ထောက်လှမ်းရေး ဗိုလ်မှူးချုပ် ကျော်ဝင်း သမီး ရန်ကုန်မှာ အသတ်ခံရ

Wednesday, April 08, 2009 ·

NEJ | မကြာခင်က ရန်ကုန်မြို့လယ် နှစ်လောင်းပြိုင် လူသတ်မှုတွင် အသတ်ခံ ရသူ အမျိုးသမီးမှာ တချိန်က ထောက်လှမ်း ရေး ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ကျော်ဝင်း သမီးဖြစ်ကြောင်း မြန်မာစစ်အစိုးရ ကြေးမုံ သတင်းစာ နာရေး ကြော်ငြာ၌ ဖော်ပြထားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် ကောလာဟလ အမျိုးမျိုး ထွက်ပေါ်နေသော်လည်း အသတ်ခံရ သည့် အကြောင်းရင်းမှာ ဗိုလ်မှူးချုပ် ကျော်ဝင်းနှင့် ပတ်သက်မှုရှိမရှိ ရှင်းရှင်းလင်းလင်း မသိရ သေးပေ။ ဗိုလ်မှူးချုပ်ကျော်ဝင်းသည် တချိန်က ထောက်လှမ်းရေးအဖွဲ့ကြီးကို ဖြိုချပြီး ဗိုလ်ချုပ်ခင်ညွန့်အား ဖမ်းဆီးရာတွင် နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားခဲ့သူ အဖြစ် ပြောဆိုခြင်းခံရသူ ဖြစ်သည်။

ဗိုလ်တထောင်လမ်းသွယ် (၄) လမ်း တိုက်အမှတ် (၆-၈) (၄) လွှာ (ယာဘက်ခြမ်း) အခန်းတွင် နေထိုင်သည့် သင်္ဘောသား ဇနီးမောင်နှံ နှစ်ဦး အသတ်ခံခဲ့ရရာ သေဆုံးသူ မအေးအေးဝင်းမှာ ထောက်လှမ်းရေး ဒုတိယ အကြီးအကဲ ဗိုလ်မှူးချုပ် ကျော်ဝင်း သမီး ဖြစ်သည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် အိမ်တန်းတွင် နေထိုင်သူတဦးက “အခန်းအနီးနားက တိုက်ခန်း နေသူတွေ အပုပ်နံ့တွေ ထွက်လာမှ သတိထားမိကြတာ။ အခြား အခန်းတွေအားလုံးက ထူးခြားမှု မရှိ၊ အဲဒီ အခန်းတခန်းပဲ အပြင်က သော့ခတ်ထားတော့ ရဲကို အကြောင်းကြားပြီးဖွင့်မှ လင်မယားနှစ်ယောက်လုံး သေနေတာ။ အသတ်ခံရတာ အနည်းဆုံး (၃-၄) ရက် လောက်တော့ ရှိပြီလို့ မှန်းဆရတယ်” ဟု ပြောသည်။

အနီးနား ပတ်ဝန်းကျင်တွင် နေထိုင်သူများက သေဆုံးသူသည် အသက် (၄ဝ) ကျော်အရွယ် ကိုခင်မောင်လေးနှင့် သူ့ဇနီး မအေးအေးဝင်းတို့ ဖြစ်ပြီး ကိုခင်မောင်လေးသည် သင်္ဘောသား ဖြစ်ကြောင်း ပြောသည်။

၎င်းတို့၏ ပြောပြချက်အရ မှုခင်း မဖြစ်ပွားခင် (၃) ရက်အလို ည (၁၁) နာရီလောက်တွင် ၎င်းတို့အခန်းသို့ လူတယောက် လာသည်ဟု ယူဆရကြောင်း၊ နောက် ကိုခင်မောင်လေး၏ဇနီး မအေးအေးဝင်း အော်သံကိုလည်း ကြားကြကြောင်း၊ သို့သော် လင်မယားချင်း စကားများသည်ထင်ပြီး မည်သူမှ စိတ်မဝင်စားကြောင်း၊ ဧပြီလ (၂) ရက်နေ့ ရဲကို အကြောင်းကြားမှသာ အခန်းထဲတွင် ဓားဒဏ်ရာဟု ယူဆရသည့် ပြတ်ရှဒဏ်ရာများဖြင့် နှစ်ဦးလုံး သေဆုံးနေသည်ကို တွေ့ရကြောင်း၊ ပစ္စည်းယူ လူသတ်မှုလား၊ သို့မဟုတ် အခြားကိစ္စလား ဆိုသည်ကိုမူ ရဲက စစ်ဆေးနေဆဲဖြစ်၍ မသိနိုင်သေးကြောင်း သိရသည်။

အဆိုပါနေ့က ရဲများ နေ့လယ် (၁) နာရီခွဲခန့်တွင် ရောက်လာကြပြီး ညနေ (၄) နာရီ ခန့်မှ အလောင်းကို သယ်ထုတ် သွားကြောင်း၊ အခင်းဖြစ်ပွားရာ တိုက်ခန်း မြေညီထပ် ကပ်လျက်တွင် လူစည်ကားသည့် လက်ဖက်ရည်ဆိုင် တဆိုင်ရှိကာ ဗိုလ်တထောင် ရဲစခန်းနှင့် အနည်းငယ်သာ ကွာဝေးကြောင်း သိရသည်။

ယခု နှစ်လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ခံများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း၊ ယခုနောက်ပိုင်း ရန်ကုန်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှု ပိုမိုထူပြောလာကာ မြို့စွန်ဧရိယာများသာမက မြို့လယ်ဧရိယာတို့တွင်လည်း အဖြစ်များလာကြောင်း သိရသည်။

source by : http://www.khitpyaing.org/news/April_09/8-4-09a.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */