ထိုင်း အစိုးရကို ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် စွပ်စွဲ

Wednesday, April 08, 2009 ·

NEJ | ထိုင်းနိုင်ငံသည် အရွယ်မရောက်သေးသည့် လူမမယ် ကရင်ကလေးသူငယ်များအား စစ်သင်တန်း ပေးနေသည်ဟု မြန်မာဗိုလ်ချုပ်ကြီးတဦးက ကေအန်ယူ ခွဲထွက်အဖွဲ့တခုနှင့် တွေ့ဆုံရာတွင် စွပ်စွဲပြောခဲ့သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်နေ့က စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်း ရေးကောင်စီအဖွဲ့နှင့် နအဖတပ်မတော် စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တွေ့ဆုံဆွေးနွေးစဉ် စရဖ အရာရှိချုပ်က ယခုကဲ့သို့ ထိုင်းအစိုးရကို စွပ်စွဲပြောဆိုခြင်းဖြစ်သည်။

ဆွေးနွေးပွဲ၌ ကလေးစစ်သားဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က “ထိုင်းက မိုဘိုင်း (၃၂) ဆိုတဲ့နေရာမှာ ကျနော်တို့ တိုင်းရင်းသားကရင်ကလေးငယ်တွေကို စစ်ပညာသင်ကြား ပေးနေတယ်။ ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ် အရွယ်တွေကို ယိုးဒယားက စစ်ပညာသင်ပေးနေတာကို မနေ့က ဓာတ်ပုံတွေနဲ့ ကျနော်ရတယ်။ ယိုးဒယားစာပါ ပါတယ်။ မနေ့က ကျနော်သိတော့ ကျနော် တော်တော် စိတ်ဆိုးတယ်။ အ၀တ်အစားတွေကတော့ ကရင်သင်တိုင်းတွေ။ သို့သော် အကုန်လုံးက ဖိနပ်တွေနဲ့ ဘွတ်တွေနဲ့ ယိုးဒယားက လုပ်နေတယ်။ ကျနော်တို့ ကလေးတွေကိုဗျာ၊ ဟာကွာ ယိုးဒယား ငါတို့ကို လုပ်နေတာကွာ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များက ၎င်းကိစ္စနှင့် ပတ်သက်သည့် အခြေအနေများကို မိမိတို့အဖွဲ့မှ စုံစမ်းပေးသွားမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်အား ပြောခဲ့သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူမှ အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုဒေးဗစ်ထောက “ထိုင်းနိုင်ငံက တောင်ပေါ်ကရင်ရွာတွေမှာ ကျောင်းသားလူငယ်တွေကို ဗလ ငါးတန်နဲ့ ပြည့်စုံအောင် အခြေခံသင်တန်းလေးတွေ တပတ်တခါပေးတာရှိတယ်။ အဲဒါကို နအဖက ထိုင်းကို ရမယ်ရှာပြီးတော့ သိက္ခာကျအောင် ၀ါဒဖြန့်တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကလေးစစ်သားတွေ ရှိတယ်ဆိုတဲ့ ကိစ္စကို ထိုင်းမှာလည်း လုပ်နေတယ်ဆိုပြီး နအဖက ထိုင်းကို ထိုးနှက်ချင်လို့ သူတို့ကပဲ ကရင်ကလေးတွေကို ချစ်သလိုလိုနဲ့ အမှတ်ယူပြီး ရဲမြင့်က ပြောတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ကရင်ကလေးငယ်များကို ထိုင်းနိုင်ငံက အခြေခံစစ်ပညာသင်ပေးသည့်သတင်းကို နအဖ ကျောထောက် နောက်ခံပြုထားသည့် သာကီနွယ် ၀က်ဆိုဒ်တွင် ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြခဲ့သည်ကို ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကိုးကားစွပ်စွဲပြောဆိုခြင်းဖြစ်သည်။

စောဌေးမောင်သည် ထိုင်းဘက်သွား၍ ကေအန်ယူမှ အရာရှိအချို့နှင့် သွားရောက်တွေ့ဆုံရန်ရှိသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရာ စရဖအရာရှိချုပ်က “အဘိုးကိုတွေ့ချင်ရင် သူတို့လာတွေ့ပါစေ။ အဘိုးကို မခေါ်နဲ့။ တော်ကြာ အန္တရာယ်ရှိနေဦးမယ်။ မြ၀တီကိုခေါ် ဟိုဘက်ကမ်းတော့ မသွားနဲ့၊ ဒီလူတွေက ယုံရတာ မဟုတ်ဘူး၊ ဒီလူတွေက အရူးတွေ” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲမှတ်တမ်းစီဒီမှာ မဲဆောက်ဒေသတ၀ိုက်တွင် ပျံ့နှံ့နေပြီး မဲဆောက် မြန်မာ ဘုန်းတော်ကြီး ကျောင်း မှ ကျောင်းထိုင်ဆရာတော်တပါးက “ဒီရဲမြင့်ဆိုတဲ့ဒကာက သူလည်း ဗိုလ်ခင်ညွန့်လိုပဲ ဟန်ပန်အမူအရာ စကားအပြောအဆို လေယူလေသိမ်းကအစ ၀မ်းနည်းဟန်၊ သနားဟန်၊ ၀မ်းသာတက်ကြွဟန်၊ တခါတခါ ငိုတော့ မလိုလို၊ ရယ်တော့မလိုလိုနဲ့ တဖက်သားကို ဇဝေဇ၀ါဖြစ်သွားနိုင်လောက်သည့်အထိ သူတို့မှာ နည်းပညာ တွေရှိတယ်။ ခင်ညွန့်တုန်းကလည်း ဒီပုံစံအတိုင်းပဲ။ နောက်ဆုံးတော့လည်း ညံ့တဲ့လူ ခံပေါ့ ဒကာကြီးရာ” ဟု မိန့်ကြားသည်။

source by : http://www.khitpyaing.org/news/April_09/8-4-09b.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */