RFA | မြန်မာစစ်အစိုးရ နံပတ်(၃) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွှေမန်းရဲ့ သားတွေ ပိုင်ဆိုင်တဲ့ ၊ ရွှေမေတ္တာ ကုမ္ပဏီဟာ ရေနံချောင်း မြို့နယ် ၊ ပင်းဝ ရွာသားတွေ လုပ်ကိုင်နေတဲ့ ယာမြေဆီက မြေငှားခအဖြစ် ကြက်သွန်နီတွေ ပေးသွင်း ရမယ် ဆိုပြီး အဓမ္မ တောင်းခံနေကြောင်း ဒေသခံတွေက RFA ကို ပြောပါတယ်။ ရေနံချောင်းမြို့ မြောက်ဖက် ၃မိုင်အကွာ ပင်းဝရွာမှာ ချောင်းရေ တိုက်စားမှုကို ကာကွယ်ဖို့ ယခင်က တောအုပ် ရှိခဲ့ပါတယ်၊ အဲဒီတောအုပ်ကို ဗိုလ်ချုပ်ကြီး ရွှေမန်းရဲ့ သားတွေ ပိုင်ဆိုင်တဲ့၊ ရွှေမေတ္တာ ကုမ္ပဏီက လွန်ခဲ့တဲ့ ၃နှစ်က စလို့ သိမ်းဆည်းသွားခဲ့ပြီး ကုမ္ပဏီပိုင် ယာမြေတွေ အဖြစ်နဲ့ ဒေသခံ ရွာသားတွေကို ပြန်လည် ငှားရမ်း လုပ်ကိုင်စေခဲ့တာပါ။
မြေယာ ဥပဒေအရ အဲဒီလို သောင်ထွန်းသွားရင် အဲဒီ မြေနေရာကို မူလ မြေယာပိုင်ရှင် တွေကသာ ပြန်လည် ပိုင်ဆိုင်ခွင့် ရှိတာပါ ။
အခုလို ဖြစ်နေတဲ့ ပြဿနာကြောင့် ယာသမားတွေက ရွှေမေတ္တာ ကုမ္ပဏီကို မြေငှားခအဖြစ် ကြက်သွန်တွေ မပေးဆောင်ချင်ဘူးလို့ ဒေသခံက အခုလို ပြောပါတယ် ။
ဒေသခံ။ ။ “အခုလက်ရှိ ကျန်နေတဲ့၊ သူတို့ လုပ်ထားတဲ့ တောရိုင်းမြေတွေလည်း သူတို့က ကိုယ်တိုင် မစိုက်ပျိုးပဲနဲ့ ရွာကို တကြိမ် ပြန်ချတယ်။ တကြိမ်ပြန်ချပြီး အဲဒီပေါ်မှာ စိုက်တဲ့ ကြက်သွန်စိုက်ရင် ကြက်သွန် ပေးရတယ် ပေါ့နော်။ ဟို စပါးမစိုက်လည်း သူက ဒီမြေကို တာဝန်ယူထားတဲ့လူက တဧက ဘယ်လောက်ဆိုပြီး ပေးရ တယ်ပေါ့။ အဲဒါကို ရွက မကျေနပ်ဖူးပေါ့နော်။ ဒါကို ရွာကပဲ အပိုင် ပြန်ဖြစ်သင့်တယ်ပေါ့။”
“အခုလောလောဆယ် ဧပြီလထဲမှာပဲ ကြက်သွန်တောင်းတယ်။ တချို့ကလည်း မပေးနိုင်ဘူးပေါ့။ အဲလို ဖြစ်နေကြတာပေါ့။ ရွှေမေတ္တာဆိုတာ သူရရွှေမန်းရဲ့ သားတွေ ဦးစီးနေတဲ့ ကုမ္ပဏီပေါ့နော်၊ အဲဒီ ရွှေမေတ္တာ ကုမ္ပဏီကနေပြီးတော့ ဒီဟာကို သူတို့က တောရိုင်းမြေ၊ အရိုင်းမြေ ဆိုပြီးတော့ သူတို့ရဲ့ ဂရန်ပေါက်အောင် လုပ်ပြီးတော့ ဒါကို သူတို့ အပိုင်လုပ်ထားတာ။”
ဒီကိစ္စနဲ့ ပတ်သက်လို့ အထက်ကို စာရေးသား တိုင်ကြားထားပေမဲ့ ဘယ်လို အရေးယူ ဆောင်ရွက်မှုမျိုးမှ မရှိသေးဘူးလို့ RFA က စုံစမ်းသိရပါတယ် ။
source by : http://www.rfa.org/burmese/news/son_of_general_collects_farmland_fees-04132009154032.html
0 comments:
Post a Comment