သန်းထိုက်ဦး | မြန်မာစစ်အစိုးရ အနေနှင့် ငြိမ်းချမ်းရေးကို လိုလားပါက ပထမဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် အပစ်အခတ် ရပ်စဲရေးကို ကြေညာ လက်မှတ်ထိုး သင့်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)က ပြောကြားသည်။
ကေအန်ယူ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya တို့ ယခုလ ၆ ရက်နေ့က ဘန်ကောက်မြို့ တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
နော်စီဖိုးရာစိန်က“ မြန်မာ စစ်အစိုးရ အနေနဲ့ငြိမ်းချမ်းရေးကို လိုလားရင် ပထမ ဦးဆုံး အပစ်ခတ်ရပ်စဲရေးကို ကြေညာ ပေးရမယ်၊ ကေအန်ယူ အပြင် တခြားလက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ဒေသတွေမှာလည်း ကြေညာ ပေးရမယ်၊ အပစ်ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကေအန်ယူ ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေအတွင်းရေး နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး တို့နှင့် ထိုင်းအာဏာပိုင်များဘက်မှ ၆ ဦးတို့သည် ဘန်ကောက်မြို့ တနေရာတွင် ၂ နာရီကြာ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည် ။
ထိုင်းအာဏာပိုင်ဘက်က ကေအန်ယူကို နအဖ စစ်အစိုးရဘက်မှ စကားပြောဆိုဆွေးနွေးလိုကြောင်းနှင့် ကေအန်ယူဘက်မှ သဘောထား မည်သို့ရှိသည်ကို မေးမြန်းဆွေးနွေးကြောင်းလည်း နော်စီဖိုးရာစိန်က ပြောဆိုသည်။
၎င်းက ဆက်လက်ပြီး ကေအန်ယူ အနေနှင့် စစ်အစိုးရနှင့် ထိုင်းနိုင်ငံ သို့မဟုတ် ပြည်ပနိုင်ငံ တနေရာတွင်သာ တွေ့ဆုံဆွေးနွေးနိုင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။
လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya သည် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က ကေအန်ယူအဖွဲ့ ကို နားချပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုမတ်လအတွင်း၌ပင် ထိုင်းစစ်တပ်က မဲဆောက်မြို့ရှိ ကေအန်ယူ စစ်ခေါင်းဆောင်များကို မြန်မာပြည်ဘက် ခြမ်းသို့ ပြန်နေရန် စာထုတ်ခဲ့ပြီး နောက်ပိုင်း ကေအန်ယူ ခေါင်းဆောင်များ ပြန်ခဲ့ရသည်။
ကေအန်ယူသည် ၁၉၉၀ နောက်ပိုင်းတွင် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ကွယ်လွန်ခဲ့ပြီဖြစ်သော ကေအန်ယူ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြသည် ၂၀၀၄ခုနှစ်အတွင်း မြန်မာ စစ် အစိုးရ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် နောက်ဆုံးအကြိမ် တွေ့ဆုံဆွေး နွေးခဲ့သည်။
ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(NDD) မှ စစ်ရေးလေ့လာသူ ဦးဌေးအောင်က ကေအန်ယူ အနေနှင့် အပတ်ခတ် ရပ်စဲသွားမည်ဆိုပါက ထိုင်းနိုင်ငံအခြေစိုက်အတိုက်ခံ အဖွဲ့အစည်းများကိုလည်း ဖိအားပေးလာနိုင် ကြောင်း ပြောဆိုသည်။
“ထိုင်းမှာ ဆက်နေမယ်ဆိုရင်လည်း နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်ရဘူး၊ ကိုယ့်ဘာသာကိုယ် ဒီမှာတခြား အလုပ် သမားပုံစံမျိုးနဲ့ရပ်တည်နေနိုင်ရင်နေ၊ နောက်ပိုင်းကို ဒီလိုမျိုး ပုံစံမျိုးနဲ့ ဆက်ပြီးတော့ ဖိအားပေးလာနိုင်တဲ့ အလား အလားတွေလည်း အများကြီး ရှိနေတယ်”ဟု ဦးဌေးအောင်က ဆိုသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=933:2009-04-08-12-07-27&catid=1:news&Itemid=2
ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ရန် ပထမအဆင့်လိုအပ်ဟု ကေအန်ယူတောင်းဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment