ချောက်ထဲ ကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှ ဘုရားဖူးခရီးသည် ၅၀ ခန့် လိုက်ပါသွားသည်ဟု ဆိုသည်။
ထိုဖြစ်ရပ်ကြောင့် အာဏာပိုင်တို့က ယာဉ်မောင်းသူ၊ အရံ ယာဉ်မောင်း နှင့် စက်ပြင်ဆရာတို့ကို ထိန်းသိမ်း ထားသည်ဟု သိရသည်။ ချောက်ထဲသို့ ကျသွားစဉ် အဆိုပါ ဘုရားဖူးယာဉ် (ကားနံပါတ် ၁က/၃၈၈၁) ကို မောင်းနှင်သူမှာ စက်ပြင်ဆရာ ဖြစ်သည်ဟု သိရသည်။
(ဤသတင်းကို ဇာနည်ဝင်း ဖြည့်စွက် ရေးသားသည်)
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=934:2009-04-08-12-08-36&catid=1:news&Itemid=2
ရန်ကုန် - နေပြည်တော်သွား ကား ၁ စီး မှောက်၊ ၃ ဦး သေဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment