သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် စီးပွားဖြစ်

Wednesday, April 01, 2009 ·

မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ရိုးရာ နှစ်ကူးချိန် နီးလာသည်နှင့်အမျှ ရန်ကုန်တွင် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခွင့် ရသူများက ခွင့်ပြုအမိန့်ကို ကျပ် သိန်း ၄ဝ အထိ ဈေးခေါ်ရောင်းချမှုများ ရှိနေသည်။

ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်တွေ ယခု သတင်းပေးပို့ချိန် အထိ ချပေးခြင်း မရှိသေးသော်လည်း ပါမစ်ကျရန် နီးစပ်သူများက ဈေးခေါ်ထားခြင်း ဖြစ်သည်။

ရေကစား မဏ္ဍပ်ဆောက်လိုသူက ခ.ဝ.တ သို့ လုံခြုံရေး အာမခံချက် တာဝန်ယူပေးရပြီး ဌာနဆိုင်ရာ အရာရှိ တဦးက ထောက်ခံ ပေးရသည်။ သို့သော်လည်း အစိုးရနှင့် နီးစပ်သူ၊ စစ်ဘက် ရာထူးကြီးကြီးများဖြင့် နီးစပ် သူများသာ ရလေ့ရှိသဖြင့် ကြားပွဲစား ပေါ်ထွန်းလာခဲ့သည်။

“ခ.ယ.က မှာ ဖောင်ဝယ်ရတယ်။ ဖောင်ကြေးက ၅ဝဝ (ကျပ်) လောက်ပဲ ရှိတာ။ ပါမစ် ကျဖို့က တာဝန်ခံ အရေးကြီးတယ်။ သူ့ကို ထောက်ခံပေးမဲ့ ရာထူးကြီးကြီး တယောက်ယောက် ရှိမှရတယ်။ မဏ္ဍပ်ဆောက်ခွင့် ရဖို့သေချာတဲ့ သူတွေကတော့ အခု ပြန်တောင်ရောင်းနေကြပြီ“ ဟု လျှောက်ထားသူတဦးက ဆိုသည်။

အမှန်တကယ် မဏ္ဍပ် ဆောက်လုပ်မည့် သူများက ဆောက်လုပ်ခွင့်ကို တဆင့် ပြန်ဝယ် ကြရပြီး ယမန် နှစ်ကဆိုလျှင် ကျပ်သိန်း ၂ဝ မှ ၂၅ သိန်း အထိ နေရာအကွက်အကွင်းပေါ် မူတည်ပြီး ဈေးပေါက်ခဲ့သည်။

သင်္ကြန် မဏ္ဍပ် တခု အတွက် ဆောက်လုပ်ခွင့်၊ ဆောက်လုပ်စရိတ်၊ စည်ပင်ကို ပေးရတဲ့ ရေဖိုး၊ နေရာဖိုး၊ ဒီဂျေစက် ၊ ရေပန့် ၊ကချေသည်အဖွဲ့နှင့် စင် အပြင်အဆင် တို့အတွက် စင်အရွယ်အစား ဒီဇိုင်းအပေါ် မူတည်ကာ စုစုပေါင်း ကျပ်သိန်း ၁၅ဝ နှင့် အထက် ကုန်ကျ စရိတ် ရှိသည်။

“ဆောက်လုပ်ခွင့် ငှားဆောက်ရတာ ၄ နှစ်လောက် ရှိပြီ။ နှစ်တိုင်းတော့ မမြတ်ဘူး။ ရှုံးရင် သိန်း ၄ဝ/၅ဝ လောက်။ မြတ်ရင် သိန်းဆယ် ဂဏန်းလောက်တော့ မြတ်တယ်။” ဟု မဏ္ဍပ် ကန်ထရိုက်ဆွဲသူ တဦးက ပြောသည်။

မန္တလေးမြို့တွင်လည်း မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်ဈေးမှာ ယမန်နှစ်က သိန်း ၂ဝ ကျပ်အထိ ပေါက်ဈေး ဖြစ်ခဲ့သည်။

အင်းယားကန်စောင်း သင်္ကြန်မဏ္ဍပ် တခု လွန်ခဲ့သော ၃နှစ်ခန့်က ပြိုကျကာ လူသေဆုံးမှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် ယခုအခါ သင်္ကြန်မဏ္ဍပ် ကြံ့ခိုင်မှုကို စည်ပင်သာယာ အင်ဂျင်နီယာ ဌာနမှ စစ်ဆေးမှုများ ရှိလာခဲ့သည်။

မြန်မာရိုးရာ လကြည့် ပြက္ခဒိန်အရ ယခုနှစ်သည် ၁၃၇ဝ ပြည့်နှစ်မှ ၁၃၇၁ ခုနှစ်သို့ ကူးပြောင်းမည့်အချိန် ဖြစ်သည်။ တန်ခူးလဆုတ် ၄ ရက်နေ့ (ဧပြီ ၁၃ ရက်) သည် အတာကူးသည့် သင်္ကြန် အကြိုနေ့ဖြစ်ပြီး တန်ခူး လဆုတ် ၇ ရက် (ဧပြီ ၁၆ ရက်) နေ့သည် အတက်နေ့ ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2698-2009-04-01-12-04-01.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */