RFA | NLD လူငယ်တာဝန်ခံတဦးကို ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အပါအဝင် လူတစုက ဝိုင်းပြီး ရိုက်ခဲ့တာကို ရဲစခန်းကို တိုင်ကြား ရာမှာ ရဲစခန်းက ကြံ့ခိုင်ဖွံဖြိုးရေး အဖွဲ့ဝင်တွေကို အရေးမယူဖို့ ငြင်းဆိုခဲ့ကြောင်း တွံတေးမြို့က NLD လူငယ်တွေက RFAကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်နေ့က တွံတေးမြို့က NLD လူငယ်တာဝန်ခံ တဦးဖြစ်တဲ့ ကိုကုလားခေါ် ကိုဝင်းကြိုင်ကို လူ၇ဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့တဲ့ အပြင် အိတ်ထဲမှာ ပါလာတဲ့ ငွေတွေလည်း လုယူသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RFAက သတင်းထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်၊ အရိုက်ခံရသူ ကိုကုလားနဲ့ ပတ်သက်ပြီး NLD လူငယ်တာဝန်ခံတဦးက ခုလိုပြောပြပါတယ်။
လူငယ်တာဝန်ခံ။ ။ “နှာခေါင်းကျိုးသွားတယ်။ ဒူးခေါင်းမှာ ဒဏ်ရာရတယ်။ နံရိုးတွေ အောင့်တယ်။ ဆိုတော့ ရဲစခန်းမှာ တက်အမှုဖွင့်ခဲ့တယ်။ စခန်းမှူး ဦးမြင့်ကျော် ထံမှာ။ စခန်းမှူး ဦးမြင့်ကျော်က ဘာနဲ့ ဖွင့်ပေးလိုက်သလဲ ဆိုတော့၊ ၃၂၅ ထိခိုက်နာကျင်မှု၊ ၂၉၄ ဆဲဆိုမှု၊ ၅၀၆ ခြိမ်းခြောက်မှုနဲ့ ဖွင့်တယ်။ သူက အဲဒီ လုယက်မှုကျတော့ ကိုကုလားက ဖွင့်ခိုင်းတာ၊ လုယက်မှုနဲ့ ဖွင့်မပေးဘူး။ နောက်ပြီးတော့ ရရှိထားတဲ့ ဒဏ်ရာတွေကို ကျွန်တော်တို့ ဆေးရုံသွားကုတဲ့အချိန်မှာ ဆေးရုံအုပ်ကြီးက ကိုကုလားကို ပြောတယ်။ ပိုက်ဆံပါလားလို့ မေးတယ်။ ကိုကုလားက မပါဘူးလို့ ပြောတော့ သူကလေ၊ ဆေးမထိုးပေးနိုင်ဘူးတဲ့၊ ဒီဆေးရုံက ဆေးတွေက ပိုက်ဆံနဲ့မှ ဆေးကုသပေးမယ်လို့ ပြောတယ်။ အဲဒီတော့ ကိုကုလားက ဆေးကုသမှု မခံယူရဘူး။ မခံယူရဘူးပေါ့၊ အခုလက်ရှိ ကိုကုလားက ဘာတွေ ခံစားနေရသလဲဆိုတော့ သူက နှာခေါင်းသွေးတွေ ထွက်နေတယ်၊ နောက် လဲလည်း လဲနေတယ်ခင်ဗျ။”
ဒါ့အပြင် ရဲစခန်းမှာ အမှုဖွင့်စဉ် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုစိုးတင့်နဲ့ ကိုကရင်ဆိုသူတွေကို ဝိုင်းဝန်း ရိုက်နှက်သူတွေ စာရင်းမှာ မထည့်ပဲလူကြီးတွေနဲ့ အရင်တိုင်ပင်မဲ့အကြောင်း ပြောတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တွံတေးရဲစခန်းကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာ တာဝန်ကျတဦးက ခုလိုပြောပါတယ်။
တွဲဖက်တာဝန်မှူး။ ။ “သြော် ဟုတ်တယ်ခင်ဗျ၊ လောလောဆယ် ကျွန်တော်တို့က ခုချိန်မှာလေ ကျွန်တော် တွဲဖက် တာဝန်မှူး တယောက်တည်းဆိုတော့ ကျွန်တော် လောလောဆယ် မသိသေးလို့ပါခင်ဗျ။ အဲဒါ မသိသေးတော့ ဟိုနေ့က ဖြစ်တာ အရင်တာဝန်မှူးက ထွက်သွားတော့ လောလောဆယ်တော့ မသိသေးဘူး အစ်ကိုရ နော်။”
ဒါကတော့ တွံတေးရဲစခန်းက တွဲဖက်တာဝန်မှူးဆိုသူက ပြန်လည် ဖြေကြားခဲ့တာပါ။
source by : http://www.rfa.org/burmese/news/police_denied_to_take_action_on_thugs-04132009155347.html
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များအား အရေးယူဖို့ ရဲစခန်းက ငြင်းဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment