နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ)။ ။ တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ တံတားတစင်း အောက်တွင် အသက် ၉ နှစ်အရွယ် မြန်မာ ကလေးတဦး အသတ်ခံရပြီး ၄င်း၏ ၉ လသားအရွယ် ညီဖြစ်သူမှာလည်း ပျောက်ဆုံးနေသည်။
သေဆုံးသူ မောင်မျိုးကိုကိုသည် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သော ကျဘမ်းလုပ်သား ဦးဝင်းဦး နှင့် ဒေါ်ပြုံးမေတို့၏ သားဖြစ်ပြီး မြန်မာနိုင်ငံ မူဆယ်နှင့် ကပ်လျက် တရုတ် နိုင်ငံ ရွှေလီမြို့ တံတားအောက်တွင် ဒဏ်ရာများဖြင့် သေဆုံနေသည်ကို မတ်လ ၂၇ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“ကျနော့်အိမ်နဲ့ သူ့အလောင်း တွေ့တဲ့နေရာက ကိုက် ၂ဝဝ လောက်ပဲ ဝေးတယ်။ ကလေးက ဂျိုစောင်းမှာ ဒဏ်ရာ ၂ ချက် အထုခံထား ရတယ်။ အလောင်းကိုတော့ တရုတ်ရဲဘက်က စစ်ဆေးဖို့ ယူသွားတယ်” ဟု ရွှေလီမြို့တွင် နေထိုင်သူ ဦးမြမောင်က မဇ္စျိမကို ပြောသည်။
ကလေးရုပ်အလောင်းမှာ လက် ၂ ဖက်ကို ကြိုးဖြင့် တုတ်နှောင်ခံထားရပြီး လည်ပင်း၌လည်း ကလေးပိုးစောင်ဖြင့် အချည်ခံထားရသည်။
အမှုနှင့် ပတ်သက်ပြီး မြန်မာလူကြီး ၃ ဦးနှင့် ကလေးငယ် ၈ ဦးကို တရုတ်ရဲက ရွှေလီမြို့ ကြယ်လင် ဆေးဖြတ် စခန်းတွင် ယမန်နေ့က ခေါ်ယူစစ်ဆေးခဲ့သည်။
“ဘယ်သူဆိုတာတော့ သေချာ မသိရသေးဘူး။ ဒါပေမဲ့ ခန့်မှန်းခြေအရ အနီးဆုံးတော့ ကျနော်တို့ သိထားတာက မြန်မာတွေ (လူမှောင်ခို ဂိုဏ်းတွေ) ပါဝင်ပတ်သက်နေတယ်” ဟု ဒေသကျွမ်းကျင်သူ ဦးမြမောင်က ပြောသည်။
လူမှောင်ခိုဂိုဏ်းများက မြန်မာကလေးများကို ခိုးယူကာ တရုတ် ဘက်သို့ ရောင်းချမှု မကြာခဏ ဖြစ်လေ့ရှိ ပြီး ခန့်မှန်းခြေအားဖြင့် ၃ နှစ်အတွင်း ကလေး ၂ဝ ကျော်ခန့်ကို တဦးလျှင် တရုတ်ယွမ် ၃ဝဝဝ (ကျပ် ၅ သိန်း) ခန့်နှင့် ရောင်းစားလေ့ရှိသည်။
ပြီးခဲ့သည့်လ ၁၄ ရက်နေ့ကလည်း မူဆယ် မြို့နေ ယာဉ်မောင်း တဦး ဖြစ်သူ ဦးအောင်ကျော်ဦး ၏ ၅ နှစ်သား အရွယ် ကလေးတဦး ပျောက်ဆုံး ခဲ့သေးသည်။
“ဒီလိုဖြစ်နေတာတွေကို ကြားနေရတာ ကြာပါပြီ။ ကလေးငယ်တွေကို ကာကွယ်မှုပေးဖို့က နှစ်နိုင်ငံ (တရုတ်၊ မြန်မာ) အစိုးရတွေပေါ် တာဝန်ရှိပါတယ်” ဟု ထိုင်းအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) HREIB ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောဆိုလိုက်သည်။
ကလေးများ ရောင်းစား ခံရခြင်း၏ အဓိက အကြောင်းရင်းမှာ မြန်မာလူထု၏ လူမှုစီးပွား အကျပ်အတည်း များကြောင့် အလုပ်အကိုင် အဆင်ပြေရာ အိမ်နီးချင်း နိုင်ငံ နယ်စပ်များသို့ မိဘများ ပြောင်းရွှေ့ အခြေချ ရာသို့ အတူ ရောက်ရှိနေရခြင်း ကြောင့် ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
source by : http://www.mizzimaburmese.com/news/regional/2700-2009-04-01-12-51-01.html
ရွှေလီတွင် မြန်မာကလေးတဦး သတ်ဖြတ်ခံရ၊ ညီငယ် ပျောက်ဆုံး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment